လာရောက်လည်ပတ်ကြသော မိတ်ဆွေများအား ကြိုဆိုပါတယ်
ဦးသန်းရွှေနဲ့  သူ့ မိသားစုကို လုပ်ကြံကြရမည်..
တိုင်းပြည်ကို ဦးသန်းရွှေနှင့် သူ့ မိသားစု အပိုင်စီးထားသည်..
ဦးသန်းရွှေဟာ သူရဲ့  လုပ်ရပ်တွေ ပိုမိုပီပြင်လာသည့်အပြင် သား သုံးသား စီမံကိန်းသည်လည်း ပေါ်ပေါက်လာပါပြီ.. တပ်မတော်ရဲ့  ဥပဒေကို ချိုးဖောက်ပြီး အသက် ၆၀ ကျော်ပြီး သေခါနီးအထိ တပ်မတော်ကို ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲမပေးသေးခြင်း.. ပြည်သူ့ အာဏာကို ပြည်သူ့ လက်ထဲ မလွှဲပေးခြင်း.. မြန်မာနိုင်ငံသူနိုင်ငံသား အများအပြား ကိုးကွယ်လျှက်ရှိသော ဗုဒ္ဓဘာသာအား အမြစ်ပြတ်ချေမှုန်းခြင်း.. ပြည်သူများနှင့် တပ်မတော်ကြား ညှိနှိုင်းမရအောင် သွေးခွဲရန်တိုက်ပေးနေခြင်း များပြုလုပ်ခဲ့ပြီး ယနေ့  သူ၏ လုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်ရတော့မည့်အချိန်တွင် ကျန်ရှိနေသေးသည့် သက်တမ်းအတွက် အာဏာကိုဖက်ပြီး သေနိုင်ဖို့ အတွက် နောက်ထပ် ဇာတ်လမ်းတပုဒ်ကို ထပ်မံခင်းကျင်းလာနေပြီဖြစ်ပါသည်.. ထို့ ကြောင့် ဥပဒေအရ တရားဝင်စစ်မှန်မှုမရှိသော ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးအဖြေရှာမှုများသည် ကိုယ်ကိုတိုင် ဥပဒေကိုချိုးဖောက်ခြင်းဖြစ်သည်ဟု ယူဆပါသည်.. တပ်မတော်သားများ အနေဖြင့် နိုင်ငံရေးပြဿနာများကို မှားသည် မှန်သည် တွေးနေခြင်းထက် မိမိတို့ ရဲ့  တပ်မတော်၏ ဥပဒေကို ချိုးဖောက်ထားသူ အဖြစ်သေချာမြင်တတ်ပါက တပ်မတော်အပေါ် သစ္စာစောင့်သိခြင်း တပ်မတော်၏ အသက်ဖြစ်သည့် တပ်မတော်ဥပဒေများကို ကာကွယ်ခြင်းမည် ပါလိမ့်မည်...

Tuesday, January 12, 2010

သစ္စာရှိရှိပဲ စောင့်ကြပါ

၂၀၁၀ ရွေးကောက်ပွဲဆိုတာဟာ ဦးသန်းရွှေရဲ့ ရေရှည်စီမံကိန်းထဲက လမ်းခုလဒ်သာဖြစ်ပါတယ်။ ၁၉၉၆ ကာကွယ်ရေးယန္တယား(မြေအောက်လှိုင်ခေါင်းကိစ္စ)၊ ဒီပဲရင်း၊ ကျောင်းသားခေါင်းဆောင်တွေ လွှတ်ပေးတဲ့ကိစ္စ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်သည့်ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ခဲ့မှုတွေဟာ ဦးသန်းရွှေရဲ့ သူ့လမ်းစီမံကိန်းပေါ်ကို တွန်းတင်သွားတာတွေပါ။ ကျောင်းသားခေါင်းဆောင်တွေဟာ အကျဉ်းထောင်ထဲကနေ တောင်းပန်ခယ ထွက်လာတာမဟုတ်ပါဘူး။ ဘယ်တော့မှ ဒူးမထောက်ဘူးဆိုတဲ့ စိတ်နဲ့ထွက်လာတာပါ။ ဒီလိုလူတွေကို လွှတ်ပေးခဲ့တာကိုက ဇာတ်လမ်းပါ။ ပြီးတော့ လမ်းလျှောက်တာတွေလုပ်တော့ စွမ်းအားရှင်၊ ကြံ့ဖွတ် ဆိုတာတွေနဲ့တိုက်တယ်။ ဖမ်းလို့ကောင်းပြီဆိုမှ ဖမ်းပြီးနှစ်ရှည်ထောင်ဒဏ်တွေချခဲ့ပါတယ်။ တနည်းအားဖြင့် ကျောင်းသားခေါင်းဆောင်တွေကို အပြင်ထုတ်ပြီး နှစ်ရှည်ချပြီဆိုကတည်းက လူထုခေါင်းဆောင်အပေါ်မှာ အန္တရာယ်များနေပါပြီ။
ထင်တဲ့အတိုင်းပဲ ယက်တောကိစ္စဖြစ်လာပါတယ်။ ယက်တောလို အမေရိကန်လူမျိုးတဦးကို ဖမ်းဆီးလိုက်ကတည်းက အမေရိကန်အစိုးရပါလာဖို့ဆိုတာ သေချာနေပါတယ်။ ဒါနဲ့တောင် အမှုကိုကြီးအောင်လုပ်လိုက်တယ်။ ပြီးတော့ ယက်တောကိုပြန်လွှတ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တာကို အကြောင်းပြ နေအိမ်အကျယ်ချုပ်ပြန်ထားခဲ့တယ်။ မရှင်းခဲ့တာတွေ အများကြီးပါ။ မေးခွန်းတွေအများကြီးကျန်ခဲ့ပါတယ်။ ယက်တော ကိစ္စမတိုင်မှီထင်ပါတယ်။ တရုတ်မှာ အမေ၇ိကန်နဲ့ စစ်အုပ်စု တာဝန်ရှိသူတွေ တွေ့ကြတယ်ဆိုတာ(သိပ်မရှင်းပါ)။ အဲတာပြီးတော့ အမေရိကန်နဲ့ အသွားအပြန်တွေ ဖြစ်လာပါတယ်။ ဒီနေရာမှာ ရိုးသားမှုရှိဖို့လိုပါတယ်။ ၂၀၀၈ မှာ အခြေခံဥပဒေမူကြမ်းဆိုတာတွေလုပ်။ မဲတွေလုပ်။ ဦးသန်းရွှေ စိတ်ကြိုက်တွေ့အောင် ရေးထားတဲ့မူတွေနဲ့ ရေးဆွဲခဲ့တယ်။ အခု၂၀၁၀ ပါ။ ဖြစ်တာမဖြစ်တာတွေ ခဏမေ့ထားကြည့်ပါ။ ယနေ့အထိ မြန်မာနိုင်ငံရေးဆိုတာ ဦးသန်းရွှေ သမိုင်းလိုဖြစ်နေပါတယ်။ ရွှေဝါရောင်တော်လှန်ရေးတခုသာ မထင်မှတ်ပဲ သံဃာတော်များရဲ့ တော်လှန်မှုနဲ့ သံဃာအချင်းချင်း သွေးခွဲမှုကြောင့် ကံဆောင်မှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ဦးသန်းရွှေ ဘာလုပ်ရမှန်းမသိဖြစ် တကယ်ဖြစ်ခဲ့ရတာပါ။ အဲဒီအချိန်ကလည်း ဦးသန်းရွှေဟာ သူ့ဟာသူချော်လဲ ပြီး သူ့ဟာသူပဲပြန်ထလာနိုင်ခဲ့ပါတယ်။ ပြတ်ပြတ်သားသားအောင်မြင်မှု မရဖြစ်ခဲ့ရပါတယ်။ သံဃာတော်တွေ ကံဆောင် ထားတာ သတိမှရကြပါသေးရဲ့လား။ ကံဆောင်ထားတာဟာ မပျက်ဆီးသေးဘူးဆိုတာကိုရော မေ့နေကြပါပြီလား။ ဦးသန်းရွှေရဲ့ စက်တင်ဘာမှာ ပြုလုပ်ခဲ့တာတွေကို အမှန်တကယ် ၀န်ချမတောင်းပန်သရွှေ့ ကံဆောင်မှုမပျက်သေးဘူးဆိုတာ သတိရကြပါ။ ဒီတော့ နှစ်ရှည်လများ စီစဉ်လာခဲ့တဲ့ ဦးသန်းရွှေရဲ့ လုပ်ငန်းတွေက ၂၀၁၀ လုပ်ပြီး အန်အယ်ဒီအနိုင်ရမယ်ထင်ပါသလား။ တိုင်းရင်းသားတွေ အခွင့်အရေးတွေရကြမယ်ထင်ပါသလား။ ပြည်သူတွေလွတ်လပ်မှု ရကြမယ်ထင်ပါသလား။ ဦးသန်းရွှေဟာ ဒီလောက်ညံ့တဲ့သူမဟုတ်ဘူးဆိုတာပါပဲ။ သူ့မှာ ခိုင်းနိုင်တဲ့ ပါးစပ်ရှိသရွှေ့ စစ်မှန်တဲ့ ဒီမိုကရေစီမရနိုင်ဘူး။ ဒီနေ့ချစ်ပြလည်း နောက်နေ့စိတ်ကောက်ချင်ကောက်မယ့်လူမျိုးပါ။ အဲဒါ ဦးသန်းရွှေလို လူမျိုးပါ။ ဥပဒေဆိုတာ လိုက်နာမှ ဥပဒေဖြစ်နိုင်မှာပါ။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်မယ့် တပ်မတော်ဟာ မိမိ တပ်မတော်ရဲ့ ဥပဒေတွေကိုမှ မလေးစား မလိုက်နာ မကာကွယ် နိုင်ပဲနဲ့(ဦးသန်းရွှေအား အနားမပေးသေးခြင်း) တပ်မတော်ရဲ့ ဥပဒေကိုပဲ အနိုင်နိုင်သယ်ပိုးကြပါအုံးလို့ ပြောချင်ပါတယ်။ ၂၀၁၀ ဟာ ၀င်ပြိုင်ကြသည်ဖြစ်စေ မပြိုင်ကြသည်ဖြစ်စေ ၂၀၀၈ ဟာ ပြင်မရ ဖျက်မရနဲ့ အလိုလိုအသက်ဝင်လာအုံးမှာပါ။ ၂၀၀၈ ဥပဒေသစ်တွေလည်း ဦးသန်းရွှေအပါအ၀င် သူ့မိသားစု လိုက်နာကြမယ်လို့ထင်ပါသလား။ ရှင်းပါတယ် ဘာဥပဒေမှ လိုက်နာမှာမဟုတ်သူတွေပါ။ သူတို့တင်လားဆိုတော့ သူ့တို့နဲ့ဆက်စပ်သူတွေ၊ အဲဒီကတဆင့် ဒီဘူတာပဲ ပြန်ရောက်ရမှာပါ။ အဲလိုလုပ်လို့ ဘယ်ရဲက အပြစ်ပေးမလဲ။ ဘယ်တရားရုံးက အပြစ်ချမလဲ။ ဘယ်အစိုးရက ဘာပြောမလဲ။ ပြောလို့မရအောင်လည်း နေရာတွေဝင်ယူထားကြမယ်လေ။ ထားပါတော့ ဒီအကြောင်းတွေ။ ဒီနေ့ဒီအချိန်မှာ နိုင်ငံရေးသမားကြီးဆိုသူတွေက ကြောက်စရာအကောင်းဆုံးပါ။ စကားလုံးတွေသုံးပြီး နှစ်ဖက်နင်းမယ့်လူမျိုးတွေပါ။ အဲတော့ ဘာမှန်းမသိတဲ့ ဒီအခြေအနေကြီးမှာ ကိုယ့်ဟာကိုယ် သစ္စာရှိကြဖို့လိုသလို ကိုမင်းကိုနိုင်ရဲ့ အဖမ်းဆီးမခံရခင် သစ္စာဆိုသွားတာလေးအပေါ်မှာ သစ္စာရှိကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။

No comments: