Wednesday, February 24, 2010
အခြေခံဥပဒေကိုပြောင်းလဲနိုင်မှဖြစ်မယ်
ဘဘဦးတင်ဦး မတရားထိန်းသိမ်းခြင်းခံထားရာမှ လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှ ဒီပဲရင်းအပေါ် ခွင့်လွှတ်ကြောင်း နအဖအပေါ် ပြောဆိုထားတဲ့အကြောင်း ပေါ်ပေါက်လာပြန်ပါတယ်.. ကျနော်ပြောခဲ့ဖူးပါတယ်.. ကျနော်တို့မှာ ပြည်တွင်းကခေါင်းဆောင်တွေရဲ့ လမ်းအတိုင်းတသွေမတိမ်း လိုက်ခဲ့ပါတယ်.. လိုက်ချင်ပါတယ်.. ဒါပေမယ့် ကျနော်တို့လုပ်နေရတာတွေက အခုလိုသိလိုက်ရတော့ အလကားဖြစ်ဖြစ်သွားပါတယ်.. ထားလိုက်ပါတော့.. ဘာတွေပြောဆိုထားတာတွေ ရှိအုံးမလဲမသိတော့.. လက်ရှိအခြေအနေအတိုင်းဆို အန်အယ်ဒီက ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် မားမားမတ်မတ်ရပ်လိုက်ပြီ.. ဦးသန်းရွှေကလည်း သူ့သားသမီးတွေ အပေါင်းအပါတွေ အဲလူတွေရဲ့မိသားစုတွေ လက်ထဲကို နိုင်ငံပိုင်တွေကို ပြည်သူပိုင်လွဲတယ်ဆိုပြီး အရပ်ဝတ်တွေကို အကုန်လုံးတရားဝင်လွဲနေပြီ.. သူတို့လိုချင်တဲ့ အခြေခံဥပဒေရှိပြီ.. သူတို့အတွက် တနိုင်လုံးက စီးပွားရေးတွေရထားပြီ.. တနည်းအားဖြင့် အုပ်ချုပ်ရေးမူနဲ့ စီးပွားရေးရထားပြီ.. အဲတော့ ၂၀၁၀ ဘာဖြစ်ဖြစ် သူတို့အတွက်ပဲ.. လွှတ်တော်ကို ငွေနဲ့ဝယ်ပြီ(ဒီသဘောကိုနားလည်မယ်ထင်ပါတယ်).. ဘယ်ပါတီတတ်တတ် ဘာမှမထူးတော့ဘူး.. အဲဒီမှာ အန်အယ်ဒီက ပြဿနာရှိပါတယ်.. ဦးသန်းရွှေက ငြိမ်နေပြီ.. တနည်းအားဖြင့် ငြိမ်ငြိမ်လေးနေနေပြီ.. အန်အယ်ဒီက တင်းခံနေသမျှ အန်အယ်ဒီနဲ့ ရွှေးကောက်ပွဲဝင်ချင်သူများအကြား ပြဿနာဖြစ်အောင်လုပ်မယ်.. ပြည်သူနဲ့ ပြန်တိုက်ပေးမယ့်အနေအထား.. နအဖ ဆင်းလည်း သူ့လူပဲ.. မဆင်းလည်း သူ့လူပဲ.. သူတို့က စင်ပေါ်က.. အတွေးနှစ်ခြမ်းဖြစ်နေတဲ့ ပြည်သူတွေက ခွာပြဲမယ်.. အန်အယ်ဒီရဲ့ ရပ်တည်ချက်အတိုင်း ထောက်ခံသူတွေပိုများရင်လည်း ၂၀၁၀ ပျက်ပြီး သူတို့က ဒီအတိုင်းဆက်သွားမယ်.. ရွှေးကောက်ပွဲဝင်ချင်သူတွေပိုများလည်း လုပ်ပေးလိုက်ရုံပဲ.. သူတို့က တရားဝင်ဖြစ်သွားမယ်.. စီးပွားရေးတွေ သူတို့လက်ထဲမှာရှိတယ်.. ဘယ်တတ်တဲ့အစိုးရကမှလာထိမရဘူး.. ကျနော်တို့ ဒီမိုကရေစီလိုချင်တာ ဒီမိုကရေစီနိုင်ငံတောဆိုတဲ့ စာတမ်းတပ်ချင်တာမဟုတ်ဘူး.. အဲဒီရဲ့ စံတွေလိုချင်တာ.. အဲဒီက စံတွေဖြစ်နိုင်မလားဆိုတာ စဉ်းစားကြည့်တာနဲ့ သိတဲ့ကိစ္စပါ.. ဥပမာ.. ဦးသန်းရွှေ ရဲ့ချမ်းသာမှုဟာ သံသယ ဆိုတာထက်ကို တိကျလွန်းတာမို့ သူ့နဲ့ သူ့မိသားစုပိုင်ဆိုင်မှုတွေကို ပြည်ထဲရေးက ထိန်းချုပ်စစ်ဆေးရမှာပါ.. ၁၀၀ရာခိုင်နှုန်း သူအဖမ်းခံရဖို့ရှိပါတယ်.. ဒါဟာ ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ပိုင်ခွင့်တွေပါ.. ဒီလိုမျိုးဖြစ်လာနိုင်မနိုင် တွေးကြည့်ရုံနဲ့ မရဘူးဆိုတာ သိနိုင်ပါတယ်.. ဒါဆိုရင် ဘယ်မလဲဒီမိုကရေစီ.. သူတို့မိသားစု အပေါင်းအပါသီးသန့်တော့ လုပ်ချင်တာလုပ်ဆိုတာမျိုး မဖြစ်နိုင်ပါဘူး.. အဲတော့ ဘယ်ဘက်ကစဉ်းစားစဉ်းစား ပြည်သူကောင်းစားဖို့ စစ်မှန်တဲ့ တရားဥပဒေမှန်မှန်ကန်ကန် စိုးမိုးတဲ့ နိုင်ငံတော်တည်ဆောက်ဖို့ဆိုတာဟာ အခြေခံဥပဒေမှာထဲက ပြဿနာရှိနေပါပြီ.. ဒါနဲ့တောင် အခြေခံဥပဒေနဲ့ပက်သက်တာတွေကို ကျော်ပြီး တရားခံဖြစ်ရမယ့် နောက်တတ်မယ့်အစိုးရနေရာအတွက် ပြိုင်ချင်ကြသူတွေကိုတော့ ကျော်သူပြောတဲ့ ပြိုင်မယ်ဆိုကတည်းက ရှုံးနေပြီဆိုတာ သတိထားဖို့လိုပါတယ်.. နိဂုံးချုပ်ပြောရရင်တော့ ဘာတွေဖြစ်ဖြစ် ရွှေဂုံတိုင်ကြေညာစာတမ်းကို ထောက်ခံတယ်.. အခြေခံဥပဒေကိုပြင်ရမယ်.. ဒါကိုမပြင်ပဲ အစိုးရတတ်လုပ်မယ့်အဖွဲ့အစည်းတိုင်းကိုလည်း ရှုံ့ချတယ်.. တိုင်းပြည်ရဲ့စီးပွားရေးကို ဦးသန်းရွှေ ကျောထောက်နောက်ခံရှိလို့ ရထားတဲ့ စီးပွားရေးသမားယောင်ယောင်ကောင် တေဇလိုလူမျိုး လက်ထဲကပြန်ယူရမယ်.. သူတို့ရသွားတယ်ဆိုရင် ဓမ္မာဓိဌာန်မကျဘူး။ သံဃာတွေကို သတ်၊ ထောင်ချ ၊ ပြည်သူတွေအပေါ်အနှစ်နှစ်အလလ ဘ၀တွေဖျက်ခဲ့တဲ့ သူတွေနောက်ဆုံးမှာ ချမ်းသာသုခနဲ့ ပြည့်စုံသွားမယ်ဆိုရင် ဘယ်လိုမှ ခွင့်လွှတ်လို့ရမှာမဟုတ်ဘူးဆိုတာ ကြိုတင်အသိပေးချင်ပါတယ်..
1 comments:
I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.
Myanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!
Post a Comment