Monday, August 17, 2009
သုံးသက်ချက်
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ထဲကို ၀င်ရောက်ခဲ့တဲ့ ယက်တောဟာ မေလ(၆) ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေလ(၁၄)ရက် နေ့မှာ အင်းစိန်အကျဉ်းထောင်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ထောင်(၃)နှစ် ကျခံနိုင်ဖွယ်ရာရှိတဲ့ စွဲချက်များဖြင့် တရားဆွဲဆိုခဲ့ကာ ၂၀၁၀ ရွေးကောက်ပွဲအတွက်လမ်းရှင်းလိုက်ပါတယ်။ မထင်မှတ်ပဲ ငြိမ်းအဖွဲ့တွေရဲ့ ရွေးကောက်ပွဲမ၀င်မှုတွေဖြစ်လာရာကစပြီး စစ်အုပ်စုအမှားကြီးမှားသွားပါတယ်။ ထိုအမှားအပေါ် တော်လှန်ရေးအင်အားစုတွေ အကွက်ကျကျ မထိုးနှက်နိုင်ခဲ့ပါဘူး။ ပြည်တွင်းအဖွဲ့စည်းကြီးမှလည်း ဘာမှမဆောင်ရွက်နိုင် (သို့မဟုတ် ကြိုသိနေသလိုလို) ခဲ့ပါဘူး။ စစ်အုပ်စုအနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ရှေ့ဆက်ဖို့ကြိုးစားရှာပေမယ့် မအောင်မြင်ဖြစ်ကာ နောက်ဆုံး ပိုနေမြဲကျားနေမြဲ ဇာတ်ကိုဆင်ခဲ့ပါတယ်။ စစ်အုပ်စုဟာ တချက်ခုတ် နှစ်ချက်ပြတ်အစီအစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်နဲ့ နေအိမ်အကျယ်ချုပ် ၁နှစ်ခွဲပြန်လည်ထားလိုက်ပါတယ်။ ဒါဟာ ဖိအားရော အမေရိကန်ကိုပါ တခါတည်း ချိုးနှိမ်ဖို့ကြိုးစားခဲ့တာပါ။ ယတ်တောကို ပြန်လွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အာရှ၊ ပစိဖိတ်ရေးရာကော်မတီ ဥက္ကဌ အဆင့်ကို ခေါ်ယူပြီး ဦးသန်းရွှေကိုယ်တိုင် ထွက်တွေ့ပေးခဲ့တာဟာ အမေရိကန်အတွက် သဘောထားရေးရာမှာ အတွင်းဖိအားဖြစ်စေပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို ဖွင့်ဟပြောဖို့ဆိုတာ ပြည်တွင်းရဲ့ နှစ်ဖက်အခြေအနေရဲ့နောက်ကွယ်က အခြေအနေတရပ်ရှိ နေလေရော့လားဆိုတဲ့ မေးခွန်းကြောင့် ရမ်းလုပ် ရမ်းပြောဖို့ဆိုတာ အခက်တွေ့နေတဲ့ တော်လှန်ရေးအင်အားစုနဲ့ အဖမ်းသာခံသွားရတယ် လူကြီးတွေနဲ့ ဦးသန်းရွှေတို့ကြားက ဇာတ်လမ်းတွေ ရှိလေသလော ဆိုတာတွေ၊ ဘာတွေစည်းဝါးရိုက်လို့  ဘာလိုဆက်ကြမယ်ဆိုတဲ့ ပွင့်လင်းမှုမရှိတဲ့ မြန်မာ့နိုင်ငံရေးကြားမှာ ဘာမှမလုပ်ရဲ ဘာမှမပြောရဲနဲ့ ဘယ်ပြည်သူက လူထုအုံကြွမှုဆိုတာမှာ ပါဝင်လာဖို့ ရှိမလဲ။ ဇာတ်လမ်းစလို့  ဇာတ်လမ်းဆုံး ဘယ်နေရာက ဇာတ်တိုက်ထားတာလဲ၊ တိုက်ဆိုင်လို့ပဲလား ဆိုတာ အခုထိမရှင်းလင်းသေးဘူး။ တွေ့ဆုံဆွေးနွေးရေးလမ်းတွေ ပြန်ဖြစ်နိုင်တယ်ဆိုတဲ့အချက်၊ နအဖ မကြာတော့ဘူးဆိုတဲ့အချက်၊ ဒီလိုပဲ လုပ်နေတာ ဘယ်လောက်ကြာနေပြီလဲဆိုတာတွေ အမျိုးမျိုးထင်ကြေးပေးနေကြတဲ့အထဲမှာ ကျနော်ကလည်း နည်းနည်းတော့ ထင်ကြေးပေးချင်ပါသေးတယ်။ ၁၉၉၆ ခုနှစ်ကစပြီး စတင်လာခဲ့တဲ့ မြေအောက်လှိုင်းခေါင်းကိစ္စ၊ နုကလီးယားကိစ္စတွေဟာ ဦးသန်းရွှေအာဏာ ခွဲယူမပေးရေးရဲ့ လုပ်ငန်းတွေပါ။ ဒီလိုအချိန်ကျခါမှ သူ့အာဏာ ဘယ်သူ့မှမပေးပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အခြေအနေမကောင်းခဲ့ဘူးဆိုရင်တောင် သူလုပ်မှာ ခံချမှာနဲ့ တွေ့ဆုံဆွေးနွေးရေးပါ။ သူ့အတွက်တော့ တွေ့ဆုံဆွေးနွေးရေးရဲ့ ဆွေးနွေးနိုင်မယ့်အချက် တော်တော်နည်းပါလိမ့်မယ်။ ဒီလိုပါပဲ သူနဲ့ဆွေးနွေးလို့အောင်မြင်မှုရလာမယ့် အချက်တွေထဲမှာ စစ်မှန်တဲ့ဒီမိုကရေစီကို တော့ရနိုင်မှာမဟုတ်ပါဘူး။ စစ်မှန်တဲ့ဒီမိုကရေစီသာရရင်လည်း သူ့အတွက်နဲ့ သူ့ နောက်လိုက်တွေအတွက်တော့ လွယ်လွယ်နဲ့ဖြတ်သန်းဖို့ဆိုတာ မဖြစ်နိုင်လို့ ပါပဲ။ ဒါပေမယ့် ကျနော်တို့နိုင်ငံရေးဟာလည်း မထင်တာတွေကဖြစ်ဖြစ်နေတော့ မပြောချင်ပေမယ့် ပြောရအုံးမယ့်စကား၊ ထပ်ပြီးစောင့်ကြည့်နေရအုံးမှာပါပဲ၊ တခုတော့ ရှိတာပေါ့ နောက် ၅ လအတွင်း သတင်းထူးတွေ ပေါ်လာအုံးမှာပါ။ လိုက်မှီအောင်သာ သုံးသက်ကြတာပေါ့ဗျာ...
အပြည့်အစုံ...သို့.....
Wednesday, May 27, 2009
Monday, May 25, 2009
၂၀၁၀
မြန်မာနိုင်ငံရဲ့  ပြဿနာတွေဟာ စစ်အုပ်စုမြင်တဲ့ အာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေးသမားတွေမြင်တဲ့ အပေးအယူဆွေးနွေးတဲ့ နိုင်ငံရေးနဲ့  သာမန်လူထုရဲ့  နေစဉ်ဘ၀အခက်အခဲပြဿနာအရေး ဆိုပြီး ဖြစ်ပျက်နေပါတယ်.. အာဏာရှင် ဦးသန်းရွှေအနေနဲ့  ဦးနေ၀င်း အာဏာဆက်ခံယူချိန်မတိုင်မှီကတည်းက အလှည့်ကျ ကိုယ်ကျိုးရှာဖို့  အသင့်ဖြစ်နေတယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်သလို လက်ရှိလည်း အလှည့်ကျ တန်းစီနေတဲ့ စစ်ဗိုလ်ချုပ်တွေ အများကြီှးရှိနေပါတယ်.. ဒါတွေရဲ့  နိဂုံးဟာ စစ်အာဏာရှင်တွေ ဘ၀ဘာဖြစ်သွားတယ်ဆိုတာ ဦးသန်းရွှေ တွေးမိပြီးသားဖြစ်မှာပါ.. ဦးသန်းရွှေအတွက် ဒေါ်အောင်ဆန်းစုကြည်ရော အန်အယ်ဒီပါ ဂရုစိုက်စရာမရှိပါဘူး.. တကယ်ပါ.. ဂရုစိုက်လိမ့်မယ်မထင်ပါနဲ့ .. ပြည်ပနိုင်ငံတွေကိုလည်း ဂရုစိုက်မှာမဟုတ်ပါ.. ယနေ့ အခြေအနေမှာ နိုင်ငံတကာက ဖိအားပေးနိုင်ပေမယ့် ဖိအားလျော့အောင် အကွက်ပြောင်းဖို့ ဆိုတာ ပါးစပ်နဲ့ တင်ပြီးတဲ့ ကိစ္စပါ.. သူကြောက်တာ သူ့ လူတွေပါ.. တန်းစီနေတဲ့ သူတွေကိုပါ.. အကြောင်းသိတော့ ပိုကြောက်ပါတယ်.. သူမှာ နိုင်ငံပိုင်ပစ္စည်းတွေ အပိုင်သိမ်းထားပါတယ်.. သူ့ တမိသားစုလုံးက သုံးဖြုံးပြနေသလို ဆက်လက်လည်း သုံးဖြုံးပြနေအုံးမှာပါ..
၂၀၁၀ ရွေးကောက်ပွဲတကယ်ဖြစ်ရောလား? ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ရင် သူဘာဖြစ်မလဲ.. သူ့ မိသားစုဘာဖြစ်မလဲ.. မကြာခင်မှာ အလှည့်ကျ စစ်ဗိုလ်ချူပ်တွေဖြစ်လာမယ့် သူတွေကရော သူ့ နဲ့  သူ့ မိသားစု ကြမ္မာကို ဘယ်လိုဖန်တီးပစ်မှာလဲ.. ဒေါ်ကြိုင်ကြိုင် သိပ်ကြောက်နေပါတယ်.. ဦးသန်းရွှေဟာ တချိန်လုံး သူ့ မယား. သူ့ သားသမီး. သူ့ မြေးတွေ ကောင်းစားရေးအတွက် တိုင်းပြည်ကို လက်ညိုးထိုးရောင်းပြသူပါ.. ဒါတွေအတွက် ဘာမဆိုမလုပ်ဘူးဆိုတာမရှိပါဘူး.. ဒါပေမယ့် မလွန်ဆန်နိုင်တာ ဇရာပါ.. သူ အကွက်မပြောင်းရင် သူတို့ ဘ၀ဂျောင်းရတော့မှာပါ.. ဒါကြောင့် သူ တခုခုလုပ်ရတော့မှာပါ.. သူ နဲ့  သူ့ မိသားစုဟာ ဦးနေ၀င်းလမ်း မရောက်ဖို့ ဘာလုပ်မလဲ? ကမ္ဘာက ပေးထားတဲ့ နိုဘယ်ဆုရထားတဲ့ လူထုခေါင်းဆောင်ကိုဖမ်းပြတယ်ဗျာ.. နိုဘယ်ဆုရထားတဲ့ လူထုခေါင်းဆောင်ကိုဖမ်းတော့ ကမ္ဘာက ဖိအားတွေပြင်းလာတာ ဆန်းသလားဗျာ.. သာမန်စဉ်းစားယုံနဲ့ ရပါတယ်.. ဖမ်းချင်တော့ရော ဒီလောက် သိပ်အလုပ်ရှုပ်ခံရလားဗျာ.. ဘာကြောင့်ဒီလိုတွေဖြစ်လာတာလဲ.. ဦးသန်းရွှေရဲ့  လုပ်ကြံမှုလား.. ဦးသန်းရွှေရဲ့  နိုင်ငံရေးကစားတာလား.. သူတယောက်ထဲ ကစားတာလား.. ဘယ်သူတွေပါနေလဲ.. ကျနော်တို့ ကတော့ ဘယ်သိမလဲ.. ကာယကံရှင်မှ မဟုတ်တာ..
ဒါဖြင့် အပေးအယူပါတီနိုင်ငံရေးကရော.. ဘာတွေဆွေးနွေးကြမလဲ.. ဘာတွေပေးလို့  ဘာတွေယူကြမလဲ.. ဒေါ်အောင်ဆန်းစုကြည် နဲ့  နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာမယ်.. ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  အန်အယ်ဒီ ပါတီဝင်ပါလာမယ်.. အန်အယ်ဒီအနိုင်ရမယ်.. ဒီလိုဖြစ်မယ်လာဖို့  ဦးသန်းရွှေနဲ့  အပေးအယူလုပ်ရမယ်ဆိုရင်ရော သူတို့ မိသားစုတွေကို ကမ္ဘာကအသိအမှတ်ပြုတဲ့ အခြေခံဥပဒေတွေနဲ့  ကာကွယ်ပေးလိုက်မှာလား.. သူတို့ ရထားတဲ့ နိုင်ငံပိုင်ငွေတွေ ပြန်သိမ်းခွင့်ရော ရှိတော့မှာလား.. ရှိမယ်ဆိုရင်ရော ဦးသန်းရွှေ ဒီလိုလုပ်ပါတော့မလား.. စဉ်းစားလေ ခေါင်းရှုပ်ရမယ့် နိုင်ငံရေးပါ.. ဘန်ကီမွန်းကရော ဘာတွေ စေ့စပ်ပေးလိုက်မှာလည်း ဆိုတာလည်း စဉ်းစားရမှာပါ.. တချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုမလုပ်၇ဲပါဘူး.. လုပ်ရင်ပဲ မိုးပြိုတော့မလိုလို ပြောသူတွေလည်း အသံဝင်နေကြတယ်ထင်ပါတယ်.. ဘာတွေဘယ်လိုလိုတွေးတွေး ကိုယ်ကျိုးကောင်းစားရေးပဲ လုပ်နေတဲ့ ဦးသန်းရွှေ ကိုလှုပ်မှ လှုပ်လာမယ့် နိုင်ငံရေးပါ.. ဒီလူကို ဗိုလ်ချုပ်မှူးကြီး ရာထူးအနေနဲ့  ဆက်ဆံနေတာကိုကလည်း တပ်မတော်အပေါ်သစ္စာဖောက်သလိုပါပဲ.. တပ်မတော်အပေါ်သစ္စာဖောက်တာ ဗိုလ်ချုပ်အောင်ဆန်းအပေါ်သစ္စာဖောက်သလိုပါပဲ.. တပ်မတော်ဆိုတဲ့ နေရာမှာလည်း ပြည်သူနဲ့  နိုင်ငံအကျိုး အမှန်တကယ်ကြည့်မှပဲ တပ်မတော်အမည်ခံလို့ ရမှာပါ.. ပြည်သူနဲ့  နိုင်ငံပိုင်ပစ္စည်း ဦးသန်းရွှေ သိမ်းနေတာမှ မပြောရဲမဆိုရဲမှတော့ သေနတ်ကိုင်ပြီး ဘာလုပ်မှာလဲ.. ပြည်သူနဲ့  နိုင်ငံပိုင်ပစ္စည်းဆိုတာ တဖြည်းဖြည်းနဲ့  လုံးပါးပါးသွားပါပြီ.. တနေ့ နေ့  ၈၈၈၈လေးလုံး လူထုတော်လှန်ရေးကြီးမျိုးထက်ပိုပြီးများပါးတဲ့ လူထုကြီးလမ်းမပေါ်ထွက်လာရင် ဒီ ဦးသန်းရွှေမိသားစုကောင်းစားရေးအတွက် တခုတည်းနဲ့  ပြည်သူလူထုတွေ တပ်မတော်သားတွေ အသက်ဆုံးရှုံးမှုတွေဖြစ်လာရအုံးမယ်.. ဦးသန်းရွှေကတော့ မြို့ တောင်ထပ်ပြောင်းရင်ပြောင်းနေလိုက်အုံးမှာပါ.. ဗိုလ်ချုပ်တွေအနေနဲ့  ဦးသန်းရွှေရဲ့  လူတွေထပ်မံအပြောင်းအလဲတွေလုပ်လာရင် ဟိုနေရာပို့  ဒီနေရာပို့ နဲ့  နေရာမရဖြစ်ရအုံးမယ်.. ဒီလိုတွေဖြစ်နေတာ အခုမှမဟုတ်ပေမယ့် ထပ်ပြီးဖြစ်မလာခင် ဦးသန်းရွှေကို တခုခုတော့ လုပ်ထားဖို့ လိုပါတယ်.. မလုပ်ထားရင်တော့ ဒါတွေဖြစ်လာမှာ ဆန်းမှာမဟုတ်ပါဘူး.. ၂၀၁၀ အပြီး ဦးသန်းရွှေနဲ့  မိသားစုက ဘယ်ဗိုလ်၊ချုပ် ကိုမှ ငဲ့မှာမဟုတ်ပဲ နိုင်ငံပိုင်ပစ္စည်းနဲ့ ကိုယ်လွှတ်ရုံးတော့မှာမို့  ကျန်တဲ့ စစ်ဗိုလ်တွေကတော့ တပ်ကထွက်ပြီး သီးပင်စိုက်စားတာကမှ ပိုပြီးငြိမ်းချမ်းမှာဖြစ်တယ်လို့  မြင်မိပါတယ်..
အပြည့်အစုံ...သို့.....
Tuesday, November 25, 2008
၈၈ ကို ပြန်ခေါ်ပါ
ကျောင်းသားခေါင်းဆောင်တွေ လူငယ်လှုပ်ရှားသူတွေ အကုန်လုံးနှစ်ရှည်ထောင်ဒဏ်တွေချမှတ် လိုက်ကြတယ်ဆိုတာ အာဏာရှင်လက်အောက်မှာတော့ သိပ်ထူးဆန်းတာတော့မဟုတ်ပါဘူး။ ဒီနေ့ နိုင်ငံရေး (သို့ ) အာဏာရှင်လက်အောက် အရှူပ်အထွေးမှာ တော်လှန်နည်းတွေ ပုန်ကန်နည်းတွေလည်း စုံခဲ့ပါပြီ.. နည်းပေါင်းစုံဖြစ်မလာခဲ့ပေမယ့် အသံပေါင်းစုံခဲ့ပါပြီ.. အခုကျနော်ပြောချင်တာကို စိတ်ဆိုးမလားတော့မသိဘူး.. ဘယ်လောက်ငြိမ်းချမ်းတဲ့ လူထုတော်လှန်းရေးမှ မရတော့ပါ. ဘယ်စစ်တပ်ကိုမှ မစည်းရုံးပါနဲ့  မရပါ.. ရနိုင်တယ်ဆိုရင်လည်း မယုံပါ.. လူထုလှုပ်ရင် ပစ်မှာပါ.. ပြောချင်ပြောလိမ့်မယ် ပြည်သူသန်းပေါင်းများစွာကို ပစ်နိုင်မလားလို့ . သေချာတယ် အဲဒီအဆင့်ကိုမရောက်နိုင်ပါဘူး. လူထောင်နဲ့ ချီတဲ့လူတွေထောင်ချနိုင်ဖို့  ဘယ်လိုရာဇ၀တ်အကျဉ်းသား မဆိုလွှတ်ပေးလိုက်မှာပါ.. စစ်တပ်ပါလာဖို့ လည်း မလွယ်တော့ပါ.. အဓိကအားပြိုင်တာ ဒုဗိုလ်ချုပ်မှူးတွေ ဖြစ်ကုန်ပါပြီ.. နောက်လာမယ့် ဗိုလ်တွေအရသာခံနိုင်ဖို့ လဲ ရှေ့ လူတွေကို အရပ်ဖက်ပို့ နေပါပြီ.. စစ်တပ်ရဲ့  တပ်ဖွဲ့ စည်းပုံက အရမ်းချီးကျူးစရာတောင် ကောင်းနေပါတယ်.. လူထုပါဖို့ ဆိုတာ တော်လှန်ရေးရဲ့  အခြေခံမို့  ငြင်းမရပါဘူး.. ဒါပေမယ့် လူထုက ရွှေတိဂုံ ဆူးလေ ပတ်ပြီးလမ်းလျှောက်နေလို့ တော့ ဒီအခြေအနေမှာ မရတော့ပါဘူး.. စစ်တပ်ရိုးကို ဖြိုပစ်မှ နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်တော့မှာမို့  လက်နက်နဲ့  ပြည်သူ ရောပြွန်းပါမှ ထိန်းချုပ်ရေးကို ဖြိုဖျက်လို့ ရလိမ့်မယ်ထင်ပါတယ်.. ပြည်သူတွေ လက်နက်ကိုင်တိုက်ဖို့ ကို ဆိုလိုတာမဟုတ်ပါ.. ပြည်သူလှုပ်ရှားမှုမှာ စစိရေးတွေရောပြွန်းဖို့ ပါ.. ကမ္ဘာကို ငြိမ်းချမ်းရေးအလှပြရုံနဲ့  မရတော့ပါဘူး.. ဘယ်နိုင်ငံအစိုးရကမဆို နိုင်ငံရေးအမြင်နဲ့ ပဲ ကြည့်တာမို့ လို့  ကိုယ်မသာရင် ဂရုစိုက်မှာမဟုတ်ပါဘူး.. အမေရိကမှ ပုဂ္ဂိုလ်တချို့ုလည်း နောက်နောင်တိုင်းခန်းလှည့်လည်ရင် ကြီးကြီးကျယ်ကျယ်မပြောပါနဲ့  ကျောင်းသားတွေကို နှစ်ရှည်ထောင်ချတာရဲ့  ရှေ့ ပြေးဟာ လူထုခေါင်းဆောင်အပေါ်မှာ ဘာလုပ်လာနိုင်မလဲဆိုတာတော့ ခဏလောက်ဖြစ်ဖြစ်တွေးတောကြဖို့  ပြောလိုက်ပရစေ.. ကိုသင့်ပါ။။
အပြည့်အစုံ...သို့.....
Friday, March 14, 2008
အန်အယ်ဒီသို့ 
ယခု အချိန်အခါတွင် အန်အယ်ဒီအနေဖြင့် ပြတ်သားသည့် ဆုံးဖြတ်ချက်ချရန် လိုအပ်နေပါပြီ... ၁/၉၀ အပိုဒ် ၁၂ ကြေညာချက်အရ လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ရေးဆွဲရမည်ဟု သိရှိထားပါတယ်.. မရေးဆွဲရင် အပြစ်ပေးနိုင် မပေးနိုင်တော့ မသိပါ.. အပြစ်ပေးနိုင်ရင်တော့ လွှတ်တော်အမတ်တွေ ထောင်ထဲရောက်အုံးမှာပဲ..အန်အယ်ဒီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားပြသလို အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ အန်အယ်ဒီနဲ့  နအဖ မဟုတ်တာတော့ သတိထားမိဟန်မရှိဘူးထင်ပါတယ်.. ဒီရွေးကောက်ပွဲမှာ အန်အယ်ဒီ ပါဝင်ရခဲ့လို့ ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေပါဝင်ခွင့်ရခဲ့လို့  ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရခဲ့ လို့  ၊ အန်အယ်ဒီ ၁၀၀ ရာခိုင်နှုန်းနဲ့  အပြတ်နိုင်ခဲ့မယ်ဆိုရင်တောင် လက်ခံနိုင်ဖွယ်မရှိတဲ့ ဥပဒေတွေဖြစ်ပါတယ်။ အခြေခံဥပဒေဆိုတာ တိုင်းပြည်ကို အဖက်ဖက်က ကြည့်ပြီးရေးထားတဲ့ ဥပဒေတွေ ဖြစ်ရပါမယ်.. နိုင်ငံရေးအာဏာ တခုထဲကြည့်ပြီး ရေးထားတဲ့ ဥပဒေတွေ မဖြစ်ရပါဘူး.. ယခုအခြေအနေတွေဟာ နိုင်ငံရေးပြဿနာ အဆင့်က ကျော်လွန်လာပြီး စာရိတ္တပိုင်း ပြဿနာတွေ ဖြစ်လာပါပြီ.. လူအများမှာလည်း သူများထက်ပိုကောင်းစားရေးဆိုတဲ့ အမြင်တွေဖြစ်လာသလို ကိုယ်ချမ်းသာရေးနောက်လိုက်နေကြပါပြီ.. အခြေခံဥပဒေမှာသာ နိုင်ငံအုပ်ချုပ်သူတွေ အစိုးရလစာကလွှဲလို့  လာဘ်စားမှုတွေရှိရင် သေဒဏ်ပေးမယ်လို့  စစ်အစိုးရအပါအ၀င် လွှတ်တော်အမတ်များလည်း ထည့်ရဲမယ်မထင်ပါဘူး.. ဒီအချိန်မှာ အန်အယ်ဒီအနေဖြင့် တခုထဲပဲ တောင်းဆိုသင့်ပါတယ်.. အခြေခံဥပဒေကို လွှတ်တော်အမတ်တွေနဲ့  ပြန်လည်ပြင်ဆင်ခွင့်ရရေးပါ.. ဒီအချက်ကိုလိုက်မနာရင် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တခုပဲ ရှိတော့ပါတယ်.. ဒီလိုမှ မဟုတ်ပဲ ဟိုလူမပါလို့  မထောက်ခံတာနဲ့  ဒီပါတီ မပါလို့  မထောက်ခံတာနဲ့ ဆိုရင် ဟိုလူရော ဒီပါတီရော ပါခွင့်ပေးမယ်လို့  နအဖ ထကြေညာလိုက်ရင် ပြည်သူတွေ နေ့ စဉ်ကြုံတွေ့ ခံစားရမယ့် ဒီဥပဒေတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးထောက်ပြပြီး ရွေးကောက်ပွဲ မ၀င်လိုက်ပါနဲ့ လို့  တောင်းဆိုချင်ပါတယ်.. အန်အယ်ဒီရဲ့  ဆုံးဖြတ်ချက်ကို ကျော်လုပ်ဖို ့ ခက်နေသူ ပြည်ပမှာ အများကြီးဖြစ်နေကြလို့ ပါ..
အပြည့်အစုံ...သို့.....
Wednesday, March 12, 2008
SPDC အား မတရားအသင်း ကြေညာမည်
လူကြီးမင်းများခင်ဗျာ။
ကျွန်တော်တို့ နိုင်ငံ၏ အခြေအနေများကို လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါလိမ့်မည်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တရားဝင်အစိုးရဖြစ်ရမည့် အန်အယ်ဒီပါတီအား အာဏာအပ်နှင်းခြင်းမပြုပဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဆိုသော အဖွဲ့ မှ အာဏာအရပ်ရပ်ကို အကြမ်းဖက် သိမ်းပိုက်ခဲ့သည်မှာ ယနေ့ ထိတိုင်ဖြစ်ပါသည်။ အာဏာကို ပြည်သူ့ လက်သို့  ပြန်လည်မအပ်နှင်းသည့်အပြင် ဒီပဲယင်း နိုင်ငံတော်အကြမ်းဖက်သတ်ဖြတ်မှုများ၊ ဗုဒ္ဓဘာသာကို အမြစ်ပြုတ်ခြေမှုန်းမှုများ အပါအ၀င် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင် များပါမကျန်အောင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့ပါသည်။ ထိုသို့  ကျူးလွန်ရုံမက ပဲ ယခုတဖန် အာဏာအဓွန့် ရှည်ရေးအတွက် မည့်သို့ မျှလက်ခံနိုင်ဖွယ်မရှိသည့် ဥပဒေများကို အတည်ပြုရန် ကြိုးပမ်းလာပါသည်။ မည်သည့်ဥပဒေမှန်း မသိရပဲ၊ ငြင်းပယ်ပိုင်ခွင့်လည်းမရှိပဲ၊ မဲအရေအတွက် ရာခိုင်နှုန်း မည်မျှရမှ နိုင်မည်မသိပဲ မိမိတို့ အာဏာတည်မြဲရေး၊ ကိုယ်ကျိုးရှာ ကောင်းစားရေးကိုသာ ဦးတည်နေသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးတိုးတတ်ရေးကောင်စီ အား မတရားအသင်းကြေညာရုံမှ လွဲ၍ မိမိတို့ ရွေးချယ်ဖို့  လမ်းမရှိတော့ပါသဖြင့် တမ္ဘာလုံးရှိ အဖွဲ့ အစည်းပေါင်းစုံမှ စုပေါင်း၍ နအဖကောင်စီ အား ဆန္ဒခံယူပွဲမတိုင်မှီ မတရားအသင်းကြေညာမည်ဖြစ်ပါသဖြင့် လူကြီးမင်းများ အဖွဲ့ အစည်းမှ လက်ခံနိုင်ပါက အကြောင်းပြန်စာပေးပို့ ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သို့ မှသာလျှင် နအဖ ၏ ဆန္ဒခံယူပွဲအား တုန့် ပြန်နိုင်လိမ့်မည်ဖြစ်ပါသည်။
ဆက်သွယ်ပေးပို့ ရန်
ko.think@gmail.com
moehtetnay@gmail.com
ksngyjpn@gmail.com
အပြည့်အစုံ...သို့.....
Tuesday, December 25, 2007
စစ်သေနာပတိ ပြောတဲ့ ဒီမိုကရေစီ
အထူးသဖြင့်-ကျနော်တို့ တိုင်းပြည်မှာ ဒီလိုဝါဒမျိုးလုံးဝ မရှိနိုင်အောင်လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်းမုန်းတီးရေးဝါဒ- ဂျပန်ပြည်မှာလို-စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဘက်အာဏာရှင်စံနစ် သက်ဦးဆံပိုင် ရှင်ဘုရင် စံနစ်ဝါဒ-အဲဒီ ၀ါဒမျိုး အငယ်စား ဖြစ်တဲ့-ပဒေသရာဇ် မြို့ စား ရွာစားဝါဒ၊ အထက်ကသာခန့် ထားပြီး တိုင်းသူ ပြည်သား ဆန္ဒ အရမဟုတ်ဘဲ၊ တိုင်းသူပြည်သားတွေနှင့် ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့စံနစ် ဆိုးမျိုးရှိနေမယ်ဆိုရင် အများပြည်သူတို့ ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီ ၀ါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ အဲဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟယ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ကျနော်တို့  ဗမာပြည်က လူတွေဟာလဲ နစ်နာမယ်။ ကျနော်တို့ ပြည်ကိုလဲ ကမ္ဘာကကြည့်နေလို့  မရတဲ့တနေ့ ဂျပန်နှင့် ဂျာမနီ ၀ိုင်းအနှိမ်ခံရသလို အနှိမ်ခံရမယ် ဆိုဒါကို သတိချပ်ကြရမယ်။ ဒီမိုကရေစီ ၀ါဒသာ လွတ်လပ်ရေးနှင့် ဆီလျှော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးမယ်။ ဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့  ရည်ရွယ်ရမယ်။ ဒါဖြင့် ဒီဝါဒဟာ ဘာလဲ ဆိုတာကိုလဲ ရှင်းပြချင်သေးတယ်။ကျနော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတဦးထဲက ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲနှင့် အဖွဲ့ နှင့် ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ အဖွဲ့ ရဲ့  ဆန္ဒမဟုတ်ဘဲ၊ ငါ့ဆန္ဒ ငါ့သဘောလုပ်တဲ့ ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲ အဖွဲ့ ရဲ့  ဆန္ဒကိုယူပြီး၊ အဖွဲ့ ရဲ့  အုပ်ချုပ်မှုအောက်မှာရှိတဲ့  ခေါင်းဆောင်မှုမျိုးဖြစ်ရမယ်။ လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက် မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာကို ကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လဲ၊ တခြားလူမျိုးများကို မုန်းတီးခြင်း အထင်သေးခြင်းမဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည် အချင်းချင်း သင့်မြတ်စွာ တဦးအကျိုးတဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေး တရားမျိုးလည်း ဖြစ်ရမယ်။ ဂျပန်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး၊ တိုင်းပြည်လွှတ်တော်က ဘာမှ အစိုးမရတဲ့ စစ်အာဏာရှင် ၀ါဒမျိုးမရှိရအောင်၊ စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့် ရှိရမယ်။ နောက် လွတ်လပ်စွာဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်၊ စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာတွေးတောခွင့်၊ ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့် မညီသော အဖမ်းအဆီးအချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့် ၊ ကိုယ့်အိမ်ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောက်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်းပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ကင်းချမ်းသားခွင့်၊ အလုပ်သမား လယ်သမားများ၏ အနည်းဆုံး အခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ လူနည်းစု တိုင်းရင်းသားများ၏ အနည်းဆုံး အခွင့်အရေးကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသား လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှု အတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာ နာစာ အထိအခိုက် လျှော်ကြေးရံပုံငွေ အစရှိသည်တို့ ကို အစိုးရကထားပြီး၊ အိုမင်း၍၄င်း၊ နာဖျား၍၄င်း၊ ထိခိုက်နာကျင်၍၄င်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍ သော်၎င်း၊ အသက်မွေးဝမ်းကြောင်းမပြုစွမ်းနိုင်သူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့် ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလဲရှိရမယ်၊
အထက်ပါ အချက်တွေဟာ ဒီမိုကရေစီဝါဒတွေရဲ့  အခြေခံတွေဘဲလို့  ယူဆတယ်။ ဒီလို အခြေခံတရားတွေကို ရည်ရွယ်ရင်းရှိတဲံ အဖွဲ့ အစည်းဟာလဲ ဒီတရားတွေနှင့် ညီတဲ့ အများဆန္ဒအရ ရွေးကောက်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ဆောင်ရွက်လုပ်ကိုင်ခြင်း စတဲ့ နည်းစံနစ်မျိုးသာ သုံးရပေလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်း(စစ်သေနာပတိ).. မိန့် ခွန်းကောက်နုတ်ထားသည်။
အပြည့်အစုံ...သို့.....
Saturday, December 15, 2007
ဆွေးနွေးသင့်လို့ လား
အဖမ်းခံရသူတွေလည်း အဖမ်းခံရတယ်.. ပြည်ပထွက်ပြေးသူပြေး ပြည်တွင်းမှာပဲ လည်နေသူတွေလည်း လည်နေကြတယ်.. သေသူတွေလည်း သေကြပြီ.. အဲ.. ဘယ်ရောက်လို့ ရောက်နေမှန်း မသိလို့  ငိုကြနေကြရတဲ့ မိဘတွေလည်း ဒုနဲ့ ဒေးပဲ.. ဗုဒ္ဓံ ဓမ္မံ သံဃံ ကို ပူဇေမိ လိုက်ရင်ပဲ သေနတ်နဲ့  အပစ်ခံရမည့်ကိန်း ဖြစိသွားတယ်.. အဲ ထူးခြားတာကတော့ လင်တော်မောင်တွေ ရှေ့ တန်းသွားရင် ဘုရားခန်းသွားပြီး နေ့ စဉ်ဘုရားဝတ်ပြုကြရတဲ့ တပ်မိသားစုကြီးကတော့ ယနေ့  ဦးသန်းရွှေ ပုံကိုများ ၀တ်ပြုနေကြရမလား တော့ မပြောတတ်ဘူး.. အမိန့် ပေးရင် ပစ်မှာပဲ ဆိုတဲ့ စစ်တပ်နဲ့  ငါ့မိသားစု စီးပွားရေးကို ထိရင် ဗုဒ္ဓကိုလည်း အလွှတ်မပေးတဲ့  ဦးသန်းရွှေ နဲ့ တော့ လိုက်ဖက်ညီနေသလားပဲ.. ၁၀ တန်းအောင်လို့  ဒီအက်အေ လျှောက် ပညာတတ်လွန်လွန်းလို့  ဆိုတဲ့ သူတွေကလည်း လေသံတောင် မဟရဲတဲ့ အခြေအနေမှာ ကြေညာချက် မျိုးစုံတွေလည်းကလည်းထွက်ဆိုတော့ စောင့်ကြည့်ရမည့် နိုင်ငံရေးလို့ ပဲ သုံးသပ်သူတွေကလည်းရှိသေးတယ်.. ၁၉၃၃ ဖေဖော်ဝါရီ ၂ ရက်နေ့ ကို ဒေ၀ဒဏ် ပြန်လည်မွေးဖွားတဲ့ နေ့ လို့  သတ်မှတ်ကြရအောင်.. ဦးသန်းရွှေ ကလည်း လူ့ လောကရောက်လာခဲ့တာကိုး.. ဗေဒင် တွက်ချက်တတ်သူများ တွက်ကြည့်ကြပါအုံး.. ဒီဒေ၀ဒတ်ကတော့ သေနတ်ကိုင်တယ်ဆိုတော့ ထူးခြားတာတော့ အမှန်ပဲ။၁၉၆၀။ ၆၂။ ၇၂။ ၇၈။ ၈၃။ ၈၅။ ၈၆။ ၉၂ အဆင့်ဆင့် ရာထူးနဲ့  တတ်လာပြီး တိုင်းပြည်လည်း မြောင်းထဲရောက်ခဲ့ရတော့တာပါပဲ.. ဖတ်ဖူးတဲ့ စာအုပ်တအုပ်ထဲက အဆိုကို ပြန်ကောက်ကြည့်ရအောင်..
အာဏာရှင် ဟုသတ်မှတ်နိုင်မလား..
၁။ နိုင်ငံ၏ အခြေခံဥပဒေကို မိမိသဘောနဲ့  မိမိပြင်ဆင်ဖြည့်စွက်နိုင်ခြင်းနှင့် ဖျက်သိမ်းနိုင်ခြင်း
၂။ မိမိသဘောနှင့်မိမိ စစ်ကြေညာနိုင်ခြင်း
၃။ အစိုးရနေရာများနှင့် အရပ်ဖက်နေရာများသို့  မိမိသဘောတခုဖြင့် ခန့် အပ်အစားထိုးဖယ်ရှားနိုင်ခြင်း
၎။ အင်အားသုံးဖြေရှင်းနိုင်ခြင်း
၅။ နိုင်ငံ၏ စီးပွားရေးအား ၇၅ ရာခိုင်နှုန်း ထိန်းချုပ်ထားခြင်း
၆။ မိမိပါတီ(သို့ ) မိမိအဖွဲ့ အစည်း မှအပ မည်သည့်အဖွဲ့ အစည်းကိုမျှ အင်အားချိန်ခွင်ရှာညှိခွင့် မပေးခြင်း
စသည်ဖြင့် ဆိုပါတော့ဗျာ.. ကျန်တဲ့အချက်တွေလည်း မေ့နေပါပြီ..လုံလဲလုံလောက်ပြီ ဆိုပါတော့.. အာဏာရှင်လို့  သတ်မှတ်ပြီးပြီဆိုတော့ ရှင်းတမ်းတခုလိုက်လာပါတယ်..
အာဏာရှင်အုပ်စုရှိလျှင် ဖိနှိပ်ခံသည် ပဋိပက္ခ တွင်းအလိုလိုကျရောက်လာရသည်။
၁။ အာဏာရှင်သည် အပြုအမူဖြင့် ဖိနှိပ်သည်။
၂။ အာဏာရှင်သည် အမြင်သဘောထားအရ ဖိနှိပ်မည်။
၃။ မိမိကိုယ်ကို ဖိနှိပ်ခံ၏ ယှဉ်ပြိုင်ဖက် အဖြစ် အလိုလိုမြင်လာမည်။
၎။ ထို့ အတွက် ကာကွယ်မှုအရ ခြေတလှမ်းနောက် နောက်ဆုတ်နိုင်ရန် ပြင်ဆင်ထားမည်။
၅။ နောက်ဆုတ်မှုများလာသည်နှင့် အမျှ ညှိနှိုင်းဆွေးနွေးမှုများနှင့် ဝေးသည်ထက်ဝေးလာမည်။
၆။ ထို့ ကြောင့်ပင် ပဋိပက္ခ များဖြစ်လာမည်။
ပဋိပက္ခဖြစ်ပြီဆိုတော့ နောက်တမျိုးထက် ထပ်ဖြစ်လာပါတယ်။ ယှဉ်ပြိုင်သူဟု ယူဆရသူကို မူဝါဒမခွဲခြားထိုးနှက်ခြင်း ဖြစ်လာပါတယ်
စစ်ရေးလော.နိုင်ငံရေးလော
၁။ အာဏာရှင်တွင် စစ်ရေးနိုင်ငံရေး ခွဲခြားမှုမရှိခြင်း
၂။ နိုင်ငံရေးအား စစ်ရေးသုံးခြင်း
၃။ စစ်ရေးတွင်း နိုင်ငံရေးရောပြွန်းခြင်း
၎။ ကာကွယ်ရေး ယနယားကို အခွင့်အရေးနှင့် နိုင်ငံရေး မညီမျှမှုပေါ်၌ အစားထိုးလိုက်ခြင်း ဖြစ်လာပါတယ်။
ထိုအခါနိုင်ငံရေး၏ ထိပ်ဆုံးပိုင်း မညီမျှမှုသည် အင်အားသုံးဖြေရှင်းလာကြသည်.. ဒါက အခြေခံလေးပါ.. ထူးခြားလှတာတော့ မဟုတ်ပါဘူး.. အဲဒီမှာ အာဏာရှင်ကိုယ်တိုင်က နောက်ဆုတ်ရင်းဆုတ်ရင်း ပဋိပက္ခတွင်းထဲ တတိုင်းပြည်လုံးကို ခေါ်သွင်းခဲ့တာပါ.. ဦးသန်းရွှေလည်း မြန်မာနိုင်ငံသားတွေကို ပဋိပက္ခတွင်း ခေါ်သွင်းခဲ့ပြီးပြီ.. ပဋိပက္ခတွင်းထဲရောက်နေပြီ ဖြစ်တဲ့ ကျနော်တို့ တတွေမှာ ရွေးစရာလမ်း နှစ်ခုပဲ အညံခံမလား တိုက်မလား နှစ်ခုပဲရှိတယ်.. အညံမခံလို့  တိုက်နေကြပြီ ဆိုတာလည်း သတ်သေပြစရာမလိုတော့ဘူး.. ဒါဖြင့် ဘာလမ်းကြောင်းနဲ့  တိုက်မလဲ.. နိုင်ငံရေးလမ်းကြောင်းလား.. လုပ်ကြပါ.. အင်အားချိန်ခွင်လျှာ ညှိနိုင်အောင်လုပ်ကြပါ.. နိုင်ငံရေးဆွေးနွေးဖို့ ဆိုတာ ဦးသန်းရွှေ ဆွေးနွေးရဲမလား စဉ်းစားကြည့်ပါ။ မဆွေးနွေးရဲပါဘူး.. ဆွေးနွေးခဲ့သည်ထားဦး ဘယ်လိုအပေးအယူလုပ်ကြမလဲ လုပ်နိုင်ရင်တော့ လုပ်ကြပါ.. အင်အားချိန်ခွင်ရှာမညှိနိုင်ပဲ ဆွေးနွေးကြည့်ပါ.. အောင်မြင်သည်ထားဦး.. လွတ်ငြိမ်းချမ်းသာခွင့်လား.. ခုံရုံးလား.. ဖယ်ရှားသန့် စင်ခြင်းလား.. ရလဒ်သုံးခုထက်မပိုဘူး.. ဒီလိုအခြေအနေမျိုးမှာ ဦးသန်းရွှေလည်း လာဆွေးနွေးမှာ မဟုတ်ဘူး.. လူ့ ဖွဲ့ စည်းပုံ နဲ့ ကြည့်ရင် သူ့ အသက်အရွယ်ဟာ သူငယ်ပြန်မယ်ဆိုရင် ပြန်နိုင်ပါပြီ.. မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရဖီဆန်ကြတဲ့ အန်အယ်ဒီရဲ့  ဆောင်ပုဒ်.. ဒါဖြင့် တပ်မတော်ရဲ့  ဥပဒေချိုးဖောက်ထားပြီး ကာကွယ်ရေးဦးစီးချုပ် ဘယ်သူ့ ကိုမှ ဖြစ်ခွင့်မပေးတဲ့ သူနဲ့  ဘာလို့ ဆွေးနွေးကြမလဲ.. ဆွေးနွေးတော့ကော ယုံကြည်ရပါ့မလား.. သူကဖောက်ပါပြီတဲ့ ဘာလုပ်ကြမလဲ.. အင်အားချိန်ခွင်ရှာ မညှိနိုင်ပဲ ဘယ်လိုလုပ်မလဲ.. အင်အားချိန်ခွင်ရှာညှိဖို့ ဆိုရင် နိုင်ငံရေး စစ်ရေး အနု အကြမ်း ခွဲနေလို့ ရတာ မဟုတ်ဘူး.. နုချင်လည်း နုမရတဲ့ အခြေအနေမှာ နုလို့  အလဟသတ် သေကြရတာလည်း များပါပြီ.. စဉ်းစဉ်းစားစားလည်း လုပ်ကြပါလို့  နိုင်ငံရေးသမားကြီးများ ခင်ဗျာ.. ဖတ်ရင်းဖတ်ရင်း ရှုပ်သွားရင်တော့ တောင်းပန်ပါတယ်.. ရေးချင်းတာက တော်လှန်ရေးအကြောင်းပါ.. ချော်ထွက်လာသွားလို့ ပါ.. နောက်မှ တော်လှန်ရေး အကြောင်းရေးတော့မယ်။
အပြည့်အစုံ...သို့.....
Sunday, October 14, 2007
အမိမြေရဲ့  ငိုသံများ
ကျောင်းသားတဦးက ပြောလာတယ်.. ပြီးမြောက်မှုမရှိရင် အလုပ်မဟုတ်ဘူးတဲ့.. ဒါဖြင့် ဘာက အလုပ်ဖြစ်သလဲ ဆိုတော့ ကျနော်တို့ လိုချင်တဲ့  အချက်တွေရမှတဲ့.. ကဲ..ထားလိုက်ပါတော့.. သူ့ အတွေးနဲပဲ စဉ်းစားကြည့်လိုက်တယ်.. ဒီနေ့ အချိန်မှာ နိုင်ငံတကာမှာ မြန်မာအရေးနဲ့  ပက်သက်ပြီး ဆူပူနေကြပြီ.. ဖိအားတွေ များလာပြီ.. လှုပ်ရှားမှုတွေများလာပြီ.. ယူအန်မှာ ဆွေးနွေးမှုတွေ များလာပြီ.. ကျနော်တို့  တိုင်းပြည်အတွက် အလွန်ကောင်းတာပေါ့.. ဒါဖြင့် ဘာအချိန်အတွက်ကောင်းသလဲ.. ဘယ်သူ့ အတွက်ကောင်းနေသလဲ.. အခုချိန်ထိတော့ ဘာမှ မထူးခြားတာတော့ သေချာပါတယ်.. နောက်လာတော့မယ် ဆိုတာ ခဏထားလိုက်ရအောင်.. ပြည်တွင်းမှာ လူထုလှုပ်ရှားမှုတွေ ဖြစ်ကြတယ်.. အဖမ်းခံကြရတယ်.. သေကြရတယ်.. ပုန်းအောင်းနေကြရတယ်.. ရိုက်နှက်ခံနေရတယ်.. ဒီလိုအခြေအနေမှာ ပြည်ပ ဖိအားက ဒီလောက်ရှိမယ်ဆိုရင် ကျနော်တို့ မျှော်လင့်တဲ့  ဖိအားရဖို့  ပြည်တွင်းက ဘာဖြစ်ပေးရမှာလဲ.. ပြည်တွင်းက အသတ်ခံရမယ့် ဓာတ်ပုံတွေ လိုသေးလား.. အရိုက်အနှက်ခံရမယ့် ဗီဒီယိုဖိုင်တွေ လိုသေးလား.. အဖမ်းခံရတဲ့ မှတ်တမ်းတွေလိုသေးလား.. ဘာတွေလိုသေးလို့ လဲ ဘန်ကီမွန်းရယ်.. သတင်းတွေနားထောင်တယ်.. ငိုသံတွေနဲ့  ပြည့်နေတယ်.. မိဘတွေရဲ့  ငိုသံတွေ.. သားသမီးတွေရဲ့  ငိုသံတွေ.. ဇနီးသားမယား တွေရဲ့  ငိုသံတွေ .. ငိုသံတွေနဲ့  မိုးချုပ်နေကြရတယ်.. အခုချိန်ထိ စစ်အာဏာရှင်ရဲ့  လမ်းဖွင့်ပေးမှုအတိုင်း လိုက်ပါနေရတယ်.. ၈၈ နောက်ပိုင်းထဲက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးပါတောင်းဆိုတယ်.. အခုထိလည်းတောင်း ဆိုတယ်.. တောင်းဆိုလို့ သေသူတွေ.. အဖမ်းခံရသူတွေလည်း များပါပြီ... ဒီလောက်ထိလည်း ပေးဆပ်နေပါတယ်.. ဦးသန်းရွှေ စိတ်ထဲမှာ သမီးမင်္ဂလာဆောင်လောက် စိတ်မ၀င်စားတာတော့ သေချာပါတယ်.. ကျနော်တို့ တွေက ရင်းထားရတာပါ.. ဒါနဲ့ တောင် ဦးသန်းရွှေ စိတ်ကြိုက်လမ်းအတိုင်း လိုက်နေရတယ်.. ၈၈ မှာ ဘ၀တွေရင်းလိုက်ရတော့လည်း ရွေးကောက်ပွဲနောက်လိုက်ရပါတယ်.. ၁၉၉၀ မှာ ရင်းကြရတော့လည်း အမျိုးသားညီလာခံတဲ့.. လမ်းပြမြေပုံကလည်း လာပါသေးတယ်.. ဒါတွေ အားလုံး သူတို့ ချပေးတဲ့ လမ်းအတိုင်းလိုက်ခဲ့ရတာပါ.. ကျေနပ်ကြရဲ့ လား.. လာပြန်င်္ပြီ ဆွေးနွေးမယ်တဲ့.. ဘယ်နှစ်နှစ်ဆွေးနွေးကြမှာလဲ.. အဆုံးကကော ဇာတ်သိမ်းနိုင်ကြမှာလား.. ဘယ်နှစ်ခုနှစ် မျိုးဆက်ရယ်လို့  ပေါ်လာရအုံးမှာလဲ.. ကျနော်တို့  တိုင်းပြည်အခြေအနေတွေ.. နိုင်ငံရေးအခြေအနေတွေ.. ပြည်ပ ရဲ့  အခြေအနေတွေ အမျိုးမျိုးပြောင်းလဲနေပါတယ်.. ဒီမှာကော အနှစ်နှစ်တောင်းဆိုထားတာတွေ ဘာများရလာခဲ့လို့ လဲ.. ယူအန်က မြန်မာပြည်ဒီမိုကရေစီ ရအောင်မကူညီနိုင်ရင်တောင် င်္ဒီအကျဉ်းသားတွေ ပြန်လွတ်ဖို့  ကူညီနိုင်မယ်ဆိုရင် ငိုသံတချို့ တော့ ပျောက်တန်ကောင်းပါရဲ့ .. ပြည်တွင်းက လှုပ်မှ ယူအန်လှုပ်တယ်.. ယူအန်လှုပ်မှ ပြည်ပနိုင်ငံတွေ လှုပ်တယ်.. တကမ္ထာလုံးလှုပ်မှ တရုတ်က လှုပ်တယ်.. အဲတော့ ပြည်တွင်းက အဓိက ဖြစ်သွားပြန်ရော.. ကျနော်တို့ ကြိုမြင်နိုင်တာက ပြည်တွင်းက လှုရှားမှုတွေ ဖြစ်ကတဲက လှုပ်ရှားမှု ရပ်သွားတာနဲ့  ကျနော်တို့ အရှူံးလို့ .. ဟုတ်နေတာပဲ လက်ရှိအခြေအနေအရ ရှူံးတာပဲ.. နောက်ဆိုတာက နောက်ပေါ့လေ.. အဖမ်းခံရသူဆိုတာ မြင်ရတာ မဟုတ်တော့ သူ့ ရဲ့  ဒုက္ခဆိုတာလည်း မသိနိုင်ဘူး.. တွေးကြည့်ရင် ကြောက်စရာကြီးပါ.. ဒီတော့ ကျနော့်သဘောကတော့ ဗိုလ်သန်းရွှေနဲ့  မဆွေးနွေးကြပါနဲ့ .. နောက်တယောက်ပြောင်းရင် ပြောင်းကြပါ.. သူဆွေးနွေးချင်ရင် အကျဉ်းသားအားလုံး ပြန်လွှတ်ပေးမှ ဆွေးနွေးကြပါ.. သပိတ်တွေ မှောက်ကြပါ.. တနိုင်ငံလုံးမှောက်နိုင်တဲ့အခါ အောင်မြင်မှာပါ.. ခေါင်းဆောင်လုပ်သူတွေက ကေဒါတွေ ဖော်ထုတ်ကြပါ.. ကေဒါတယောက်ရဲ့  လှုပ်ရှားနိုင်စွမ်းအားဟာ အလုပ်သမား ၃၀၀၀ကျော်ကို အပါခေါ်နိုင်တယ်ဆိုတဲ့ သာဓကတွေ သမိုင်းတွေ အများကြီးရှိပါတယ်.. တိုင်းရင်းသားများလည်း ဗမာ့စစ်တပ်နဲ့ ဗမာတွေ ချနေကြပြီဆိုတဲ့ အတွေးတွေရှိခဲ့မယ်ဆိုရင် ဖျောက်ဖို့ သင့်ပါတယ်.. အနုနည်းတွေ အကြမ်းနည်းတွေ ရွေးနေရလောက်အောင် ကျနော်တို့ မှာ ဒီလောက်အခွင့်အရေးမရှိပါဘူး.. အဆင်ပြေနိုင်မှုကိုပဲ ဦးစားပေးကြပါလို့ .. မာရှယ်
အပြည့်အစုံ...သို့.....
Sunday, September 9, 2007
ဦးသန်းရွှေ မရှိဖို့ က အဓိက
မဟုတ်လို့ ပါ... ဒီတော့ တရားဝင်လုပ်ပါမယ်ဆိုတဲ့  နိုင်ငံရေးသမားတွေ စည်းကမ်းဥပဒေ အထက်မှာ မည်သူမှ မရှိရပါဘူး ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို တရားသဖြင့် မရရှာတဲ့ ဗိုလ်ချုပ်မှူးကြီး သူရရွှေမန်း တို့ ဟာ ဒီကိစ္စ မသိချင်ဟန်ဆောင်နေလို့ မဖြစ်တော့ပါဘူး... ဘာလို့ မဖြစ်သလဲဆိုတော့ ဦးသန်းရွှေ မိသားစု ကောင်းစားရေးအတွက် ပေးဆပ်နေရတာတွေ သိပ်များနေလို့ ပါ... အခုဆို ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ သေဆုံးတယ် ဆိုတဲ့ သတင်းမျိုးတွေကြားရတာ အင်မတန် မထိုက်တန်တဲ့ ကိစ္စပါ... တချိန်က ဦးနေ၀င်းဟာ တသက်လုံး တိုင်းပြည်ရဲ့ ဘဏ္ဍာ တခုလုံး သုံးဖြုန်းခဲ့ပြီး သူသေတော့လည်း သူမတရားရှာခဲ့တဲ့ ငွေတွေနဲ့ သူ့ မိသားစုက အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုတဲ့ အဆင့်ထိတောင် အကောင်းစားချမ်းသာနေပါလား ဆိုတော့ တတိုင်းပြည်လုံးပေးဆပ်ခဲ့ရတာတွေ အင်မတန် နှမြောဖို့ ကောင်းပါလားလို့  စိတ်ပျက်စရာဖြစ်ရပါတယ်... သူတို့ ဘာလို့ ဒီနေရာကို လိုချင်နေကြပါသလဲ... ပြည်သူတွေကို ဘာလို့  ဒုက္ခပေးနေကြပါသလဲ.. ဒီနေရာဟာ သူတို့ မိသားစု အတွက် ပြည်သူ့ ဘဏ္ဍာကို သိမ်းယူနေနိုင်လို့ ပါပဲ.. အလကားနေရင်း ပြည်သူကို ဒုက္ခပေးနေတာ မဟုတ်ပါဘူး... သူရဲ့ အာဏာပြုတ်ကျသွားမှာ စိုးလို့ ပါ... တနည်းအားဖြင့် သူရဲ့ ဘဏ္ဍာတွင်းကြီး မရှိတော့မှာ စိုးလို့ ပါ... သူ့ ကို တိုင်းပြည်အုပ်ချုပ်ခိုင်းပြီး ပြည်သူ့ ဘဏ္ဍာတစ်ပြားမှ သူ့ ဆီ မရောက်ရအောင် ထိန်းချုပ်ကြည့်ပါ... တာ့ တာ လို့ ပြေးသွားပါလိမ့်မယ်...ဒါပေမယ့် သူ့ဟာ အာဏာရှိနေသရွှေ့တော့ ဒီလိုအဖြစ်ခံမှာ မဟုတ်ပါဘူး... ဒီတော့ တိုင်းပြည်ပြောင်းလဲရေး ဆိုတဲ့နေရာမှာ ကျနော်ကလည်း အော်ပေါ် အဖွဲ့ လိုပဲ ပြောလိုပါတယ်.. ဦးသန်းရွှေ မရှိဖို့ က အဓိက ဖြစ်ပါလိမ့်မယ်လို့ ............ ။ ။
အပြည့်အစုံ...သို့.....