လာရောက်လည်ပတ်ကြသော မိတ်ဆွေများအား ကြိုဆိုပါတယ်
ဦးသန်းရွှေနဲ့  သူ့ မိသားစုကို လုပ်ကြံကြရမည်..
တိုင်းပြည်ကို ဦးသန်းရွှေနှင့် သူ့ မိသားစု အပိုင်စီးထားသည်..
ဦးသန်းရွှေဟာ သူရဲ့  လုပ်ရပ်တွေ ပိုမိုပီပြင်လာသည့်အပြင် သား သုံးသား စီမံကိန်းသည်လည်း ပေါ်ပေါက်လာပါပြီ.. တပ်မတော်ရဲ့  ဥပဒေကို ချိုးဖောက်ပြီး အသက် ၆၀ ကျော်ပြီး သေခါနီးအထိ တပ်မတော်ကို ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲမပေးသေးခြင်း.. ပြည်သူ့ အာဏာကို ပြည်သူ့ လက်ထဲ မလွှဲပေးခြင်း.. မြန်မာနိုင်ငံသူနိုင်ငံသား အများအပြား ကိုးကွယ်လျှက်ရှိသော ဗုဒ္ဓဘာသာအား အမြစ်ပြတ်ချေမှုန်းခြင်း.. ပြည်သူများနှင့် တပ်မတော်ကြား ညှိနှိုင်းမရအောင် သွေးခွဲရန်တိုက်ပေးနေခြင်း များပြုလုပ်ခဲ့ပြီး ယနေ့  သူ၏ လုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်ရတော့မည့်အချိန်တွင် ကျန်ရှိနေသေးသည့် သက်တမ်းအတွက် အာဏာကိုဖက်ပြီး သေနိုင်ဖို့ အတွက် နောက်ထပ် ဇာတ်လမ်းတပုဒ်ကို ထပ်မံခင်းကျင်းလာနေပြီဖြစ်ပါသည်.. ထို့ ကြောင့် ဥပဒေအရ တရားဝင်စစ်မှန်မှုမရှိသော ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးအဖြေရှာမှုများသည် ကိုယ်ကိုတိုင် ဥပဒေကိုချိုးဖောက်ခြင်းဖြစ်သည်ဟု ယူဆပါသည်.. တပ်မတော်သားများ အနေဖြင့် နိုင်ငံရေးပြဿနာများကို မှားသည် မှန်သည် တွေးနေခြင်းထက် မိမိတို့ ရဲ့  တပ်မတော်၏ ဥပဒေကို ချိုးဖောက်ထားသူ အဖြစ်သေချာမြင်တတ်ပါက တပ်မတော်အပေါ် သစ္စာစောင့်သိခြင်း တပ်မတော်၏ အသက်ဖြစ်သည့် တပ်မတော်ဥပဒေများကို ကာကွယ်ခြင်းမည် ပါလိမ့်မည်...
Tuesday, December 25, 2007
စစ်သေနာပတိ ပြောတဲ့ ဒီမိုကရေစီ
အထူးသဖြင့်-ကျနော်တို့ တိုင်းပြည်မှာ ဒီလိုဝါဒမျိုးလုံးဝ မရှိနိုင်အောင်လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်းမုန်းတီးရေးဝါဒ- ဂျပန်ပြည်မှာလို-စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဘက်အာဏာရှင်စံနစ် သက်ဦးဆံပိုင် ရှင်ဘုရင် စံနစ်ဝါဒ-အဲဒီ ၀ါဒမျိုး အငယ်စား ဖြစ်တဲ့-ပဒေသရာဇ် မြို့ စား ရွာစားဝါဒ၊ အထက်ကသာခန့် ထားပြီး တိုင်းသူ ပြည်သား ဆန္ဒ အရမဟုတ်ဘဲ၊ တိုင်းသူပြည်သားတွေနှင့် ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့စံနစ် ဆိုးမျိုးရှိနေမယ်ဆိုရင် အများပြည်သူတို့ ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီ ၀ါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ အဲဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟယ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ကျနော်တို့  ဗမာပြည်က လူတွေဟာလဲ နစ်နာမယ်။ ကျနော်တို့ ပြည်ကိုလဲ ကမ္ဘာကကြည့်နေလို့  မရတဲ့တနေ့ ဂျပန်နှင့် ဂျာမနီ ၀ိုင်းအနှိမ်ခံရသလို အနှိမ်ခံရမယ် ဆိုဒါကို သတိချပ်ကြရမယ်။ ဒီမိုကရေစီ ၀ါဒသာ လွတ်လပ်ရေးနှင့် ဆီလျှော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးမယ်။ ဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့  ရည်ရွယ်ရမယ်။ ဒါဖြင့် ဒီဝါဒဟာ ဘာလဲ ဆိုတာကိုလဲ ရှင်းပြချင်သေးတယ်။ကျနော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတဦးထဲက ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲနှင့် အဖွဲ့ နှင့် ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ အဖွဲ့ ရဲ့  ဆန္ဒမဟုတ်ဘဲ၊ ငါ့ဆန္ဒ ငါ့သဘောလုပ်တဲ့ ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲ အဖွဲ့ ရဲ့  ဆန္ဒကိုယူပြီး၊ အဖွဲ့ ရဲ့  အုပ်ချုပ်မှုအောက်မှာရှိတဲ့  ခေါင်းဆောင်မှုမျိုးဖြစ်ရမယ်။ လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက် မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာကို ကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လဲ၊ တခြားလူမျိုးများကို မုန်းတီးခြင်း အထင်သေးခြင်းမဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည် အချင်းချင်း သင့်မြတ်စွာ တဦးအကျိုးတဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေး တရားမျိုးလည်း ဖြစ်ရမယ်။ ဂျပန်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး၊ တိုင်းပြည်လွှတ်တော်က ဘာမှ အစိုးမရတဲ့ စစ်အာဏာရှင် ၀ါဒမျိုးမရှိရအောင်၊ စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့် ရှိရမယ်။ နောက် လွတ်လပ်စွာဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်၊ စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာတွေးတောခွင့်၊ ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့် မညီသော အဖမ်းအဆီးအချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့် ၊ ကိုယ့်အိမ်ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောက်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်းပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ကင်းချမ်းသားခွင့်၊ အလုပ်သမား လယ်သမားများ၏ အနည်းဆုံး အခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ လူနည်းစု တိုင်းရင်းသားများ၏ အနည်းဆုံး အခွင့်အရေးကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသား လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှု အတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာ နာစာ အထိအခိုက် လျှော်ကြေးရံပုံငွေ အစရှိသည်တို့ ကို အစိုးရကထားပြီး၊ အိုမင်း၍၄င်း၊ နာဖျား၍၄င်း၊ ထိခိုက်နာကျင်၍၄င်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍ သော်၎င်း၊ အသက်မွေးဝမ်းကြောင်းမပြုစွမ်းနိုင်သူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့် ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလဲရှိရမယ်၊
အထက်ပါ အချက်တွေဟာ ဒီမိုကရေစီဝါဒတွေရဲ့  အခြေခံတွေဘဲလို့  ယူဆတယ်။ ဒီလို အခြေခံတရားတွေကို ရည်ရွယ်ရင်းရှိတဲံ အဖွဲ့ အစည်းဟာလဲ ဒီတရားတွေနှင့် ညီတဲ့ အများဆန္ဒအရ ရွေးကောက်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ဆောင်ရွက်လုပ်ကိုင်ခြင်း စတဲ့ နည်းစံနစ်မျိုးသာ သုံးရပေလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်း(စစ်သေနာပတိ).. မိန့် ခွန်းကောက်နုတ်ထားသည်။
အပြည့်အစုံ...သို့.....
Saturday, December 15, 2007
ဆွေးနွေးသင့်လို့ လား
အဖမ်းခံရသူတွေလည်း အဖမ်းခံရတယ်.. ပြည်ပထွက်ပြေးသူပြေး ပြည်တွင်းမှာပဲ လည်နေသူတွေလည်း လည်နေကြတယ်.. သေသူတွေလည်း သေကြပြီ.. အဲ.. ဘယ်ရောက်လို့ ရောက်နေမှန်း မသိလို့  ငိုကြနေကြရတဲ့ မိဘတွေလည်း ဒုနဲ့ ဒေးပဲ.. ဗုဒ္ဓံ ဓမ္မံ သံဃံ ကို ပူဇေမိ လိုက်ရင်ပဲ သေနတ်နဲ့  အပစ်ခံရမည့်ကိန်း ဖြစိသွားတယ်.. အဲ ထူးခြားတာကတော့ လင်တော်မောင်တွေ ရှေ့ တန်းသွားရင် ဘုရားခန်းသွားပြီး နေ့ စဉ်ဘုရားဝတ်ပြုကြရတဲ့ တပ်မိသားစုကြီးကတော့ ယနေ့  ဦးသန်းရွှေ ပုံကိုများ ၀တ်ပြုနေကြရမလား တော့ မပြောတတ်ဘူး.. အမိန့် ပေးရင် ပစ်မှာပဲ ဆိုတဲ့ စစ်တပ်နဲ့  ငါ့မိသားစု စီးပွားရေးကို ထိရင် ဗုဒ္ဓကိုလည်း အလွှတ်မပေးတဲ့  ဦးသန်းရွှေ နဲ့ တော့ လိုက်ဖက်ညီနေသလားပဲ.. ၁၀ တန်းအောင်လို့  ဒီအက်အေ လျှောက် ပညာတတ်လွန်လွန်းလို့  ဆိုတဲ့ သူတွေကလည်း လေသံတောင် မဟရဲတဲ့ အခြေအနေမှာ ကြေညာချက် မျိုးစုံတွေလည်းကလည်းထွက်ဆိုတော့ စောင့်ကြည့်ရမည့် နိုင်ငံရေးလို့ ပဲ သုံးသပ်သူတွေကလည်းရှိသေးတယ်.. ၁၉၃၃ ဖေဖော်ဝါရီ ၂ ရက်နေ့ ကို ဒေ၀ဒဏ် ပြန်လည်မွေးဖွားတဲ့ နေ့ လို့  သတ်မှတ်ကြရအောင်.. ဦးသန်းရွှေ ကလည်း လူ့ လောကရောက်လာခဲ့တာကိုး.. ဗေဒင် တွက်ချက်တတ်သူများ တွက်ကြည့်ကြပါအုံး.. ဒီဒေ၀ဒတ်ကတော့ သေနတ်ကိုင်တယ်ဆိုတော့ ထူးခြားတာတော့ အမှန်ပဲ။၁၉၆၀။ ၆၂။ ၇၂။ ၇၈။ ၈၃။ ၈၅။ ၈၆။ ၉၂ အဆင့်ဆင့် ရာထူးနဲ့  တတ်လာပြီး တိုင်းပြည်လည်း မြောင်းထဲရောက်ခဲ့ရတော့တာပါပဲ.. ဖတ်ဖူးတဲ့ စာအုပ်တအုပ်ထဲက အဆိုကို ပြန်ကောက်ကြည့်ရအောင်..
အာဏာရှင် ဟုသတ်မှတ်နိုင်မလား..
၁။ နိုင်ငံ၏ အခြေခံဥပဒေကို မိမိသဘောနဲ့  မိမိပြင်ဆင်ဖြည့်စွက်နိုင်ခြင်းနှင့် ဖျက်သိမ်းနိုင်ခြင်း
၂။ မိမိသဘောနှင့်မိမိ စစ်ကြေညာနိုင်ခြင်း
၃။ အစိုးရနေရာများနှင့် အရပ်ဖက်နေရာများသို့  မိမိသဘောတခုဖြင့် ခန့် အပ်အစားထိုးဖယ်ရှားနိုင်ခြင်း
၎။ အင်အားသုံးဖြေရှင်းနိုင်ခြင်း
၅။ နိုင်ငံ၏ စီးပွားရေးအား ၇၅ ရာခိုင်နှုန်း ထိန်းချုပ်ထားခြင်း
၆။ မိမိပါတီ(သို့ ) မိမိအဖွဲ့ အစည်း မှအပ မည်သည့်အဖွဲ့ အစည်းကိုမျှ အင်အားချိန်ခွင်ရှာညှိခွင့် မပေးခြင်း
စသည်ဖြင့် ဆိုပါတော့ဗျာ.. ကျန်တဲ့အချက်တွေလည်း မေ့နေပါပြီ..လုံလဲလုံလောက်ပြီ ဆိုပါတော့.. အာဏာရှင်လို့  သတ်မှတ်ပြီးပြီဆိုတော့ ရှင်းတမ်းတခုလိုက်လာပါတယ်..
အာဏာရှင်အုပ်စုရှိလျှင် ဖိနှိပ်ခံသည် ပဋိပက္ခ တွင်းအလိုလိုကျရောက်လာရသည်။
၁။ အာဏာရှင်သည် အပြုအမူဖြင့် ဖိနှိပ်သည်။
၂။ အာဏာရှင်သည် အမြင်သဘောထားအရ ဖိနှိပ်မည်။
၃။ မိမိကိုယ်ကို ဖိနှိပ်ခံ၏ ယှဉ်ပြိုင်ဖက် အဖြစ် အလိုလိုမြင်လာမည်။
၎။ ထို့ အတွက် ကာကွယ်မှုအရ ခြေတလှမ်းနောက် နောက်ဆုတ်နိုင်ရန် ပြင်ဆင်ထားမည်။
၅။ နောက်ဆုတ်မှုများလာသည်နှင့် အမျှ ညှိနှိုင်းဆွေးနွေးမှုများနှင့် ဝေးသည်ထက်ဝေးလာမည်။
၆။ ထို့ ကြောင့်ပင် ပဋိပက္ခ များဖြစ်လာမည်။
ပဋိပက္ခဖြစ်ပြီဆိုတော့ နောက်တမျိုးထက် ထပ်ဖြစ်လာပါတယ်။ ယှဉ်ပြိုင်သူဟု ယူဆရသူကို မူဝါဒမခွဲခြားထိုးနှက်ခြင်း ဖြစ်လာပါတယ်
စစ်ရေးလော.နိုင်ငံရေးလော
၁။ အာဏာရှင်တွင် စစ်ရေးနိုင်ငံရေး ခွဲခြားမှုမရှိခြင်း
၂။ နိုင်ငံရေးအား စစ်ရေးသုံးခြင်း
၃။ စစ်ရေးတွင်း နိုင်ငံရေးရောပြွန်းခြင်း
၎။ ကာကွယ်ရေး ယနယားကို အခွင့်အရေးနှင့် နိုင်ငံရေး မညီမျှမှုပေါ်၌ အစားထိုးလိုက်ခြင်း ဖြစ်လာပါတယ်။
ထိုအခါနိုင်ငံရေး၏ ထိပ်ဆုံးပိုင်း မညီမျှမှုသည် အင်အားသုံးဖြေရှင်းလာကြသည်.. ဒါက အခြေခံလေးပါ.. ထူးခြားလှတာတော့ မဟုတ်ပါဘူး.. အဲဒီမှာ အာဏာရှင်ကိုယ်တိုင်က နောက်ဆုတ်ရင်းဆုတ်ရင်း ပဋိပက္ခတွင်းထဲ တတိုင်းပြည်လုံးကို ခေါ်သွင်းခဲ့တာပါ.. ဦးသန်းရွှေလည်း မြန်မာနိုင်ငံသားတွေကို ပဋိပက္ခတွင်း ခေါ်သွင်းခဲ့ပြီးပြီ.. ပဋိပက္ခတွင်းထဲရောက်နေပြီ ဖြစ်တဲ့ ကျနော်တို့ တတွေမှာ ရွေးစရာလမ်း နှစ်ခုပဲ အညံခံမလား တိုက်မလား နှစ်ခုပဲရှိတယ်.. အညံမခံလို့  တိုက်နေကြပြီ ဆိုတာလည်း သတ်သေပြစရာမလိုတော့ဘူး.. ဒါဖြင့် ဘာလမ်းကြောင်းနဲ့  တိုက်မလဲ.. နိုင်ငံရေးလမ်းကြောင်းလား.. လုပ်ကြပါ.. အင်အားချိန်ခွင်လျှာ ညှိနိုင်အောင်လုပ်ကြပါ.. နိုင်ငံရေးဆွေးနွေးဖို့ ဆိုတာ ဦးသန်းရွှေ ဆွေးနွေးရဲမလား စဉ်းစားကြည့်ပါ။ မဆွေးနွေးရဲပါဘူး.. ဆွေးနွေးခဲ့သည်ထားဦး ဘယ်လိုအပေးအယူလုပ်ကြမလဲ လုပ်နိုင်ရင်တော့ လုပ်ကြပါ.. အင်အားချိန်ခွင်ရှာမညှိနိုင်ပဲ ဆွေးနွေးကြည့်ပါ.. အောင်မြင်သည်ထားဦး.. လွတ်ငြိမ်းချမ်းသာခွင့်လား.. ခုံရုံးလား.. ဖယ်ရှားသန့် စင်ခြင်းလား.. ရလဒ်သုံးခုထက်မပိုဘူး.. ဒီလိုအခြေအနေမျိုးမှာ ဦးသန်းရွှေလည်း လာဆွေးနွေးမှာ မဟုတ်ဘူး.. လူ့ ဖွဲ့ စည်းပုံ နဲ့ ကြည့်ရင် သူ့ အသက်အရွယ်ဟာ သူငယ်ပြန်မယ်ဆိုရင် ပြန်နိုင်ပါပြီ.. မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရဖီဆန်ကြတဲ့ အန်အယ်ဒီရဲ့  ဆောင်ပုဒ်.. ဒါဖြင့် တပ်မတော်ရဲ့  ဥပဒေချိုးဖောက်ထားပြီး ကာကွယ်ရေးဦးစီးချုပ် ဘယ်သူ့ ကိုမှ ဖြစ်ခွင့်မပေးတဲ့ သူနဲ့  ဘာလို့ ဆွေးနွေးကြမလဲ.. ဆွေးနွေးတော့ကော ယုံကြည်ရပါ့မလား.. သူကဖောက်ပါပြီတဲ့ ဘာလုပ်ကြမလဲ.. အင်အားချိန်ခွင်ရှာ မညှိနိုင်ပဲ ဘယ်လိုလုပ်မလဲ.. အင်အားချိန်ခွင်ရှာညှိဖို့ ဆိုရင် နိုင်ငံရေး စစ်ရေး အနု အကြမ်း ခွဲနေလို့ ရတာ မဟုတ်ဘူး.. နုချင်လည်း နုမရတဲ့ အခြေအနေမှာ နုလို့  အလဟသတ် သေကြရတာလည်း များပါပြီ.. စဉ်းစဉ်းစားစားလည်း လုပ်ကြပါလို့  နိုင်ငံရေးသမားကြီးများ ခင်ဗျာ.. ဖတ်ရင်းဖတ်ရင်း ရှုပ်သွားရင်တော့ တောင်းပန်ပါတယ်.. ရေးချင်းတာက တော်လှန်ရေးအကြောင်းပါ.. ချော်ထွက်လာသွားလို့ ပါ.. နောက်မှ တော်လှန်ရေး အကြောင်းရေးတော့မယ်။
အပြည့်အစုံ...သို့.....
Sunday, October 14, 2007
အမိမြေရဲ့  ငိုသံများ
ကျောင်းသားတဦးက ပြောလာတယ်.. ပြီးမြောက်မှုမရှိရင် အလုပ်မဟုတ်ဘူးတဲ့.. ဒါဖြင့် ဘာက အလုပ်ဖြစ်သလဲ ဆိုတော့ ကျနော်တို့ လိုချင်တဲ့  အချက်တွေရမှတဲ့.. ကဲ..ထားလိုက်ပါတော့.. သူ့ အတွေးနဲပဲ စဉ်းစားကြည့်လိုက်တယ်.. ဒီနေ့ အချိန်မှာ နိုင်ငံတကာမှာ မြန်မာအရေးနဲ့  ပက်သက်ပြီး ဆူပူနေကြပြီ.. ဖိအားတွေ များလာပြီ.. လှုပ်ရှားမှုတွေများလာပြီ.. ယူအန်မှာ ဆွေးနွေးမှုတွေ များလာပြီ.. ကျနော်တို့  တိုင်းပြည်အတွက် အလွန်ကောင်းတာပေါ့.. ဒါဖြင့် ဘာအချိန်အတွက်ကောင်းသလဲ.. ဘယ်သူ့ အတွက်ကောင်းနေသလဲ.. အခုချိန်ထိတော့ ဘာမှ မထူးခြားတာတော့ သေချာပါတယ်.. နောက်လာတော့မယ် ဆိုတာ ခဏထားလိုက်ရအောင်.. ပြည်တွင်းမှာ လူထုလှုပ်ရှားမှုတွေ ဖြစ်ကြတယ်.. အဖမ်းခံကြရတယ်.. သေကြရတယ်.. ပုန်းအောင်းနေကြရတယ်.. ရိုက်နှက်ခံနေရတယ်.. ဒီလိုအခြေအနေမှာ ပြည်ပ ဖိအားက ဒီလောက်ရှိမယ်ဆိုရင် ကျနော်တို့ မျှော်လင့်တဲ့  ဖိအားရဖို့  ပြည်တွင်းက ဘာဖြစ်ပေးရမှာလဲ.. ပြည်တွင်းက အသတ်ခံရမယ့် ဓာတ်ပုံတွေ လိုသေးလား.. အရိုက်အနှက်ခံရမယ့် ဗီဒီယိုဖိုင်တွေ လိုသေးလား.. အဖမ်းခံရတဲ့ မှတ်တမ်းတွေလိုသေးလား.. ဘာတွေလိုသေးလို့ လဲ ဘန်ကီမွန်းရယ်.. သတင်းတွေနားထောင်တယ်.. ငိုသံတွေနဲ့  ပြည့်နေတယ်.. မိဘတွေရဲ့  ငိုသံတွေ.. သားသမီးတွေရဲ့  ငိုသံတွေ.. ဇနီးသားမယား တွေရဲ့  ငိုသံတွေ .. ငိုသံတွေနဲ့  မိုးချုပ်နေကြရတယ်.. အခုချိန်ထိ စစ်အာဏာရှင်ရဲ့  လမ်းဖွင့်ပေးမှုအတိုင်း လိုက်ပါနေရတယ်.. ၈၈ နောက်ပိုင်းထဲက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးပါတောင်းဆိုတယ်.. အခုထိလည်းတောင်း ဆိုတယ်.. တောင်းဆိုလို့ သေသူတွေ.. အဖမ်းခံရသူတွေလည်း များပါပြီ... ဒီလောက်ထိလည်း ပေးဆပ်နေပါတယ်.. ဦးသန်းရွှေ စိတ်ထဲမှာ သမီးမင်္ဂလာဆောင်လောက် စိတ်မ၀င်စားတာတော့ သေချာပါတယ်.. ကျနော်တို့ တွေက ရင်းထားရတာပါ.. ဒါနဲ့ တောင် ဦးသန်းရွှေ စိတ်ကြိုက်လမ်းအတိုင်း လိုက်နေရတယ်.. ၈၈ မှာ ဘ၀တွေရင်းလိုက်ရတော့လည်း ရွေးကောက်ပွဲနောက်လိုက်ရပါတယ်.. ၁၉၉၀ မှာ ရင်းကြရတော့လည်း အမျိုးသားညီလာခံတဲ့.. လမ်းပြမြေပုံကလည်း လာပါသေးတယ်.. ဒါတွေ အားလုံး သူတို့ ချပေးတဲ့ လမ်းအတိုင်းလိုက်ခဲ့ရတာပါ.. ကျေနပ်ကြရဲ့ လား.. လာပြန်င်္ပြီ ဆွေးနွေးမယ်တဲ့.. ဘယ်နှစ်နှစ်ဆွေးနွေးကြမှာလဲ.. အဆုံးကကော ဇာတ်သိမ်းနိုင်ကြမှာလား.. ဘယ်နှစ်ခုနှစ် မျိုးဆက်ရယ်လို့  ပေါ်လာရအုံးမှာလဲ.. ကျနော်တို့  တိုင်းပြည်အခြေအနေတွေ.. နိုင်ငံရေးအခြေအနေတွေ.. ပြည်ပ ရဲ့  အခြေအနေတွေ အမျိုးမျိုးပြောင်းလဲနေပါတယ်.. ဒီမှာကော အနှစ်နှစ်တောင်းဆိုထားတာတွေ ဘာများရလာခဲ့လို့ လဲ.. ယူအန်က မြန်မာပြည်ဒီမိုကရေစီ ရအောင်မကူညီနိုင်ရင်တောင် င်္ဒီအကျဉ်းသားတွေ ပြန်လွတ်ဖို့  ကူညီနိုင်မယ်ဆိုရင် ငိုသံတချို့ တော့ ပျောက်တန်ကောင်းပါရဲ့ .. ပြည်တွင်းက လှုပ်မှ ယူအန်လှုပ်တယ်.. ယူအန်လှုပ်မှ ပြည်ပနိုင်ငံတွေ လှုပ်တယ်.. တကမ္ထာလုံးလှုပ်မှ တရုတ်က လှုပ်တယ်.. အဲတော့ ပြည်တွင်းက အဓိက ဖြစ်သွားပြန်ရော.. ကျနော်တို့ ကြိုမြင်နိုင်တာက ပြည်တွင်းက လှုရှားမှုတွေ ဖြစ်ကတဲက လှုပ်ရှားမှု ရပ်သွားတာနဲ့  ကျနော်တို့ အရှူံးလို့ .. ဟုတ်နေတာပဲ လက်ရှိအခြေအနေအရ ရှူံးတာပဲ.. နောက်ဆိုတာက နောက်ပေါ့လေ.. အဖမ်းခံရသူဆိုတာ မြင်ရတာ မဟုတ်တော့ သူ့ ရဲ့  ဒုက္ခဆိုတာလည်း မသိနိုင်ဘူး.. တွေးကြည့်ရင် ကြောက်စရာကြီးပါ.. ဒီတော့ ကျနော့်သဘောကတော့ ဗိုလ်သန်းရွှေနဲ့  မဆွေးနွေးကြပါနဲ့ .. နောက်တယောက်ပြောင်းရင် ပြောင်းကြပါ.. သူဆွေးနွေးချင်ရင် အကျဉ်းသားအားလုံး ပြန်လွှတ်ပေးမှ ဆွေးနွေးကြပါ.. သပိတ်တွေ မှောက်ကြပါ.. တနိုင်ငံလုံးမှောက်နိုင်တဲ့အခါ အောင်မြင်မှာပါ.. ခေါင်းဆောင်လုပ်သူတွေက ကေဒါတွေ ဖော်ထုတ်ကြပါ.. ကေဒါတယောက်ရဲ့  လှုပ်ရှားနိုင်စွမ်းအားဟာ အလုပ်သမား ၃၀၀၀ကျော်ကို အပါခေါ်နိုင်တယ်ဆိုတဲ့ သာဓကတွေ သမိုင်းတွေ အများကြီးရှိပါတယ်.. တိုင်းရင်းသားများလည်း ဗမာ့စစ်တပ်နဲ့ ဗမာတွေ ချနေကြပြီဆိုတဲ့ အတွေးတွေရှိခဲ့မယ်ဆိုရင် ဖျောက်ဖို့ သင့်ပါတယ်.. အနုနည်းတွေ အကြမ်းနည်းတွေ ရွေးနေရလောက်အောင် ကျနော်တို့ မှာ ဒီလောက်အခွင့်အရေးမရှိပါဘူး.. အဆင်ပြေနိုင်မှုကိုပဲ ဦးစားပေးကြပါလို့ .. မာရှယ်
အပြည့်အစုံ...သို့.....
Sunday, September 9, 2007
ဦးသန်းရွှေ မရှိဖို့ က အဓိက
မဟုတ်လို့ ပါ... ဒီတော့ တရားဝင်လုပ်ပါမယ်ဆိုတဲ့  နိုင်ငံရေးသမားတွေ စည်းကမ်းဥပဒေ အထက်မှာ မည်သူမှ မရှိရပါဘူး ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို တရားသဖြင့် မရရှာတဲ့ ဗိုလ်ချုပ်မှူးကြီး သူရရွှေမန်း တို့ ဟာ ဒီကိစ္စ မသိချင်ဟန်ဆောင်နေလို့ မဖြစ်တော့ပါဘူး... ဘာလို့ မဖြစ်သလဲဆိုတော့ ဦးသန်းရွှေ မိသားစု ကောင်းစားရေးအတွက် ပေးဆပ်နေရတာတွေ သိပ်များနေလို့ ပါ... အခုဆို ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ သေဆုံးတယ် ဆိုတဲ့ သတင်းမျိုးတွေကြားရတာ အင်မတန် မထိုက်တန်တဲ့ ကိစ္စပါ... တချိန်က ဦးနေ၀င်းဟာ တသက်လုံး တိုင်းပြည်ရဲ့ ဘဏ္ဍာ တခုလုံး သုံးဖြုန်းခဲ့ပြီး သူသေတော့လည်း သူမတရားရှာခဲ့တဲ့ ငွေတွေနဲ့ သူ့ မိသားစုက အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုတဲ့ အဆင့်ထိတောင် အကောင်းစားချမ်းသာနေပါလား ဆိုတော့ တတိုင်းပြည်လုံးပေးဆပ်ခဲ့ရတာတွေ အင်မတန် နှမြောဖို့ ကောင်းပါလားလို့  စိတ်ပျက်စရာဖြစ်ရပါတယ်... သူတို့ ဘာလို့ ဒီနေရာကို လိုချင်နေကြပါသလဲ... ပြည်သူတွေကို ဘာလို့  ဒုက္ခပေးနေကြပါသလဲ.. ဒီနေရာဟာ သူတို့ မိသားစု အတွက် ပြည်သူ့ ဘဏ္ဍာကို သိမ်းယူနေနိုင်လို့ ပါပဲ.. အလကားနေရင်း ပြည်သူကို ဒုက္ခပေးနေတာ မဟုတ်ပါဘူး... သူရဲ့ အာဏာပြုတ်ကျသွားမှာ စိုးလို့ ပါ... တနည်းအားဖြင့် သူရဲ့ ဘဏ္ဍာတွင်းကြီး မရှိတော့မှာ စိုးလို့ ပါ... သူ့ ကို တိုင်းပြည်အုပ်ချုပ်ခိုင်းပြီး ပြည်သူ့ ဘဏ္ဍာတစ်ပြားမှ သူ့ ဆီ မရောက်ရအောင် ထိန်းချုပ်ကြည့်ပါ... တာ့ တာ လို့ ပြေးသွားပါလိမ့်မယ်...ဒါပေမယ့် သူ့ဟာ အာဏာရှိနေသရွှေ့တော့ ဒီလိုအဖြစ်ခံမှာ မဟုတ်ပါဘူး... ဒီတော့ တိုင်းပြည်ပြောင်းလဲရေး ဆိုတဲ့နေရာမှာ ကျနော်ကလည်း အော်ပေါ် အဖွဲ့ လိုပဲ ပြောလိုပါတယ်.. ဦးသန်းရွှေ မရှိဖို့ က အဓိက ဖြစ်ပါလိမ့်မယ်လို့ ............ ။ ။
အပြည့်အစုံ...သို့.....
Sunday, July 22, 2007
ကိုမောင်ဆန်နှင့် အင်တာဗျူး
ပိုစ့်မတင်တာကြာနေလို့  ကိုညောင်ရမ်းရဲ့  တီးရှော့မှာ ရေးထားတာလေးပြန်တင်ပေးလိုက်ပါတယ်.. ကိုညောင်ရမ်းရေ ပိုင်ရှင်ကို ကြိုအသိမပေးနိုင်တာ ခွင့်လွှတ်ပါ..
...........................................................................................................................................................................................................
ကျွန်ုပ်ညောင်ရမ်းဂွတိုသည် မြန်မာတီးရှော့ပ်ဖိုရမ်တွင် အင်မတန် လူစိတ်ဝင်စား၊ ချစ်ခင်လေးစားခြင်းကို အထူးပင်ခံရသော၊ ကနေဒါတွင် နေထိုင်လျက်ရှိသော ကိုမောင်ဆန်းအား ဟိုတယ်တခုတွင် ချိန်းဆို၍ အောက်ပါအတိုင်း အင်တာဗျူးခဲ့ပါသည်။
ဒေါက်ဒေါက် (အခန်းတံခါးခေါက်သံ)
အတွင်းမှ အသံ။ ။ ဘယ်သူလဲ (အင်္ဂလိပ်လို)
ညောင်ရမ်းဂွတို။ ။ ကျနော်ပါ။ ညောင်ရမ်းဂွတိုပါ။ ကိုမောင်ဆန်နဲ့ အင်တာဗျူးမလို့ လာခဲ့ပါတယ်။
တံခါးပွင့်သွားပြီး အတွင်းမှ အသက် ၄၀ အရွယ်၊ မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ အင်မတန် ကြည့်ပျော်ရှုပျော်ရှိသော။ သန်မာထွားကျိုင်း၍ ယောင်္ကျားကောင်းတို့၏ ကြန်အင်လက္ခဏာနဲ့ ပြည့်ဝသူ တဦးပေါ်လာပြီး အခန်းတွင်းသို့ ၀င်ခဲ့ရန် မျက်ရိပ်ပြသဖြင့် ညောင်ရမ်းဂွတိုလည်း စွတ်ကနဲ ၀င်လိုက်လေသည်။
အခန်းတွင်းမှလူ။ ။ကဲ ကိုယ့်လူ။ ကျုပ်က မောင်ဆန်းဘဲ။ ရှေ့ကနေ ဟောဟိုမှာ ရှိတဲ့ ကုလားထိုင်ဆီကို သွား။ ရုတ်ရုတ် ရုတ်ရုတ် လုပ်မယ်မကြံနဲ့။ ဒီမှာဘာလဲ တွေ့တယ်မို့လား။
ညောင်ရမ်းဂွတို။ ။ အံမယ်လေးဂျ။ သေနတ်ကြီးနဲ့ ချိန်ထားတာပါလား။ဒါနဲ့ အကိုပြောတော့ လက်ထဲမှာ သေနတ် ကိုင်မထားပါဘူးဆို။
ကိုမောင်ဆန်း၊ ။ အဲဒါ ဖိုရမ်ထဲမှာပြောတာ။ အပြင်မှာတော့ ကိုင်တယ်။ ရန်သူကို လျော့မတွက်ရဘူးဆိုတာ ကိုယ့်လူမကြားဘူးဘူးလား။
ဂွတို။ ။ အံမယ်လေး။ အသက်ကိုချမ်းသာပေးပါ။ ကျနော် ဘီဘီစီ Zombie မဟုတ်ရပါဘူး။
ဆန်း၊ ။ ဟေ့လူ။ ခင်ဗျားကို ဘယ်သူက ပစ်မယ်ပြောရသေးလို့လဲ။ ခင်ဗျားတို့တွေ အဲဒါခက်တာ။ ကျုပ်က အကြောင်းမဲ့ ဘာကြောင့် ခင်ဗျားကို ပစ်ရမှာလဲ၊ ကျုပ်က လူတွေကို သတိ နဲ့ ဆက်ဆံနေရလို့ သေနတ်ဆောင်ထားတာပါ။
ဂွတို။ ။ အဲဒါဆိုလဲ ပြီးရော။(ကုလားထိုင်တွင် နေရာယူရင်း) ကဲ အင်တာဗျူး စလိုက်ရအောင်။ ခင်ဗျားနံမယ်က ဗမာလို မောင်ဆန် လား မောင်ဆန်းလား။
ဆန်း။ ။ ခင်ဗျား ကျနော် အပေါ်မှာ ရေးထားတာကို သေသေချာချာလဲမဖတ်ဘူးနဲ့တူတယ်။ သေချာ ဖတ်ပြီးမှ လာမေးပါလေ။ ဘီဘီစီ Zombie တွေရေ။
ဂွ။ ။ ဟာ ခက်ပါပြီ။ ဒါ ဖိုရမ်ထဲမှာ ရေးနေတာမဟုတ်ဘူးလေ။ အပြင်မှာ အင်တာဗျူးအတွက် စကားပြောနေတာ။ စိတ်ညစ်လာပြီ။
ဆန်း။ ။ နောက်တာပါ။ ကျုပ်နာမည် မောင်ဆန်းပါ။ သူများထက် ဆန်းအောင်လို့ မှည့်ထားတာ။ ကျုပ်လုပ်သမျှ ပြောသမျှ မဆန်းပေဘူးလား။
ဂွ။ ။ ဆန်းပါပေတယ်။ ဆန်းပါပေတယ်။ ဒါထက် အကို့ကို မေးရဦးမယ်။ အဲဒီ Zombie ဆိုတဲ့ ဝေါဟာရလေး။ ဘယ်ကနေ ဘယ်လို စတွေ့လာသလဲ။ ကျနော့်အကြားအရဆိုရင် မြန်မာလက်ဘက်ရည်ဆိုင်မှာ အဲဒီ စကားလုံးက တော်တော် ဟော့ပ်ဖြစ်နေတယ်ဆိုဘဲ။
ဆန်း။ ။ ဘယ်ကမှ ရတာမဟုတ်ပါဘူး။ ကျုပ်က ဗဟုသုတဟင်းလေးအိုးလေ။ ဗဟုသုတကိုသာ လက်နက်အဖြစ် (ဒီ သေနတ်အပြင်) စွဲကိုင်တဲ့ သူပါ။ အဲ ဖိုရမ်မှာ ကိုပေါတို့။ ကိုထိုက်တို့ ဆိုတဲ့လူတွေ တွေ့တော့ အဲဒီ ဘီဘီစီ Zombie ဆိုတဲ့ စကားလုံးက ကျုပ်ခေါင်းထဲ အလိုလိုရောက်လာတာပေါ့။
ဂွ။ ။သြော် သြော် တော်ပါပေတယ်။ ဒါကြောင့်လဲ ကိုမောင်ဆန်းဆိုပြီး ဖိုရမ်ထဲမှာ နာမည်ကြီးပေတာကိုး။ ဒါထက် စကားမစပ်။ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဒုက္ခသည် စည်းမျဉ်းစည်းကမ်းတွေက ဘာတွေလဲရင်။
ဆန်း။ ။ ခင်ဗျားသိချင် ကိုယ့်ဘာသာ သွားရှာချည်ပေါ့ဗျ။ ကျုပ်မှာ လူတိုင်းကို လိုက်ရှင်းပြဘို့ တာဝန်မရှိပါဘူး။
ဂွ။ ။ ဘီဘီစီက မှားနေတာကိုရော ဘီဘီစီကို စာရေးပြီးထောက်ပြဘူးလား။
ဆန်း။ ။ မလိုပါဘူး။ ထောက်ပြလဲ သူတို့က လိမ်တာကို လိမ်တယ်လို့ ဘယ်ဝန်ခံပါ့မလဲ။ စဉ်းစာကြည့်လေ။ တီရှော့ ဖိုရမ်မှာ လူ တရာရှိရင် ဘီဘီစီ zombie က ၉၉ ယောက်ရှိတယ်။ သူတို့ ဒီလောက် အောင်မြင်နေတာ ဘယ် မှားပါတယ် ၀န်ခံပါ့မလဲ။
ဂွ။ ။ အကို က တစ်ယောက်တည်းဆိုတော့ အကိုမှားတယ်လို့ရော မထင်ဘူးလားဟင်။
ဆန်း။ ။ တချိန်တုန်းက လူတိုင်း ကမ္ဘာကြီး ပြားတယ်လို့ ထင်ခဲ့တဲ့ ခေတ် ရှိခဲ့ဘူးပါတယ်။ အခုတော့လည်း သူတို့ မှန်သလားဟင်။ အချိန်က သက်သေပြပါလိမ့်မယ်။
ဂွ။ ။ မှတ်ကရောဟဲ့။ ကောင်းလိုက်တဲ့အဖြေ။ ဒါထက် နောက်ဆုံးအနေနဲ့ ကိုထိုက်ကို ဘာများမှာချင်ပါသလဲ။
ဆန်း။ ။ ထမင်း ၀၀ စားထာပါလို့ မှာချင်ပါတယ်။
ဂွ။ ။ ဘာဖြစ်လို့လဲံဟင်။ အင်္ဂလန်မှာ ဆန်ဈေးတွေ ကျနေလို့လား။
ဆန်း။ ။ ခင်ဗျားတို့တွေ အဲသည်လိုနားဝေးနေတာ ခက်တာပေါ့။ ကိုယ့်လူမျိုး သိက္ခာကျမယ့် အလုပ်တွေ။ ဒုံးဝေး တာမျိုးတွေ မလုပ်ပါနဲ့ ဗျာ။
ဂွ။ ။ ဟုတ်ကဲ့။ ဖိုရမ်က ကျန်တဲ့ ပရိတ်သတ်ကိုရော ဘာများပြောချင်ပါသေးလဲ။
ဆန်း။ ။ ကျနော် အပေါ်က ရေးထားတာကို သေသေချာချာ ဖတ်ကြပါလို့ ပြောချင်ပါတယ်လေ။ ဘီဘီစီ Zombie အပေါင်းတို့ရေ။
ဂွ။ ။ ဟုတ်ကဲ့။ အခုလို အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ဦးတို့ မြန်မာ့အသံက ----အဲလေ ကျနော် ညောင်ရမ်းဂွတိုက ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။
ဆန်း။ ။ ဟေ့လူ။ လေကြောရှည်မနေနဲ့။ ကျုပ်စိတ်ထွက်လာရင် သေနတ်နဲ့ ပစ်မိလိမ့်မယ်။ သွားသွား မြန်မြန်သွား ----
ဤတွင် တပ်မတော် ကဏ္ဍ ဆွေးနွေးခန်း အစီအစဉ်မှာ ညောင်ရမ်း နဲ့ မောင်ဆန်း တို့ရဲ့ BBC Zombie အကြောင်းဆွေးနွေးခန်းကို တင်ဆက်လို့ပြီးပါပြီ။ သောတရှင်များ ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။ ပြောင်း ပြောင် ပြောင့်- ပြောင် ပြောင်း ပြောင် ပြောင့် ပြောင် (တီးလုံး)
ပြီးပါပြီ.၏၊
အပြည့်အစုံ...သို့.....
Saturday, July 7, 2007
ပြည်တွင်းပြည်ပ မြန်မာလူငယ်များမှ ကြေငြာချက် ထုတ်ပြန်ခဲ့ကြောင်း
သို့
ညောင်နှစ်ပင်ညီလာခံသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား
၆ ၊ ၇ ၊ ၂၀၀၇
ညောင်နှစ်ပင်ညီလာခံကို နောက်ဆုံးအကြိမ်အဖြစ် လာမည့် ၁၈ ရက်နေ့တွင် စတင်ကျင်းပတော့မည် ဖြစ်ပါသည်။ ၄င်းညီလာခံတွင် ချမှတ်ပြီးခဲ့သော အသေးစိတ် အခြေခံမူများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်
တာတွေ လုပ်သွားမည်ဟု ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားခဲ့ပါသည်။
၁၄နှစ်တာ ကမ္ဘာ့အချိန်အကြာမြင့်ဆုံး စိတ်ကြိုက်ရေးဆွဲခဲ့သော်လည်း အမှားမကင်းသေးဘဲ ပြင်ဆင်၊
ဖြည့်စွက်၊ ပယ်ဖျက်ရမှာတွေ ထွက်ပေါ်လာသည်ကို ကြည့်ခြင်းအားဖြင့် ကိုယ်စားလှယ်တော်ကြီးများက
အချိန် ကြာမြင့်စွာ ဆွေးနွေးအတည်ပြုခဲ့သည့် အချက်များအတွက် စဉ်းစားစရာများ ဖြစ်ပေါ်လာသလို အာမခံ
ချက် မရှိသေးကြောင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေပါသည်။ ၄င်းဖွဲ့စည်းပုံကို အတည်ပြုပြီးနောက် ၁၀ နှစ် အတွင်း ပြင်ဆင်ခြင်းမပြုရဟု ထည့်သွင်းထားခြင်းမှာ မှန်ကန်မှုရှိပါမည်လား ဟု မေးခွန်းထုတ်စရာ ဖြစ်လာ
ပြီး၊ ဤကန့်သတ်ချက်ကြောင့် ပေါ်ပေါက်လာမည့် မလိုလားအပ်သော အကျိုးဆက်များကိုလည်း မည်သူက တာဝန်ခံပါမည်နည်းဟု ထပ်မံ၍ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
ဤသို့သော အမှားများကို ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ပြည်သူများက အပြုသဘောဖြင့်လည်း ဝေဖန်
ထောက်ပြခြင်း မပြုရဟု ဥပဒေထုတ်၍ တားမြစ်ထားသော်လည်း ယခုကိုယ်စားလှယ်တော်ကြီးများက ပြုလုပ်
ထားရစ်ခဲ့မည့် ကိစ္စများ၏ အကောင်း အဆိုး အကျိုးဆက်များကို အမွေအဖြစ် စံစား၊ ခံစားရမည်မှာ ကျွန်ုပ်တို့ လူငယ်များပင် ဖြစ်ပါ၍ ဖွဲ့စည်းပုံတွင် ထည့်သွင်းသင့်သည့် ( သို့မဟုတ်) ထည့်သွင်းရန်မလိုအပ်သည့် အချက်
များကို အချိန်မလွန်ခင် ကိုယ်စားလှယ်တော်ကြီးများအား ဝေဖန် ထောက်ပြလိုက်ရခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍများတွင် ပြဿနာများစွာ ရှိနေပါသည်။ ထိုပြဿနာများ အဘယ့်ကြောင့်ဖြစ်ရသည်ကို သေချာစွာ ဆန်းစစ်ကြည့်ပါလျှင် ကိုယ်ကျင့် စာရိတ္တပျက်ယွင်းခြင်းက အခြေခံအကြောင်းရင်း ဖြစ်နေသည် ကို တွေ့ရှိရမည်ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံတိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍများ၌ ပြဿနာ ပေါ်ပေါက်မှု နည်းနိုင်သမျှနည်းပါးစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် သေချာစီစစ် ရေးဆွဲ ရပါသည်။ ထိုကဲ့သို့ ရေးဆွဲရာတွင် ရွေးကောက်ပွဲမှ အနိုင်ရ၍ တာဝန်ထမ်းဆောင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များတွင် အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက် ခြစားခဲ့သူများ မပါဝင်လာစေရန် လည်းကောင်း၊ တာဝန်ထမ်းဆောင်နေစဉ်အတွင်း အာဏာအလွဲသုံးစား လုပ်ပြီး အကျင့်ပျက်
ခြစားသူများ ဖြစ်မသွားစေရန်လည်းကောင်း၊ အာဏာအလွဲသုံးစားလုပ်ပြီး အကျင့်ပျက် ခြစားသူများ ဖြစ်သွား
လျှင်လည်း ချက်ခြင်းသိရှိကာ အရေးယူ အပြစ်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးမျိုးသော ထိန်းချုပ် ကန့်သတ်
ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သေသေချာချာ တွက်ချက်ပြီး ထည့်သွင်း ရေးဆွဲကြ ပါသည်။
ယခု ၁၄နှစ်တာ အချိန်ယူရေးဆွဲနေသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း အနိုင်ရ ကိုယ်စားလှယ်
များ တာဝန်မထမ်းဆောင်မီနှင့် တာဝန်ထမ်းဆောင်ပြီး ကာလတို့တွင် ၄င်းတို့ မိသားစုများ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးစာရင်းပြုစု၍ တိုင်းပြည်ကို ကြေငြာခြင်းများ၊ တာဝန်ထမ်းဆောင်နေစဉ်ကာလတွင် စာနယ်ဇင်းနှင့်
သတင်း မီဒီယာများ၊ အစိုးရ၏ လာဘ်စား အကျင့်ပျက်မှုများအား စောင့်ကြည့်သည့် အစိုးရမဟုတ်သော
လွတ် လပ်သည့် အဖွဲ့အစည်းများ စသည်တို့၏ စောင့်ကြည့်ဖေါ်ထုတ်မှုကို ခွင့်ပြုခြင်းများ၊ လုပ်ပိုင်ခွင့်အာဏာ
ကို အလွန်အကျွံ မဖြစ်စေရန် တွက်ချက်ကန့်သတ်ခြင်းတို့ကို ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါသည်။
ဤကဲ့သို့ ထိန်းချုပ်ကန့်သတ်ထားသည့် ဥပဒေအချက်အလက်များကို ထည့်သွင်း ရေးဆွဲထားခြင်း မရှိ၍ နောင်တချိန်တွင် အင်ဒိုနီးရှားသမ္မတ ဆူဟာတို မိသားစု၊ ဖိလစ်ပိုင်သမ္မတ မားကို့စ်၊ မြန်မာဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ယခုနောက်ဆုံး ထိုင်းဝန်ကြီးချုပ် သက်ဆင် တို့ကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပေါ်လာ
ပါက ပြည်သူများအလွန်ကို နစ်နာဆုံးရှုံးရပါလိမ့်မည်။
ဦးနေ၀င်းနဲ့ သူ့ရဲ့ မဆလပါတီကြောင့် တိုင်းပြည်ကမောက်ကမဖြစ်ရသည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ပြောခဲ့သောစကားက သက်သေခံနေပါသည်။
ယခု ညောင်နှစ်ပင်ညီလာခံ မပြီးသေးသောကာလမှာပင် အဖွဲ့သားအားလုံးပိုင် လက်ကိုင်ဖုန်း ၁၀လုံး
ကို တစ်ဦးတည်းပိုင်အဖြစ် ရောင်းစားသောသူ၊ ငွေအရှုပ်အရှင်း အမှုဖြင့် ထောင်ဒဏ် နှစ်ကြိမ် ကျခံထားရ
သောသူ စသည်တို့က နိုင်ငံရေးပါတီဖွဲ့၍ ရွေးကောက်ပွဲဝင်မည် ဖြစ်လာ နေကြပါသည်။
ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်တို့အဖွဲ့က ငွေလိုချ င်သောအခါ ကုန်သည်စီးပွားရေးသမားများကို ခေါ်ယူ၍ ကုလားထိုင်ပေါ်ထိုင်ခိုင်းပြီး အာဏာအလွဲသုံးစားပြု၍ ငွေတောင်းခဲ့သည်များကိုလည်း ပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ်များကို တာဝန်ခံထားသည့် ဗိုလ်ချုပ်ကြီးသူရရွှေမန်းပင်လျှင် ဆယ်စုနှစ်တစ်ခု ကြာ
သည့်တိုင်အောင် မသိရှိခဲ့ရပေ။ သိရှိသောအခါတွင် အာဏာလျှော့ယူရန် ငြင်းဆန်၍ အမိန့်မနာခံသည် အထိ ဖြစ်ခဲ့ရသည့် သာဓကများရှိပါသည်။
ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဉ် အ
တွင်း လာဘ်ပေးလာဘ်ယူ ပြုလုပ်ကြောင်းပေါ်ပေါက်လာပါက ကျူးလွန်သည့် ပြစ်မှုပေါ်အခြေခံ၍ ထိုက်သင့်
သော အပြစ်ဒဏ် (အမြင့်ဆုံးအဆင့် သေဒဏ်အထိ ) ကျခံရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်း
ရေးဆွဲပါရန် တောင်းဆိုအပ်ပါသည်။
အကယ်၍ အောက်ပါအချက်များ ဖြစ်ပေါ်လာလျှင် မည်သို့ဖြေရှင်းရမည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ
တွင် ထည့်သွင်းရေးဆွဲထားပါရန်ကိုလည်း အလေးအနက်တောင်းဆိုအပ်ပါသည်။
ဖွဲ့စည်းပုံမှအပ်နှင်းထားသော များလှသည့်လုပ်ပိုင်ခွင့်အာဏာများဖြင့် ကာကွယ်ရေးဦးစီးချုပ်သည်
ပြည်သူ့လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင်
- မိမိသမီး၏မင်္ဂလာဆောင်တွင် စိန် လက်ဖွဲ့ပေးမည့်သူများကို လာဘ်ယူ၍ ရွေးချယ်ခြင်း၊
- ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီးကို လာဘ်ပေး၍ အရည်အချင်းရှိကြောင်း ထောက်ခံစာ ယူထား
သူများကို ရွေးချယ်ခြင်း၊
- ပါရဂူဘွဲ့ယူပြီးရင် ရိုးရိုးဘွဲ့ ဆက်တက်နိုင်အောင် ကြိုးစားကြဆိုသော အရည်အချင်း မရှိသော၊ ဆင်းရဲမွဲတေ
နေတဲ့သူတွေသာ ကျောင်းဆရာ လုပ်စားကြတာလို့ နှိမ်ချစော်ကားစွာပြောတတ်၍ လူ့ယဉ်ကျေးမှု နားမလည်
သော၊ ယခုခေတ်ကာလတွင် မိသားစုတစ်စု တစ်လ ၅၀၀၀ကျပ်နဲ့ ထမင်းစားလို့ ရသည်ဟု လိမ်လည်ပြော
တတ်သော လူစားမျိုးများကို ပညာရေးဝန်ကြီးများအဖြစ်ခန့်ထားသကဲ့သို့ ကိုယ်စားလှယ်များကိုရွေးချယ်ခြင်း၊
- မိမိသမီး စီးလာသော လိုင်စင်မဲ့ကားကို တာဝန်နှင့် ဥပဒေအရ တားဆီးစစ်ဆေးသော ယာဉ်ထိန်းရဲကို
အလုပ်မှ ဖြုတ်ပစ်ခြင်း၊
- ကာကွယ်ရေးဦးစီးချုပ်၏ သမီးများက ပုဂံနှင့် မန္တလေးတို့တွင် ဈေးသည်များထံမှပစ္စည်းများကို ငွေမရှင်းပဲ
လုယက်ယူငင်ခြင်း၊
- နိုင်ငံ့လက်ရွေးစင်များပင်လျှင် ၀န်ကြီးထံ ခွင့်တောင်းပြီးမှ သုံးခွင့်ရသော နိုင်ငံပိုင် အားကစားကွင်းကို မိမိ၏ မြေးကို အပျော်ကစားစေခြင်း၊
- အခြေခံဝန်ထမ်းများ ထမင်းမစား၊ အ၀တ်မ၀တ်ဘဲ စုဆောင်းလျှင်ပင် နှစ်ပေါင်း သုံး လေးရာ စုရမည့် ငွေပမာဏကို မိမိ၏မြေး မွေးနေ့ တစ်ရက်စာအတွက် သုံးစွဲနိုင်ခြင်း၊
- မိမိလစာ၏ နှစ်ပေါင်း ၆၀၊ ၇၀ စာကို ရွှေတိဂုံဘုရား၊ ဗုဒ္ဓဂါယာတို့၌ လှူဒါန်းနေနိုင်ခြင်း၊
- တပ်မတော်ခေတ်မီရေး စီမံကိန်းများအတွက် လက်နက်ဝယ်ယူရာတွင် အမှန်တကယ် ၀ယ်ယူသင့်သည်
ကို မ၀ယ်ယူဘဲ မိမိ၏သားမက် ပွဲခရသော ကုမ္ပဏီမှ ၀ယ်ယူခြင်း၊
- စနစ်တကျ လေ့ကျင့်ထားပြီး တာဝန်ထမ်းဆောင်နိုင်သူများရှိပါလျှက် အသက် ၆၀ ပြည့်ပြီးသော်လည်း ရာထူးမှ အနားမယူဘဲ အာဏာအလွဲသုံးစားလုပ်၍ သူတစ်ပါးရရှိမည့် ရာထူးအာဏာကို ဖြတ်လမ်းမှရယူခြင်း၊
- ပြည်ထဲရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကို မိမိ၏ လက်ကိုင်ဒုတ်အဖြစ် အသုံးချကာ မိမိသမီး၏ မင်္ဂလာ
ဆောင်အခွေ ကြည့်မိသူများကို နိုင်ငံတော်အကြီးအကဲကို အကြည်ညိုပျက်အောင် လုပ်မှုဖြင့် ဖမ်းဆီး ထောင်
ချ ခြင်း၊
- ဗုဒ္ဓဘာသာကို အလွန်ညစ်ညမ်းစွာ ပျက်လုံးထုတ်ထားသော အငြိမ့်ခွေများကို ထုတ်လုပ်ဖြန့်ချီခွင့်ပေးထား
၍၊ ဗုဒ္ဓကို အကြည်ညိုပျက်အောင် လုပ်ကိုင်ခွင့်ပြုထားခြင်း၊
- မင်းကျင့်တရား ၁၀ ပါး တရားတော်ကို ဟောကြားခွင့်ပိတ်ပင်ခြင်းဖြင့် ထေရဗုဒ္ဓ သာသနာကို ရည်ရွယ်
ချက်ရှိရှိ အကွက်ချ၍ ဖျောက်ဖျက်ခြင်း၊
- နိုင်ငံတော်အကြီးအကဲကာကွယ်ရေးဦးစီးချုပ်က ဗုဒ္ဓထက် မြတ်သည် ဟု ပြည်သူများလက်ခံလာစေရန် အစီအစဉ်ရှိရှိ အကွက်ချလုပ်ဆောင်ခြင်း၊
- တပ်မတော်အတွင်းမှ ဥပဒေကျူးလွန်သူများကို နောက်ဆုံးအတည်ပြုအမိန့်ချမှတ်၍ အပြစ်ပေးနိုင်သော ကာကွယ်ရေးဦးစီးချုပ်သည် သူနှင့်သူ၏မိသားစုများ အထက်ပါအတိုင်းကျူးလွန်ခဲ့သော ပြစ်မှု ရာဇ၀တ်မှုများ
ကို မိမိကိုယ်ကို မှန်ထဲကြည့်၍ အမှုမှကွင်းလုံးကျွတ်လွတ်စေဟု ဆုံးဖြတ်ခြင်း၊
- အခြားသောသူများကိုလည်း ကျူးလွန်ထားသည့် အမှုချ င်း၊ အပြစ်ဒဏ်ချင်းတူသော်လည်း တစ်ဦးကို ဌာန
ပြောင်းပေး၊ တစ်ဦးကို အငြိမ်းစားပေး၊ တစ်ဦးကို ထောင်ထဲပို့၊ တစ်ဦးကို နိုင်ငံတော်စရိတ်ဖြင့် ထမင်းကျွေး ထားခြင်းများ ပြုလုပ်၍ ဘက်လိုက်ခြင်း၊ အဂတိလိုက်စားခြင်း စသည့် အာဏာအလွဲသုံးစား လုပ်ပြီး ကိုယ်
ကျင့်စာရိတ္တပျက်ပြားနေခြင်းတို့ ဖြစ်ပါသည်။
ဤသို့ မလိုလားအပ်သည့် ပြဿနာများ တိုင်းပြည်အတွင်း မဖြစ်ပေါ်စေရန် အတွက် မည်သူတစ်ဦး
တစ်ယောက်ကမှ တာဝန်ခံနိုင်မည် မဟုတ်ပါ။ အဘက်ဘက်က သေသေချာချာ တွက်ချက်၍ စစ်မှန်သည့်
ပြည်သူ့ကိုယ်စားလှယ်များက ၀ိုင်းဝန်းရေးသား ပြဌာန်းထားသော တိကျခိုင်မာသည့် ဥပဒေကသာ ပြည်သူ
များအပေါ် အာမခံချက် အပြည့်အ၀ဖြင့် တာဝန်ခံနိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့် ညီလာခံကိုယ်စားလှယ်တော်ကြီးများအနေဖြင့် ညီလာခံမှ ထွက်ပေါ်လာမည့် အခြေခံ
ဥပ ဒေအား တိုင်းပြည်နှင့် နိုင်ငံသားတို့၏အကျိုးကို ရှေးရှု၍ အထက်ပါ အချက်အလက်များကို သေချာစဉ်းစား
ကာ အစိုးရ၀န်ထမ်း အကြီးအကဲများ၏ ကိုယ်ကျင့်တရားဆိုင်ရာ ထိမ်းသိမ်းသည့် ဥပဒေ အချက်အလက်များ
ကို ထည့်သွင်း ရေးဆွဲနိုင်ရန် တင်ပြ တောင်းဆိုလိုက်ပါသည်။
ပြည်တွင်းပြည်ပမြန်မာလူငယ်များ
အပြည့်အစုံ...သို့.....
Monday, July 2, 2007
သတိထားမှု ယာယီ ဇာတ်သိမ်းခြင်း
သတိထားမှု များနဲ့  ပက်သက်ပြီး အခြေခံသဘောလောက်တော့ တင်ပြပြီး ဖြစ်ပါတယ်..တကယ်တော့ အားလုံးသိနေကြတဲ့ ကိစ္စတွေပါပဲ..တကယ်လုပ်ဆောင်မှု မလုပ်ဆောင်မှုကြောင့်သာ သတိလက်လွတ်ဖြစ်နေရတာပါ...ဒါတွေကို တကယ်လေ့ကျင့်ကြတော့မယ်ဆိုရင် မိမိစိတ်ကို နိုင်မှရမှာပါ..မဟုတ်ရင်တော့ ဒီနေ့ လုပ် မနက်ဖြန်မေ့ပါပဲ..ဒါကြောင့် ဒါတွေလေ့ကျင့်ကြတဲ့ အခါ တကယ်နားလည်သူတွေ ဦးဆောင်လေ့ကျင့်ပေးနိုင်သူများ ရှိမယ်ဆိုရင် တကယ်တိုးတတ်လာမှာပဲ..မြန်မာနိုင်ငံမှာ အာဏာရှင် စနစ်မှသည် ဒီမိုကရေစီစနစ်သို့  တတ်လှမ်းဖို့ အတွက် တိုက်ပွဲဝင်နေသူများသည်လည်း နည်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်နေကြပါတယ်..လက်နက်ကိုင် လမ်းစဉ်အရပဲ ဖြစ်ဖြစ်..ငြိမ်းချမ်းရေးလမ်းစဉ်အရပဲ ဖြစ်ဖြစ် သတိဆိုတာ အမြဲရှိရပါမယ်..ပြောပြောနေကြတဲ့ နိုင်ငံရေး သတိရှိကြပါဆိုတာ အပြောပဲ လွယ်တယ်ပါ.. တကယ်မလွယ်လှပါဘူး..နိုင်ငံရေး သတိရှိဖို့ အတွက် တဘက်ပြောလာတာတွေ အပေါ်ဆုံးဖြတ်နိုင်ရမယ်..စဉ်းစားတွေးခေါ်နိုင်ရမယ်..သတိရှိရှိနဲ့  သူတို့ ဘာကြောငိ့ ဒီလိုပြောလာတာလည်း ဆိုတာမျိုး.. သူတို့ ဘယ်အချိန်မှာ ဘာလုပ်လာတော့မယ် ဆိုတဲ့ လမ်းတွေကို ကြိုမြင်နေရပါမယ်...ဦးကျော်ဆန်း သတင်းစာရှင်းလင်းပွဲ လုပ်မှ သိရတာမျိုး မဟုတ်ပဲ ...ဒီလို မလုပ်ခင်ထဲက သူတို့ ဘာခြေလှမ်း လှမ်းဖို့  အတွက် ဒါတွေလုပ်တော့မယ် ဆိုတာ ကြိုတင်ကာကွယ်မှုတွေ လုပ်နိုင်မှာပါ... ဒီနေရာမှာ ဒီပဲရင်းလို ကိစ္စမျိုးပါ..စဉ်းစားကြည့်ပါ.. ကျနော်ပြောခဲ့တဲ့ အတိုင်းသာ အလေ့အထ အကျင့်ကို ရောက်နေမယ် ဆိုရင် ဒီခရီးလမ်းကြောင်းကို ကာကွယ်မှုပြုနိုင်မှာပါ..တန်ပြန်သဘောအရ သတင်းထောက်တွေ ခေါ်သွားပြီး သက်သေတောင် ပြန်ယူလို့ ရတဲ့ အနေအထားမျိုးပါ...လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့  အတူတူ လိုက်လိုသူများပြီး ကာကွယ်ဖို့ တော့ ကြိုမတွေးကြပါဘူး..သတိရှိခြင်း မရှိခြင်းဟာ ဒီမှာကွာပါတယ်.. ကြားသိရသလောက်ကတော့ လေးစားစရာပါ.. သူရဦးတင်ဦးဟာ ကြိုတင်သတိရှိခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့  ကားခြင်းလဲစီးနိုင်ခဲ့ပါတယ်.. ဒါဟာ သတိတချက်လေးပါပဲ...
ဒီနေ့ ပိုစ့်တင်ပြီးရင် သတိနဲ့  ပက်သက်လို့  ထပ်မတင်တော့ပါဘူး.. အမှန်တကယ်သာ ကျင့်ကြံချင်ရင် ဒီလောက်နဲ့ တင် တော်တော်လေးလုံလောက်နေတယ်လို့  ယူဆမိပါတယ်..ဒီနေ့ အတွက် နောက်ဆုံး ပိုစ့်အနေနဲ့  နောက်လိုက်ကောင်း ဆိုတာနဲ့  ပက်သက်လို့  ပြောချင်ပါတယ်.. ဆက်စပ်မှုရှိမယ် ထင်လို့ ပါ.. ကြားကြားလာရတဲ့ စကားတခွန်းကတော့ ကျနော်ကတော့ဖြင့် ဦးဆောင်သူမလုပ်နိုင်ရင်တောင် နောက်လိုက်ကောင်း ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စကားပါ.. ဒါဖြင့် နောက်လိုက်ကောင်း ဆိုတာကို ဘယ်လိုမြင်ထားကြပါသလဲ...ဖတ်ရူသူများ အမြင်ရှိရင်လည်း ရေးပေးကြပါ...ကျနော် အမြင်ကိုပဲ တင်ပြပါ့မယ်.. ခေါင်းဆောင်ကောင်း တယောက်ကို ရထား၇ဲ့  ခေါင်းတွဲ..နောက်လိုက်ကောင်း တယောက်ကို ရထားရဲ့  ကိုယ်တွဲများနဲ့  ခိုင်းနှိုင်းနေကြပါတယ်..ကျနော် အယူအဆ အရကြည့်မယ် ဆိုရင် ခေါင်းတွဲ သွားသမျှ တကောက်ကောက်လိုက်ပြီး ခေါင်းတွဲ ရပ် လိုက်ရပ် ခေါင်းတွဲ ကွေ့  လိုက်ကွေ့ ..ဆိုတော့ ခေါင်းတွဲ ချောက်ထဲကျရင် လိုက်ကျဖို့ ပဲရှိပါတယ်.. ဘာနဲ့ တူလည်း ဆိုတော့ ဟိုးအရင်က ရုပ်ရှင်လက်မှတ်ဝယ်ဖို့ တန်းစီတာနဲ့  တူပါတယ်..ရှေ့ ဆုံးကလူ ၀ယ်ပြီးထွက်သွားလို့  နောက်လူတလှမ်းတိုးတာနဲ့  တတန်းလုံး တလှမ်းတလှမ်းဆီလိုက်တိုးတာ အရှိန်လွန်ကုန်ပြီး ရှေ့ လူ ပိပြားတော့တာပဲ... ကျနော်နားလည်ထားတဲ့ နောက်လိုက်ကောင်း ဆိုတာ ရှေ့ တန်းစစ်ကြောင်းတကြောင်း ထွက်ပုံနဲ့ တူရမယ်..ဘော်ရီဂတ် တယောက်နဲ့  တူရမယ်... ရှေ့ တန်း စစ်ကြောင်းထွက်ပုံဟာ ဘယ်ဗိုလ်ကမှ ရှေ့ ဆုံးက လမ်းမလျောက်ပါဘူး..ကင်းထောက်အဖြစ် တပ်သားများသွားရပါတယ်..တနည်းအားဖြင့် ဒီဗိုလ်ကြောက်လို့ လို့  မသုံးသတ်ပါနဲ့ ..သူက ရှေ့ ဆုံးက သွားပါမယ် ဆိုသည့်တိုင် ခေါင်းဆောင်ရဲ့  အန္တရာယ်ကို သိတတ်ရပါမယ်..ဒါမှ နောက်လိုက်ကောင်း လို့ သတ်မှတ်ပါမယ်... ဘော်ဒီကတ် ဆိုတာလည်း သက်တော်စောင့် တို့ ၏ ၀တ်တရား အတိုင်း ကြိုတင်စုံစမ်းမှု လုပ်ရမယ်.. ကိုယ်စောင့်ရှောက်နေသူ အန္တရာယ်မကျရောက်အောင်လုပ်ရမယ်.. ရပါတယ် ပြောလည်း လုပ်ရာမှာ သက်တော်စောင့် အလုပ်ပါ.. ဆိုလိုတာက နောက်လိုက်ကောင်းလုပ်သင့်သည့် အလုပ်ဟာ ဒီမိုကရေစီ ပန်းတိုင်သို့  သွားနေသော ရထားကြီးနောက်က လိုက်ပါနေဖို့  သတ်သတ်မဟုတ်ပဲ ထိုရထားကြီး ဘယ်ကိုဦးတည်သွားချင်သလဲ..ဆိုတာ သိရမယ်.. လမ်းတွင် ကျရောက်မယ့် အန္တရာယ် တွေ အတွက် ကြိုတင်ဖယ်ရှားကြရမယ်..ဒါမှ ကိုယ့်ခေါင်းဆောင် သွားလိုတဲ့ လမ်းကြောင်းကို မြန်မြန်ရောက်တော့ မှာပေါ့.. အခုတော့ နောက်လိုက်ကောင်း ဆိုတဲ့ နားလည်မှု တမျိုးနဲ့  ပြည်တွင်းမှာ ဒါလုပ်ရင် ငါတို့ လည်း ဒါလုပ်ကြမယ်..ဆိုတော့ ပြည်တွင်းက ရပ်ပြီဆိုရင် နောက်လိုက်တွေက တော်တော်နဲ့  အရှိန်မသတ်နိုင်ကြတော့ဘူး... ဒါထက်ပိုအရေးကြီးတာ ပြည်တွင်းမှာ ဘာတွေ လုပ်နေလဲ..ဒီလုပ်ရပ်ဟာ ဘာကိုဦးတည်ချင်တာလဲ..ပြည်တွင်းက ဦးတည်ချင်တဲ့  လမ်းကြောင်းကို မိမိတို့ က လမ်းကြောင်းက အတားအဆီးကို ရှင်းကြမယ်..ဒီလို ဖြစ်မှ ခေါင်းဆောင်တွေ သွားချင်တဲ့ လမ်းရောက်တော့မှာပေါ့.. အခုတော့ ကိုယ့်ခေါင်းဆောင်ကို ဖမ်းချင်ဖမ်း လွှတ်ချင်လွှတ်လုပ်နေလည်း ကြည့်နေရတာပဲ... တခါတုန်းကဆို သေနတ်မှာ ဘတ်နက် တတ်ပြီး ချိန်ထားတာကို ရဲရဲဝင့်ဝင့် တိုးသွား၇ဲတဲ့ သတ္တိရှိတဲ့ လူထုခေါင်းဆောင်ပီသသူတယောက်ကို နောက်လိုက်ကောင်းပီသစွာနဲ့  မကာကွယ်နိုင်ကြပါဘူး...
အထူးသဖြင့် ငြိမ်းချမ်းစွာ လှုပ်ရှားကြသူများမှာ စိတ်ဓာတ်ကို အဓိက ထားကြ၇ပါတယ်.. ဒီစိတ်ဓါတ်နဲ့  တောင့်ခံနေကြတာပါ..ဒီလို လူတွေ အတွက် သတိရှိဖို့  ပိုလို့ တောင် အရေးကြီးပါသေးတယ်... နောက်လိုက်ကောင်း ဖြစ်ဖို့  တကယ်တော့ မလွယ်လှပါဘူး.. နောက်လိုက်ကောင်းပဲ လုပ်ပါ့မယ်ဆိုပြီး ပေါ့သေးသေး အလုပ်သဖွယ် ပြောဆိုမှုများလည်း ပြန်လည်ဆန်းစစ်သင့်ပါတယ်... ကျနော်ပြောနေတာတွေ မှားချင်မှားမယ်..ဒါကတော့ ခံစားသူစိတ်နဲ့  ဆုံးဖြတ်ရမှာပါ... သတိထားမှု နဲ့ ပက်သက်ပြီးတော့ အချက်နည်းနည်း ဝေလှလိုက်ပါတယ်..
တစုံတရာကို စုံစမ်းနေသူသည် (လမ်းမ၌)
၁..အ၀တ်အစားဝတ်ဆင်ရာ၌ လူများအတွင်း သတိပြုမိနိုင်သော အရောင်တောက်လွန်းသော အ၀တ်အစား မဖြစ်စေရ... သတိပြုမိနိုင်သည့် အရုပ်များ တံဆိပ်များ ပါသော အ၀တ်အစား မဖြစ်စေရ..
၂..အရပ်သည် ၄ ပေ ၈ လက်မ ထက်ပုသူနှင့် ၆ ပေ ကျော်နေသူများ မဖြစ်စေရ.. ကိုယ်ခန္ဒာအားဖြင့် မပိန်လွန်း မ၀လွန်းသူ ဖြစ်ရမည်
၃..ဆံပင်သည် ကတုံး မဖြစ်နေစေရ... နားပေါ်သို့  ဖုံးနေသူများလည်း မဖြစ်စေရ.. ဆံပင် တို၇မည်
၎..တစုံတရာကို ကြည့်ရူရာတွင် ၇ပ်တန့် ကြည့်ရူသူမဖြစ်စေရ..ခြေလှမ်း တုန့် မသွားစေရ..
၅..ရီမောရာတွင် သော်လည်းကောင်း..နှာချေရာတွင်သော်လည်းကောင်း..ချောင်းဆိုး ရာတွင်လည်းကောင်း.. အလွန်ကျယ်လောင်စွာမဖြစ်စေရ
တစုံတရာကို ရှာဖွေနေသူသည် (အဆောက်အအုံ အတွင်း)
၁..အောက်ဆုံးမှ စတင်ရှာဖွေရမည်.. တဆင့်ခြင်း အပေါ်သို့  ရှာဖွေရမည်.. သို့ သော် နှေးကွေးစွာ မဖြစ်ရ..
၂..မည်သည့် ပစ္စည်းဖြစ်စေ.. ခြေရာခံရာ၌ ထည့်သွင်းခြေရာခံ၇မည်...
၃.. တဆငိ့ခြင်း ရှာဖွေမှု ပြီးမြောက်ပါက နရံ မျက်နှာကျက်များ ကြမ်းပြင်များ သို့  ရှာရမည်...
၎.. ရှာဖွေမှု မပြီးသေးပဲ မည်သို့ မှ ထွက်မသွားရ..
သင့်ကင်း ဒီလောက်နဲ့  ပဲ သတိထားမှု ပိုစ့် ဂဏ္ဍရပ်တန့် ပါရစေ.. အလေ့အကျင့်မှ အလေ့အထ သို့  တတ်လှမ်းနိုင်ပါစေ..
အပြည့်အစုံ...သို့.....
Saturday, June 30, 2007
သတိထားမှု လေ့ကျင့်ခန်း ၃ (သို့ ) ကွန်ယက်အား ချိုးဖျက်ခြင်း ၃
လွန်ခဲ့တဲ့ ၇ နှစ်လောက်က စာအုပ်တအုပ်ထဲမှာ ယူဂျီ နဲ့ ပက်သက်လို့ နည်းနည်းဖတ်လိုက်ရတယ်... အဲဒီ အထဲက တချက်ကို ဖတ်လိုက်တော့ တော်တော်လန့် သွားတယ်.. သူရေးထားတာက သာမန်အားဖြင့်တော့ မှန်ပါတယ်.. ယူဂျီတွေအနေနဲ့  ပြည်တွင်းမှာ လှုပ်ရှားကြတဲ့ အခါ..သတင်းပေးတွေလို့ ယူဆရသူတွေကို ချဉ်းကပ်ပြီး သူတို့ ဆီကနေ သတင်းပြန်ယူဖို့ ပါ.. ဒီလိုလုပ်ရာမှာ ငွေအားဖြင့် အကုန်အကျကိုလည်း ခံနိုင်ရမည်တဲ့.. ရေးထားပါသေးတယ်..တန်ပြန်ထောက်လှန်းတာပါတဲ့... ဒီနေရာမှာ သေချာတာတခုက ရေးသူဟာ နအဖ ထောက်လှမ်းရေး အကြောင်းနားမလည်ပဲ အင်္ဂလိပ်စာအုပ်တခုခုကနေ ကိုးကားထားတယ်လို့ ပဲ ယူဆမိတယ်... အမြင်တခုအရ ဒီလူတွေကို စည်းရုံးပြီး သူတို့ ဆီက သတင်းယူမယ်..ဟုတ်တော့ ဟုတ်သလိုနဲ့  အားလုံးဒုက္ခရောက်ကုန်မယ်... ဒါကြောင့်များ ယူဂျီလောက အားနည်းသွားလေသလားလို့  တွေးမိပါတယ်... မိမိတို့  အနေဖြင့် ထောက်လှမ်းမှုတခုပြုကြရာတွင် ကွန်ယက် သည်အရေးကြီးလာပါသည်... စစ်အာဏာပိုင်များ၏ ကွန်ယက်ကို သုံးသပ်ကြည့်ပါက အကြမ်းအားဖြင့် ၀န်းရံ ဟူသော သဘောဆောင်ပါသည်... ခေါနေသောမြွေကို တကောင်လုံးစာ တခုခုဖြင့် အုပ်ဖမ်းလိုက်လျင်မိပါသည်.. ခေါင်းတုတ်နဲ့ ထိုး..အမှီးတုတ်နဲ့ ထိုး ဆိုရင်တော့ ပြန်လည်ရန်မူရန် အသင့်ဖြစ်သွားပါလိမ့်မည်.. ထို့ အတူ ကွန်ယက် တခုကို ကွန်ယက်ဖြင့် သာပြန်လည်အုပ်ဖမ်းသင့်ပါသည်.. ဒီလိုမှ မဟုတ်ပဲ ကွန်ယက်ကို ဘယ်နေရာက တိုးရင်လွယ်မလဲဆိုပြီး သွားတိုးနေခဲ့မယ်ဆိုရင်တော့ သင်သည် ကွန်ယက်၏ ထိန်းချုပ်ခြင်းကို ခံရပေမည်... ကွန်ယက် ဟု ဆိုရာတွင် အမျိုးအစားအားဖြင့် ထောက်လှမ်းရေးပိုက်ကွန် ဖြစ်ပါသည်..ထို့ ကြောင့် မိမိလာအတိုးကို စောင့်နေမည်ဖြစ်ပါသည်... သို့ ကြောင့်ပင် မိမိတို့ သည် ယူဂျီများ အဖြစ် အများနှင့် လှုပ်ရှားကြပြီး တဘက် သတင်းပေးဟု ယူဆရသူအား စည်းရုံးကြပြီဆိုပါစို့ ..တနည်းအားဖြင့် သူ့ ထံမှ သတင်းပြန်ရှာကြပြီ ဆိုပါစို့ .. မိမိတို့ သည် အကြောင်းအမျိုးမျိုး ဖန်တီးကာ သူနှင့် ထိဆက်မှုပြုကြပေမည်... ထိုအခါ သင်၏ စည်းရုံးမှု ကောင်းခြင်းကြောင့် သူသည် သင်ဘက်ကဖြစ်သွားပေမည်.. သင့်အား သတင်းပေးပေလိမ့်မည်...သို့ သော် မကြာမှီ သင်တို့ ယူဂျီတဖွဲ့ လုံး အနှိမ်နင်း ခံရတော့မည် ဖြစ်သည်... အဘယ်ကြောင့်နည်း... ပိုက်ကွန်ဟူသည် တခုနှင့် တခု ထိဆက်နေအောင် ဖန်တီးထားခြင်းဖြစ်သည်... သင်တို့  စည်းရုံးလိုသော သူတို့ သည် ထောက်လှမ်းရေးမှ မွေးထုတ်ထားသောသူများဖြစ်သည်... ဒါနှင့် ပက်သက်ပြီး နောက်များမှ သေချာအောင်ပြောပါမည်.. အဓိကတော့ သူတို့  လက်သပ်မွေးထားသူများဖြစ်သည်..သို့ သော် ထောက်လှမ်းရေး တို့ သည် မည်သည့်အရာကိုမျှ ယုံစားလိမ့်မည်မဟုတ်ပေ...နည်းစနစ်ကိုသာလျှင် ကျင့်သုံးပေလိမ့်မည်..ထို့ အတွက် နည်းစနစ်အရ တန်ပြန်ထောက်လှမ်းခြင်းကို ကျင့်သုံးကြပေမည်.. တန်ပြန်ထောက်လှမ်းခြင်းအရ..တနည်း..ကွန်ယက် သဘောအရ ထိုမွေးထုတ်ထားသူအချင်းချင်း ထောက်လှမ်းမှုပြုနေကြမည် ဖြစ်သည်..ထိုသို့ စောင့်ကြည့်ကြရာတွင် ရှေ့ ပိုစ့်များတွင် ပြောခဲ့သလို ဖြစ်စဉ် အမှတ်အသားများ အရ ရေးမှတ်ကြပေတော့မည်..ထိုအခါ ယူဂျီတို့ သည် မည်သည့်နည်းလမ်းဖြင့် ချဉ်းကပ်၍ ထိုသတင်းပေးဟု ယူဆရသူဖြင့် ထိဆက်မိပါက..ထိုသတင်းပေးဟု ယူဆရသူနှင့် အဆင်ပြေသည်ဖြစ်စေ..အဆင်မပြေသည်ဖြစ်စေ... ဆင့်ကဲ စောင့်ကြည့်နေသုတို့ ၏ ဖြစ်စဉ်မှတ်တမ်းထဲတွင် သင်ပါသွားပြီ ဖြစ်သည်.. ထို့ အတွက် သင်တို့ သည် ထောက်လှမ်းရေးပိုက်ကွန်၌ ငြိသွားကြပြီ ဖြစ်သည်.. သို့ သော် သင်အား မည်သို့ မျှ အန္ဒရာယ်မပြုသေးပဲ.. သင်၏ ဖြစ်စဉ်မှတ်တမ်း ရေးမည့်သူတဦး ထပ်မံပေါ်ပေါက်လာပေတော့မည်...ထို့ ကြောင့် သင်တို့ ၏ ယူဂျီသည်လည်း ကိုယ်မပျောက်နိုင်ကြတော့ပေ... ထို့ ကြောင့် မိမိတို့ သည် အမှန်တကယ် ချဥိးကပ်လိုပါလျင် အိပ်နေသောမြွေအား အုပ်ဖမ်းသကဲ့သို့  ထိုပိုက်ကွန်ကို ပိုက်ကွန်ဖြင့် ထပ်အုပ်ပြီး ထိန်းချုပ်ရပေလိမ့်မည်... ထို့ ကြောင့် ဖြစ်စဉ် ရေးသားခြင်း အကျင့်သည် အရေးပါကြောင်း ပြောခဲ့ခြင်းဖြစ်သည်... မိမိချဉ်းကပ်မည့်သူအား သူ၏ ဖြစ်စဉ်မှတ်တမ်းကို အချိန်ပေး၍ မှတ်သားထားခြင်းအားဖြင့် ထိုသူ၏ ဆက်နွယ်မှုများ ပေါ်လာပြီး.. အဆငိ့ဆင့် လိုက်လံ ထိန်းချုပ်လိုက်ပါက ထိုထောက်လှမ်းရေးကွန်ယက်သည် သင်၏ အကောင်းဆုံး သတင်းပေးသူများ ဖြစ်သွားပေလိမ့်မည်... သို့ သော်..ကွန်ယက်တခုကို စကိဝိုင်းတခုဟု မြင်ကြည့်ပါ... အပြင်က သူ့ ထက်ကြီးသည့် စက်ဝိုင်းဖြင့် အုပ်လိုက်ပါက ထိုကွန်ယက် ပိတ်မိသွားပေမည်... ထိုသို့ ပိတ်မိနေသော ကွန်ယက်သည် မသင်္ကာစရာတခု ဖြစ်လာပြီး ပြန်လည် ဒုက္ခပေးနိုင်ပေမည်..ထို့ ကြောင့် ထိုစက်ဝိုင်းတခုအား ဖွင့်ဟထားသော စက်ဝိုင်းဖြင့် အုပ်သင့်ပါသည်..ပုံအားဖြင့် ဂ ၁ ပ င ဆိုသော ပုံများဖြင့် စက်ဝိုင်းအား အုပ်နိုင်ပါမှ သူ၏ ပုံမှန် လည်ပတ်နေသဖြင့် သင်သည် အ၀င် အထွက်မှ သတင်းစောင့်နားထောင်ရုံသာ ဖြစ်ပေလိမ့်မည်... ထို့ ကြောင့် တန်ပြန်ခြင်းသည် သူတပါး၏ ကွန်ယက်ကို အပေါ်က ထပ်အုပ်ထားလိုက်ခြင်းသာဖြစ်ပါသည်..ရင်ဆိုင်တိုးခြင်းမဟုတ်ပါ... စဥိးစားကြည့်သင့်တာက ထိုသို့  ရန်သူ ၏ လက်ပါးစေများ အများအပြားပေါ်ထွက်နေပါသည်.. ထိုသည်မှာ ပိုက်ကွန်တခုဖြစ်ခဲ့ပါလျင် မိမိတို့ ဘက်မှ လာရောက်တိုးအောင် သတင်းပေးများဟု အသံလွင့်နေကြတာလားဆိုတာတော့ ကျနော်လည်း မသိပါဘူး.. ဟုတ်များဟုတ်လေမလားဟဲ့ ဟုစဉ်းစားရင်း........
အပြည့်အစုံ...သို့.....
Thursday, June 28, 2007
သတိထားမှု လေ့ကျင့်ခန်း ၂ (သို့ ) ကွန်ယက်အား ချိုးဖျက်ခြင်း ၂
ကျနော် တို့  တွေဟာ မကျေနပ်ချက်ရှိလို့  ဖြစ်စေ.. စိတ်ဝင်စာမှုရှိလို့  ဖြစ်စေ သူတပါးကို စောင့်ကြည့်ကြတတ်ပါတယ်... ဒီလို လုပ်တာဟာ မှားပါတယ်... စစ်ပွဲတပွဲ (သို့ ) ဘောပွဲ တပွဲမှာ တဘက်ရဲ့  အခြေအနေကောင်းမကောင်းကို မစဉ်းစားခင် ကိုယ့်ဘက်က ကောင်းအောင် ပိုင်နိုင်အောင် အရင် ပြုလုပ်ရပါတယ်... ဒီလို ပြုလုပ်ဖို့  မိမိရဲ့  အနီးဆုံး ပတ်ဝန်းကျင်မှ စလေ့လာရပါတယ်.. ဥပမာဖြစ်စဉ်အားဖြင့်..တနေ့ မှာ ဗိုလ်မှူးက မိမိရဲ့  အနီးပတ်ဝန်းကျင် နဲ့  ပက်သက်ပြီး ၁၀ မိနစ် မှတ်စု ချက်ချင်းရေးခိုင်းပါတယ်... ရေးတဲ့ သူတွေကလည်း စဉ်းစားပြီးရေး.. ဟိုနားဒီနားသွားကြည့်ပြီး ရေးသားသူတွေရော အမျိုးမျိုးပါပဲ...အဲဒါကို တွေ့ တဲ့ ဗိုလ်မှူးက ချက်ချင်းအားလုံးကိုခေါ်ပြီး ငေါက်ပါတယ်.. ကျနော်တို့  တွေဟာ ပတ်ဝန်းကျင်ကို သွားပြီး အားသန်ပါတယ်... တကယ်တော့ မိမိကိုယ်ပေါ်မှာတင် မှတ်စုရေးရပါတယ်... ဆိုလိုရင်း သဘောပေါက်ပါ့မလား မသိဘူး.. ရူပ်နေရင် ပြောကြပါ... ကျနော်တို့ တွေ တနေ့ အင်္ကျီဝတ်လိုက် ဟိုဟာလေး စားလိုက် ဟိုသွားလိုက် ဒီသွားလိုက် ..နေ့ စဉ်ရက်ဆက် လုပ်လာတဲ့ အခါမှာ အမြဲလိုလို လုပ်နေတဲ့ အလုပ်တွေလို ဖြစ်လာပါတယ်..တယောက်ယောက် သာ ကိုယ့်ကို လုပ်ကြံချင်ရင် မခက်တော့ဘူးပေါ့... မိမိသွားတဲ့ နေရာတွေမှာ လုပ်ကြံမယ်.. စားတတ်တဲ့ အစားအသောက်တွေမှာ လုပ်ကြံမယ်... ထောက်လှမ်းရေး သင်တန်းတခုမှာ ဆိုရင် သောက်ရေအိုးထဲကို ဆားတွေခတ်ထားပါတယ်... သောက်နေကြဆိုတော့ လက်က အရမ်းမြန်ပါတယ်... ညာကခွက်ကိုင်လိုက်တာနဲ့  ဘယ်က အဖုံးဖွင့်ပြီးသား...ဒီတော့ မိမိအတွက် မိမိကာကွယ်ဖို့ လိုလာပါတယ်... ဒီလို လိုလာတဲ့ အခါကျတော့ သူတပါးက မိမိကို စောင့်ကြည့်နေသကဲ့သို့  မိမိကိုယ်မိမိ သတိထား စောင့်ကြည့်ရပါတယ်... ဒါကြောင့် မှတ်တမ်းရေးတာတွေ ဖြစ်လာပါတယ်... မှတ်တမ်း ရေးတာဟာ ကိုယ်လိုချင်တာကို ရေးတာပါ.. ဒီပညာရဲ့  အခြေခံမှာ ရေးတာက ဖြစ်စဉ်ရေးတာပါ... ဖြစ်စဉ်ရေးအခါ မိမိလိုရာတခုထဲ မဟုတ်ပဲ ဖြစ်ပေါ်လာတဲ့ ထူးခြားချက်ကို ဖြစ်စဉ်ရေးတာပါ... ရဲတွေ ဘာတွေ ကြုံတွေ့ ဘူးသူ ရှိရင် သိပါလိမ့်မယ်... အခင်းဖြစ်စဉ်ကို ရေးရင် မနက် အိပ်ယာထရာက စပြီး မဆိုင်တာတာတွေပါ အကုန်လုံး အချိန်ခန့်မှန်းခြေတွေနဲ့  ရေးသားပါတယ်... ဒါဟာ ဖြစ်စဉ်ရေးတာပါ... ဒီအခါ မိမိလိုရာတင် မဟုတ်တော့ပဲ မိမိသတိမထားလိုက်မိတဲ့ အသေးအဖွားလေးတွေဟာ မိမိဖြစ်စဉ်ထဲ ၀င်လာပါတယ်... ဒီဟာနဲ့  ဆက်စပ်ပြီး ဗိုလ်ချုပ်တွေကို ကာကွယ်ရာမှာ သုံးတဲ့ ဗျူဟာတွေ ဖြစ်လာတာပါ... ဗိုလ်ချုပ်မှူးကြီးများ လန့် သွားမလားပဲ... မလန့် ပါနဲ့ ... ပစ်ဖိုင်နယ် အကြောင်းတွေ မပြောသေးပါဘူး.. ဒီတော့ ကျနော်တို့ တွေဟာ မိမိကိုယ်ကို ဖြစ်စဉ်ရေး ကျင့်သင့်ပါတယ်...ဒီလိုရေးသားရာမှာ အင်္ကျီဘာဝတ်တယ်...ဆိုတာမျိုးက အစ အသေးစိတ်ရေးသား တတ်အောင်ကျင့်ပါ... ဒီလို ကျင့်ပြီး ၁ ပတ် အကြာမှာ ဒီဖြစ်စဉ်ကို မိမိရဲ့  ရန်သူ သွားလာနေထိုင်ပုံ အဖြစ်ရူမြင်ကြည့်ပါ... အဲဒီ အခါ ဟာကွက်ဆိုတာတွေ တွေ့ လာပါမယ်...ဒီ အခါကျမှ တန်ပြန်မှု အပိုင်းတွေ ဆက်လေ့ ကျင့်ပါ... ဟာကွက်တွေ တွေ့ လာတာနဲ့  အမျှ ဘယ်လို ထိုးနှက်ရင် ရနိုင်မလဲ ..ထိုးနှက်ရာမှာ သူသွားတဲ့  နေရာတွေကို အချိန်နဲ့  အတိအကျ ဘယ်နေရာမှာ ထိုးနှက်နိုင်မလဲ .. သူရဲ့  အနီးကပ် ထိုးနှက်ရာမှာ ဘာလို လုပ်ကြံမလဲ ဆိုတာ တွေ တွေ့ လာရမှာပါ... ဒီလိုပဲ မိမိသာဆိုရင် ဘယ်လို ရှောင်တိမ်းမယ်... ဘယ်ကနေ ဘယ်ကို ပြေးရင် ဘယ်လမ်းခရီး ဘယ်လောက်အကွာအဝေး ရန်သူရှိနေနိုင်တဲ့ နေရာတွေ စတာတွေကို တွေ့ ရမှဖြစ်ပါတယ်...ဒီလို ရုတ်တရက် တန်ပြန်လှုပ်ရှားနိုင်ဖို့ ဆိုတာ အရင်ပိုစ့်မှာ ပြောခဲ့သလို နေရာဒေသ အချိန်ကာလ ကျွမ်းကျင်အောင် လုပ်ရပါမယ်...ငယ်ငယ်ကလို ကျက်မှတ်ရပါမယ်... ဒါမှ တန်ပြန်လှုပ်ရှားမှု အပိုင်းကို လုပ်နိုင်မှာ ဖြစ်သလို ဆုတ်ခွာခြင်း အပိုင်းတွေမှာ သုံးနိုင်မှာဖြစ်ပါတယ်...ကျနော် မွေးဖွားပြီးချိန်မှ ၁၆ နှစ်သားထိ အိမ်မှာ ပစ္စည်းကို ထားပြီးရင် ဘယ်နေရာထားမှန်းမသိတော့ဘူး..ရှာလို့ တွေ့ ရင်လည်း မိမိမထားခဲ့တဲ့နေရာမျိုးက ပြန်တွေ့ တယ်.. ဘယ်သူယူတယ်လို့ လည်း မပြောနိုင်တော့ဘူး... ထောက်လှမ်းရေးတယောက်ဟာ သူကပြောတဲ့ စကားထက် သူများပြောလာတဲ့ စကားကို ယူလေ့ ရှိပါတယ် ...ငယ်ငယ်က ကျနော်အိမ်က လှေကား အရှည်ကို ဘယ်နှစ်ထစ်ရှိမှန်း မသိခဲ့ဘူး...ထမင်းစား ပန်းကန် ဘယ်နှစ်ချပ်ရှိမှန်းမသိခဲ့ဘူး... ဖြစ်သင့်ပါတယ်...သတိဆိုတာ မထားတတ်ခဲ့လို့ ပါ... အရေးမပါလို့  စိတ်မ၀င်စားခဲ့တာလည်း ပါတာပေါ့.. ၁ ခုတည်း အနေနဲ့  အရေးမပါနိုင်ပေမယ့် စုပေါင်းလိုက်တဲ့ အခါ မြန်မာပြည်ကို ထင်တိုင်းကြဲခဲ့တဲ့ ယန္ဒယားတခုဖြစ်ခဲ့တာ သာဓကပါ... ဒါကြောင့် အနီးစပ်ဆုံး မိမိကိုယ်မိမိ ၁ ပတ်လောက်ပြန်လေ့လာကြည့်ကြပါအုံးလို့  ပြောရင်း အပိုင်း ၂ ကို ဇာတ်သိမ်းလိုက်ပါတယ်...
အပြည့်အစုံ...သို့.....
Wednesday, June 27, 2007
သတိထားမှု လေ့ကျင့်ခန်း ၁ (သို့ ) ကွန်ယက်အား ချိုးဖျက်ခြင်း ၁..
ရှေးဦးစွာ မိမိတို့ သည် မှတ်စု စာအုပ်တအုပ်နှင့် ဘောပင် အမြဲဆောင်ထားရပေမည်... မိမိတို့ ၏ အလုပ် သို့ သော်လည်းကောင်း... တနေရာရာသို့  သွားခြင်းဖြင့် လည်းကောင်း... လေ့ကျင့်ရန် တမင်သွးရောက် ခြင်းဖြင့်သော်လည်းကောင်း သွားလာကြပါလိမ့်မည်..ထိုသို့ သွားလာရာတွင် အလွယ်ဆုံးနှင့် အခြေခံ အကျဆုံး လေ့ကျင့်မှုမျိုး ပြုလုပ်နိုင်ပေမည်.. ဤတွင် ဘစ်စကား (သို့ ) ရထားဖြင့် သွားလာကြပါသည်..ထိုလေ့ ကျင့်ခန်းနဲ့  ပက်သက်၍ အပိုအလုပ်ဟု လည်းထင်ကောင်း ထင်နိုင်ပါသညိ..သို့ သော် ဒီလို အလေ့အကျင့် များများလုပ်မှ အလေ့အထ တခုဖြစ်လာပါမည်... ထို့ ကြောင့် လေ့ကျင့်ပုံစံအား ဖော်ပြလိုပါသည်... ခရီးစတင်သွားလာရာမှ စတင်ကာ ဘူတာ (သို့ ) မှတ်တိုင်များကို မလွတ်စေပဲ မှတ်သားရပါမည်.. ဘယ်အချိန် ဘယ်ခရီးသွားသွား မှတ်သားနေရပါမည်.. မှတ်ပြီးသားများကိုလည်း ဖြည်းဖြည်းကျက်မှတ်နေရပါမည်...ထိုနေရာတွငိ ဖြစ်ရပ်မှန်လေးတခု ပြောပြပါမည်...ထိုမှသာ ကျနော်၏ ဆိုလိုရင်းကို သဘောပေါက်နိုင်ပါလိမ့်မည်... တခါက ထောက်လှမ်းရေးများကို စတင်ခဲ့ပြီး လူတော်များ သီးသန့် ရွှေးနိုင်ရန် တပ်မတော် အတွင်းမှ တပ်ကြပ် ၂ရစ် တချို့ ကို ခေါ်စေပါသည်...ထို သူများသည် စာမေးပွဲဖြေဆိုပြီးအောင်မြင်သူ နည်းနည်းသာလျင် စစ်ထောက်သို့ ရောက်ရှိပါသည်... ထိုသို့ ဖြင့် ရောက်ရှိလာသော စစ်ထောက် ၅ ယောက်၏ ကြုံတွေ့ ရပုံလေးများဖြစ်ပါသည်... သူတို့  စစ်ထောကိသို့  ပြေငိးရွှေ့ လာသောနေ့ မှာပင် ဗိုလ်မှူးတဦးနဲ့ သွားရောက်တွေ့ ရပါသည်... နားပင်မနားရသေးပါ...ထိုဗိုလ်မှူးထံသို့ ရောက်ရှိသွားချိန်တွင် ဗိုလ်မှူးသည် အလုပ်ရူပ်လျက်ရှိနေပြီး..ရှေ့ ခုံပေါ်တွငိ ပိုက်ဆံ ၁၀ ကျပ် ခုံပေါ်တင်ထားပါသည်..ဗိုလ်မှူးဆိုသူက ထိုပိုက်ဆံကို တယောက် ၂ ကျပ်စီယူရန်နှင့် ဂိတ်စ ဂိတ်ဆုံး ဘက်စကား သွားစီးကြရန် ပြောပါသည်...ထိုစဉ်က ဂိတ်စ ဂိတ်ဆုံး ၁ ကျပ်ပါ... အသွားအပြန်ဆိုတော့ တယောက် ၂ ကျပ်ပါ... ဒီတော့ အားလုံးကလည်း ရန်ကုန်သား တယောက်မှ မပါ... ဘက်စကားလည်း မစီးဘူး...တောသား မြို့ တတ်တာထက်ဆိုးပါတယ်.. တာဝန်ဆိုတာကြီးက အပိုပါလာလို့ ပါ.. ဒီလိုနဲ့  မေးစမ်းသွားလာပြီး ကားဂိတ်တခုရောက်တော့ တယောက်တစီး စီ စိးကြပါတယ်... ကားတွေကလည်း ရှေ့ ဆင့်နောက်ဆင့် ဆိုသလို ထွက်ကြတာပါ... ဒီလိုနဲ့  စီးကြရင်း မှတ်တိုင် အမည်တွေ စာရွက်မှာ မှတ်ကြတာပေါ့... တခါတလေ မကြားလိုက်ရလို့  ဘေးနားကလူကို မေးရနဲ့  မှတ်ကြပါတယ်..ဒီလိုနဲ့  ပြန်လာကြပါတယ်... ဗိုလ်မှူးဆီကို သွားပြပါတယ်.. ဗိုလ်မှူးက မကြည့်ပါဘူး...ဆွဲဖြဲပစ်လိုက်ပါတယ်...နောက်တခေါက် ပြန်သွားခိုင်းတယ်...ဒီလိုနဲ့  အဲဒီနေ့ က ၃ ခေါက်ပြန်သွားရပါတယ်... ဒီနေရာမှာ စပြောပါ့မယ် ...ဘာကြောင့်ဆိုတာကို ...ထောက်လှမ်းရေးတဦး လုပ်မည့်သူတယောက်ဟာ သူများထက် အမြင်ပိုကျယ်ရပါမယ်... ဒီအတွက် မှတ်တိုင်တွေ မှတ်ခိုင်းလို့  မှတ်တိုင်မှတ်ပြီး ပြန်လာတာ မဖြစ်ရပါဘူး... ဒီမှတ်တိုင်တွေကို မှတ်သားနေရင်း သမရိုးကျထူးခြားဖြစ်စဉ်တွေကို မှတ်သားရပါတယ်... မှတ်သားရာမှာ အင်ပေါ့တန့် ပီတီ လို့ သုံးတဲ့  အချိန်နေရာ မှတ်သားဖို့  အရေးကြီးပါတယ်... စထွက်ချိန် ပထမ မှတ်တိုင်ရောက်ချိန်..ရောက်သွားတဲ့ အခါမှာ ခန့် မှန်းခြေ ဘယ်လောက်ဆငိးတယ်..ဘယ်လောက်တတ်လာတယ်..ဘယ်မှတ်တိုငိက လူများတယ် ဆိုတာတွေပါ အဆငိ့ဆင့် တိုးမှတ်လာရပါတယ်...သမရိုးကျ ထူးခြားချက်များကို လည်းမှတ်ရပါတယ်.. ဘယ်နားမှာ လမ်းဆုံ ရှိနေတယ်.. ဘယ်နားမှာ ထင်ရှားတဲ့ နေရာတွှေရှိနေတယ် ဆိုတာတွေပါ မှတ်သားကြရပါတယ်...ဒီလို မှတ်သားလာပြီး ဗိုလ်မှူးဆီပြန်သွားတဲ့ အခါမှာ ထပ်ဖြဲ ဦးမလို့ ပါပဲ... ဒါပေမယ့် မိုးလဲ ချုပ်နေလို့  မဖြဲတော့ပဲ ပြန်ပြင်ခိုင်းတာပဲ လုပ်ပါတယ်.. ဘာလဲ ဆိုတော့ ထောက်လှမ်းရေး တယောက်ကို သူ့ အထက်ကလူက မေးလိုက်တဲ့ အခါမှာ ကြိုသိနေဖို့ နဲ့  တင်ပြရာတွင်တော့ လိုရင်းကိုပဲ တင်ဖို့  ..တင်ရာတွင်လည်း အစီ၇င်ခံစာ တခုပုံစံ ဖြစ်သည်ထိ ပြန်ရေးကျင့်ရပါတယ်... အချောရေးနိုင်အောင် ဖြဲစုတ်ခံရတဲ့ စာ ၁၀ ကြိမ်ထက်မနည်းပါဘူး... ဒီလို နဲ့ ၁ လ အကြာမှာ ၇န်ကုန်တမြို့ လုံးကို မသိတဲ့ နေရာမရှိလောက်အောင် တောသားများ မြို့ ကိုသိမ်းလိုက်သလို ရန်ကုန်မှာ မွေးပြီး ရန်ကုန်မှာ သေတဲ့ လူတွေထက် ပိုအမြင်ကျယ်သွားပါတယ်... ယနေ့ ထိ ကျနော်တို့  သေသေချာချာ ရေရေရာရာ ကားလိုင်းတွေ ကို မသိပါဘူး... ကိုယ်စီးနေကြတောင် ဂိတ်စ ဂိတ်ဆုံးမစီးမိကြပါဘူး... ဘယ်ကားလိုင်းမှာ ဘာမှတ်တိုငိတွေ ရှိတယ်လို့  ကျနော်တို့  အပြည့်အစုံ မသိကြပါဘူး... ဒါကြောင့်လည်း စစ်ထောက်များ ကွန်ယက်ဖြန့် တော့ ကျနော်တို့ မှာ စစ်ထောက်တွေ မကောင်းဘူး ပြောရုံကလွဲလို့  ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး... သူများမကောင်းမှန်းသိရင် မကောင်းတဲ့  သူထက် တော်အောင် မလုပ်ပဲ လေကုန်ခံခဲ့ကြလို့  နှစ်တွေလည်း ကြာရှည်ခဲ့ပါတယ်.. ကျနော်တို့  နိုင်ငံသားတော်တော်များများမှာ အကျင့်တခု ရှိပါတယ်... ကျနော့်အထင်ပါ... အများနဲ့  စကားတပြောပြောနဲ့  လုပ်ရမယ်ဆိုရင် လာထားပဲ... ၁ ယောက်ထဲ လူမသိ သူမသိ လုပ်ရမယ်ဆိုရင် သွားတာပဲ..ကျနော်က ဗုဒ္ဒဘာသာ ဆိုတော့ ဗုဒ္ဓကို ချီးမွန်းထားတဲ့ အကြောင်းရာလေးပါ...ဆိတ်ကွယ်ရာ အ၇ပ်၌ပင် မကောင်းမှုကို ပြုတော် မမူသော မြတ်စွာဘုရား..တဲ့ ...ကျနော်တို ကျတော့ လူရှေ့ မှာတော့ အင်း အင်း ပဲ..နောက်တော့လဲ ဘယ်သူမှ သိတာမဟုတ်ပါဘူး.. ဆိုတဲ့ စိတ်ကလေးတွေလည်း ဖျောက်ရပါမယ်..ထောက်လှမ်းရေးပညာထဲမှာ အဲဒါနဲ့  ပက်သက်ပြီးလဲပါပါတယ်.. ကျနော်ပြောခဲ့တဲ့ ဘက်စကား စီးမှတ်တယ်ဆိုတာ ထောက်လှမ်းရေး ပညာသင်ဖို့  ရှိသင့်တဲ့ အချက်တွေများစွာထဲကမှ သေးသေးလေး တချက်ပါ... ဖြစ်နိုင်မယ် ဆိုရင် အပန်းမကြီးဘူးဆိုရင် လေ့ကျင့်စေချင်တယ်... ဒါတွေဟာ ကိုယ့်အတွက် လုံခြုံမှုပေးနိုင်တဲ့ အချက်တွေ ဖြစ်လာပါလိမ့်မယ်လို့  တွေးထင်မိပါကြောင်း...
အပြည့်အစုံ...သို့.....
Tuesday, June 26, 2007
အခြေခံထောက်လှမ်းရေးပညာနှင့် တွဲဆက်မိသောစနစ်
ကျနော်တို့  မြန်မာနိုင်ငံတွင် မှားယွင်းသော စနစ်ဆိုးကြောင့် ယိုယွင်းပျက်စီးမှုများ အမျိုးမျိုးဖြစ်ပေါ်ခဲ့ပါသည်..ဖြစ်နေဆဲ ဖြစ်သလို ပိုမိုလည်း ဖြစ်လာပါလိမ့်မည်...
ကျနော် လေ့လာခဲ့သော ထောက်လှမ်းရေး တယောက်၏ အခြေခံပညာရပ်များနှင့် ပက်သက်ပြီး မိတ်ဆက်ပေးလိုပါသည်.. ကျနော်တို့ သည် ထောက်လှမ်းရေးဟု ကြားလိုက်သည်နှင့် နာကြည်း မုန်းတီးစရာများ..ဒေါသထွက်စရာများ အဖြစ် ရူမြင်ကြပေသည်.. ထို့ ကြောင့်ပင် ထောက်လှမ်းရေးများ ဖျက်သိမ်းခံရချိန်တွင် ကျနော်တို့ အတွက် ၀မ်းသာစရာ တခုဖြစ်ခဲ့ကြရသည်... သို့ သော် မစဉ်းစားမိသည်မှာ ထောက်လှမ်းရေး ကွန်ယက် ကျန်ခဲ့တယ်ဆိုတာပဲ... ဒီနေရာမှာ ထောက်လှမ်းရေးပညာသင်ကြားခြင်းရဲ့  အဓိကဖြစ်တဲ့  “အလေ့အကျင့် မှ အလေ့အထ သို့ ” ဆိုတဲ့ အချက်ပဲ... ထောက်လှမ်းရေး တပ်ဆွယ်မှူး တယောက်ဟာ လေးမြို့ နယ်ကို ဦးစီးပါတယ်...ဒီလို ဦးစားရာက သူ့ ရဲ့  အမိန့် အတိုင်း လိုက်လုပ်ကြရပါတယ်.. လုပ်ပါများလာတော့ သူတို့ ကိုယ်တိုင် ဒီကွန်ယက်တွေကို ခင်းကျင်းနိုင်လာပါတယ်.. ဒီအခါ ထောက်လှမ်းရေး ဆိုသူတွေ ပျောက်ဆုံးသွားပေမယ့် ကွန်ယက်ကတော့ ကျန်ခဲ့ပါတယ်... ကျနော်တို့  ကျောင်းသားကျောင်းသူ များသည် ပညာတတ်ကြီး ဖြစ်အောင်ကြိုးစားနေကြပါသည်.. ထိုအချက်နဲ့ ပက်သက်ပြီး ရှေ့ ပိုစ့်များတွင်လည်း အတော်အတန် တင်ပြခဲ့ပြီးပါပြီ... ကျောင်းသားများပညာတတ်ကြီး ဖြစ်လိုနေသည့် ရည်ရွယ်ချက်မှန်သော်လည်း အဓိပါယ် ခြားနားလှပါသည်...ဥပမာ..ပေးရသော်.. ပြည်ထောင်စု မပြိုကွဲရေး ဒို့ အရေး ဆိုသော အချက်နဲ့  တူလှပါသည်... ပြည်ထောင်စု မပြိုကွဲရေး ရည်ရွယ်ချက်အ၇ မှန်သော်လည်း ပြည်ထောင်စုကို ပြိုကွဲအောင်လုပ်နေသော အာဏာရှင် ဦးသန်းရွှေ သည်ပင် သာဓက တခုဖြစ်ပါသည်...
ကျောင်းသူ ကျောင်းသားများ ယနေ့ ကြိုးစားနေပါသည်ဆိုသော ဘောင်ခတ်ထားသော ပညာရေးသည် သင့်အတွက် ဘယ်လောက် အသုံးဝင်ပါသလဲ... အသုံးဝင်သင့်သလောက် ၀င်ပါလိမ့်မည်..သို့ သော် ဘယ်လောက်ထိ ပညာရေး သည် အသုံးချနိုင်သည်ကို နိုင်ငံတကာ ကျောင်းသားများနှင့် နှိုင်းယှဉ်ကြည့်သင့်သည်... သို့ မဟုတ်ပဲ သူကတော့ဖြင့် ကျောင်းမတတ်နိုင်တော့ဘူး..ငါကကျောင်းတတ်နိုင်လို့  မဆိုးလှပါဘူး ဆိုသော အောက်ကို မျှော်မှန်းတိုင်းတာ ခြင်းသည်လည်း မဖြစ်သင့်ချေ... ကျနော်တို့  ကြိုးစားခဲ့၍ ရရှိလာသော ဆရာဝန်..အင်ဂျင်နီယာ.. ကွန်ပြူတာဆိုင်းယင့် စသည်ဖြင့် ရရှိလာသော အခါ... ကျနော်တို့ ၏ ပညာရပ်များသည် စနစ်၏ ၀ါးမြိုခြင်းကို ခံကြရတော့သည်... ကွန်ပြူတာ ပညာရှင်သည် အကြောင်းကြောင်းကြောင့် သည်ပညာရပ်ဖြင့် ပြည်သူတို့ အား ပြန်လည်ထိန်းချုပ်ရသည်.. ဆရာဝန်သည်လည်း ဆေးဝါးမလုံလောက်မှု ဆေးခန်းလခ စသည်ဖြင့် အထွေထွေကိစ္စများကြောင့် ငွေကြေးများ အဆမတန် များစွာယူငင်ကြရလေသည်... ထိုသို့  မိမိတို့ ပညာဖြင့် လုပ်ကိုင်စားသောက်ကြရာမှ ကိုယ်ကျိုးကြည့်လာမိကြသည်.. ထို့ ကြောင့်ပင် မိမိတို့  အတတ်ပညာတို့ သည် ပြည်သူကို ပိုမိုဖိနှိပ်စေသော အဖြစ်သို့  ရောက်မှန်းမသိရောက်လာကြရပြီး စစ်အာဏာရှင် ၏ ကိုယ်ကျိုးရှာ ထောက်တိုင်များ အဖြစ် အလိုလို ကျေ၇ာက်ရပါသည်...ဤသို့ ပင် ထောက်လှမ်းရေး ပညာရပ်တို့ သည် အာဏာရှင် စနစ်ဖြင့် ပေါင်းစပ်ခံလိုက်ရသောအခါ အာဏာရှင် ၏ ထောက်တိုင်ဖြစ်ခဲ့ပါသည်... ထိုထိုသော အတတ်ပညာများနှင့် တိုက်ရိုက်ထိတွေ့ ကြရသည်မှာ ပြည်သူလူထု ဖြစ်ပါသည်... ကျနော်တို့ တတ်မြောက်သော အာဏာရှင်တို့ ၏ ဘောင်ခတ်ထားသော ပညာရပ်များကြောင့် အကြောင်းအမျိုးမျိုးဖြင့် ဖိနှိပ်မိသကဲ့သို့  ဖြစ်လျင်ပင် ပြည်သူတို့ ၏ မေးငေါ့မှုကို တိုက်ရိုက်ခံစားရမည်မှာ ကျနော်တို့ ပင် ဖြစ်ပါသည်..ကျနော်တို့ သည်လည်း ပြည်သူဖြစ်၍ ပြည်သူအချင်းချင်း စောင်းမြောင်းကာ ယနေ့ အထိ ညီညွတ်မှု မရနိုင်သေးပေ...လူသားတို့ ၏ လိုလားတောင့်တ တတ်သောစိတ်သည် အင်မတန်မှ အင်အားကြီးမားလှပါသည်.. ကျနော် အထင်ကိုပြောပါမည်... စစ်ထောက်လှမ်းရေးများကို ပြည်သူများ မုန်းတီးခဲ့ကြပါသည်..ပြည်သူတို့ ၏စိတ်၌ လိုလားမှု မရှိကြပါချေ... ထို့ ကြောင့်ပင် စစ်ထောက်လှမ်းရေးတို့ သည်
ပြည်သူတို့ ၏ တိုက်ရိုက်ဖြုတ်ချုခြင်းမဟုတ်သော်လည်း အကြောင်းကြောင်းဖြင့် အလိုလို ဖျက်ဆီးခဲ့ရပါသည်... ကျနော်တို့ သည်လည်း လွတ်လပ်မှုကို မြတ်နိုးရင် အမှန်တကယ် တောင့်တနိုင်ရပါမယ်... အာဏာရှင် စနစ်ကြောင့် နာမည်ဆိုးဖြင့် ဖျက်ဆီးသွားတော့ ထောက်လှမ်းရေးများ၏ ပညာရပ်များကို လေ့လာဘူးခဲ့ပါတယ်... ထိုထောက်လှမ်းရေးအခြေခံ ပညာရပ်များသည် ရန်သူအမျိုးမျိုးမှ အတတ်နိုင်ဆုံးကာကွယ်ပေးနိုင်ပြီး မိမိတို့  တဦးခြင်း လေ့ကျင့်သင့်သည့် ပညာရပ်များ ဖြစ်ကြောင်း အလေးအနက် ပြောလိုပါတယ်... ထိုပညာ၏ အခြေခံ သဘောသည် “သတိ” ရှိခြင်းကို အခြေခံပါသည်.. အရာရာကို အမှုမဲ့  အမှတ်မဲ့  ထားခြင်းကို ဆန့် ကျင်၍ ကျင့်ကြရခြင်း ဖြစ်သဖြင့် အမြဲသတိရှိစေပါသည်... ထိုပညာရပ်များကို အာဏာရှင် စနစ်၏ ထိန်းချုပ်မှု မိမိလိုရာ ဘောင်သွင်းယူမှု များကြောငိ့ လူသတ်လက်နက် ဖြစ်ခဲ့ရပါသည်... ယခု အခါ ကျနော်သည် အွန်လိုင်းပေါ်သို့ ရောက်ရှိလာပြီး ထူးခြားသော စနစ်ဟု ဆို၍ရမည်လား မပြောတတ်သော ခံစားမှုတခုရရှိလာပါသည်... ၄င်းမှာ လွတ်လပ်ခြင်းနှင့် တဦးနှင့်တဦး လေးစားခြင်း ဆိုသော အချက်ကို တွေ့ ရှိလာရပါသည်... မည်သူကမှ သေနတ်နဲ့  မထောက်ပဲ... လွတ်လပ်ချင်တိုင်း လွတ်လပ်သော အွန်လိုင်းတွငိပင် မည်သူကမှ စော်စော်ကားကား ရိုင်းရိုင်းစိုင်းစိုင်း မပြုမူကြပါ...ရှိတော့ ရှိပါသည် ရှားပါတယ်.. ထိုအခါ အမှတ်ရမိတာက နိုင်ငံတော် ဘာဖြစ်တယ် ညာဖြစ်တယ် အဖွဲ့ ရဲ့  ၀ါဒဖြန့် ပုံလေးပါ...တပ်မတော် မအုပ်ချုပ်ရင်ပဲ တိုင်းပြည်ပျက်တော့ မလိုလို ၀ါဒဖြန့် ပုံလေးပါ.. အဲဒီလူတွေ ဒီအွန်းလိုင်းပေါ်ကို လာရောက်စေချင်ပါတယ်...လိမ်မာစေချင်လွန်းလို့ ပါ... အရင်က ရိုင်းရိုင်းပြပြ ပြောဆိုတတ်သူ ၀ါဒဖြန့်  တချို့ တောင် လိမ်မာနေတာ တွေ့ ရပါတယ်...အခုလို ပွင့်လင်းလှသော အွန်လိုင်းတွင်ပင် ထောက်လှမ်းရေး ၏ အခြေခံ ကျင့်စဉ်များကို ပြသပေးလိုစိတ်ဖြစ်လာပါသည်.. “အလေ့အကျင့် မှ အလေ့အထ သို့ ” ဟု သတ်မှတ်သော ပညာရပ်များကို အမှန်တကယ် ကျင့်ကြံလိုသူများ တောင်းဆိုလာမှသာ တင်ပြတောမည်ဟု တွေးမိပါသည်..
အပြည့်အစုံ...သို့.....
Sunday, June 24, 2007
ကြောက်တုန်းပဲ
“ နိုင်ငံရေးဆိုသည်မှာ ကျန်ုပ်တို့  နေ့ စဉ်နှင့် အမျှ
လူ့ လောကတွင် တွေ့ ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။
တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟု
ဆိုရပေမည်။ ကျန်ုပ်တို့  စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊
သွားမှုလာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။
ကျန်ုပ်တို့ သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ
နိုင်ငံရေးသည် ကျန်ုပ်တို့ နှင့် အမြဲတစေဆက်သွယ်နေ၏ ”
အပြည့်အစုံ...သို့.....
Wednesday, June 20, 2007
ဘယ်လဲဟဲ့..ကျောင်းသား
ဒေါ်အောင်ဆန်းစုကြည် မြို့ နယ်ရုံးမှာ မိန့် ခွန်းပြောတော့ ကျနော်တို့  သူငယ်ချင်း (၃)ယောက်နဲ့  သွားကြုံတယ်... ကျနော်တို့ က ၁၀ တန်း ဖြေမယ့်ကျောင်းသားလေးတွေ.. ကျူရှင် ရောက်အောင်သွားပေမယ့် ကျူရှင်ပေါ်မတတ်ပဲ အောက်လက်ဖက်ရည်ဆိုင်မှာ အမြဲထိုင်နေတယ်.. ကျူရှင်လာမှာလား လက်ဖက်ရည်ဆိုင်လာမှာလား လို့  ဆရာက ခဏခဏ ဆူခဲ့ရဖူးတယ်.. ဘယ်အမှတ်ရှိပါ့မလဲ... လက်ဖက်ရည်ဆိုင်ထိုင်တာပေါ့.. ဖြစ်ချင်တော့ အနားမှာ အန်အယ်ဒီရုံး ရှိတာ သတိမထားခဲ့မိဘူး..ကျူရှင်တတ်တာ နှစ်ဝက်ကျိုးနေပြီ... အဲဒီနေ့ က ကျူရှင်နားက လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း လူတွေအုံနေပါတယ်ဆိုပြီး သွားကြည့်မိတာ..ငြိမ်းချမ်းရေး နတ်သမီးလေ...အမေစုပေါ့... ကျနော်တို့ ဘက် စူးစူးစိုက်စိုက်ကြည့်ပြီး ကျောင်းသားတွေ အကြောင်းပြောလိုက်တာ မျက်ရည်ပါဝဲခဲ့မိတယ်... အဲဒီနေ့ ကစပြီး ကျနော့်ဘ၀ တဆစ်ချိုးခဲ့တယ် ဆိုပါတော့... ပြောချင်တာကတော့ ဒီအကြောင်းမဟုတ်ပါဘူး... ပြောချင်တာက ကျနော်တို့  သူငယ်ချင်းများ ပြောပြောနေကြတဲ့..ပြောခဲ့ကြတဲ့... “ကျောင်းသားဆိုရင် စာပဲလုပ်ရမယ်” ဆိုတဲ့ စကားနဲ့ ပက်သက်လို့ ပါ... ကျနော်တို့ ဟာ အမြဲတမ်း လိုရင်းကို မတွေးခဲ့ကြဘူး... ကြားကပေါက်ဖွားလာတာတွေကို အဓိက ထားခဲ့မိတယ်... အဓိက နဲ့  သာမည ဆိုသလို ပေါ့လေ... မူလတန်း..အလယ်တန်း..အထက်တန်း..တက္ကသိုလ်ပေါ့ဗျာ... ဒါဟာ ကျောင်းသားတယောက်ရဲ့  ဖြတ်သန်းရမယ့်လမ်းပေါ့... နှစ်ပေါင်း ၁၃နှစ် ၁၄နှစ်လောက် အချိန်တွေ ပေးကြရတယ်...ငွေတွေ ပေးခဲ့ကြရတယ်... မိဘတွေလည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရတယ်... ဒီကြားထဲ အကြောင်းအမျိုးမျိုးတွေကြောင့် အတန်းကိုခင်တွယ်လို့  တတန်းကို နှစ်နှစ်နေခဲ့ရသူတွေလည်း ရှိပါသေးတယ်... တနှစ်ကို ပညာသင်စရိတ် ဘယ်လောက်များပါလဲ...ခန့် မှန်းဖို့  တော်တော်ခက်ပါတယ်... အကြောင်းအမျိုးမျိုးနဲ့  တောင်းခံငွေတွေဆိုတာလည်း တနှစ်လုံး နည်းမှမနည်းတာပဲ... အဲတော့..ဒီလောက်နှစ်ပေါင်းများစွာ ကျောင်းတတ်ခဲ့ပြီး ဘာလုပ်မှာလဲ... ဘာလုပ်ကြမှာလဲ... ဒီတော့ ကျနော်တို့  ပြန်မေးရလိမ့်မယ်.. ဘာလုပ်ကြမယ်လို့  မျှော်မှန်းခဲ့ကြပါသလဲ... ပညာနဲ့  အသက်မွေးဝမ်းကျောင်းပြုမှာပေါ့ လို့  ပြန်ဖြေရင် သာမန် မေဂျာ သမားတွေ ဘယ်လို အသက်မွေးကြပါမလဲ... စာအုပ်တအုပ်ထဲမှာလို အောက်ဆီဂျင်နဲ့  ဟိုက်ဒရိုဂျင် ရောစပ်ပြီး ရေရောင်းစားကြရမှာလား... တခြားနည်းပညာ တက္ကသိုလ်များကြတော့ကော ဘာထူးသလဲ... နောက်ထပ် ငွေကြေး တတ်နိုင်မှ တတ်လို့ အဆင်ပြေကြမှာပါ... သူတို့ ပြီးတော့ကော... အနည်းစုပါ... အများစုအတွက်ကတော့ မလွယ်ပါဘူး... ခုနပြောခဲ့တဲ့ ဘာလုပ်ကြမယ်လို့  စိတ်ကူးလဲ ဆိုတာကို ပြန်စဉ်းစားကြည့်ပါမယ်... ဘွဲ့ ရတဲ့ လူ အရောင်းစာရေးတဲ့ဗျာ.. အင်္ဂလိပ်လိုလေးပါ တတ်ရအုံးမယ်.. ရုပ်ရည်လေး ပြေပြစ်ရအုံးမတဲ့... ဘာနိုင်ငံ မို့ လို့ လဲဗျာ... ဒီလို နိုင်ငံတွေမှာတောင် ရုပ်ရည်ကို ထည့်မပြောပါဘူး.. နောက်မှ သူမကြိုက်ရင် မခန့် နဲ့ ပေါ့... အခုတော့ အလုပ်လျှောက်ဖို့  ကိုယ့်မျက်နှာကို လှမလှ သူများလိုက်မေးရမယ့်ကိန်းဆိုက်နေတယ်... လာမလျှောက်ရင်ပဲ ရုပ်စိုးသလိုလိုနဲ့ ... ပြောရင်းရူပ်ကုန်ပြီ... ကျောင်းပြီးရင် မိမိပညာနဲ့  လုပ်စားရအောငိ ကျနော်တို့ ကို ဘာပညာတွေ သင်ကြားပေးခဲ့ပါသလဲ... စော်ကားတာမဟုတ်ပါဘူး... လိုရင်းက စည်းဘောင် အကန့် အသန့် ထဲကမှ ဘောင်ခတ်ထားတဲ့ ပညာလောက်ကို သင်ခဲ့ကြရတာပါ... ဘောင်ခတ်ထားတဲ့ ပညာရေးနဲ့  ကျောင်းရဲ့ ပြင်ပလောက ရောက်လာတဲ့ အခါ ဘယ်လိုအသုံးတဲ့တော့မလဲ...ကျိန်းသေတာကတော့ ၁၄နှစ်သင်ကြားရတဲ့  ပညာရေးဟာ အရောင်းစာရေး..အထွေထွေအလုပ်သမား.. လုပ်ကြရမယ်ဆိုတာပဲ... ဒါဟာ နှစိပေါင်းများစွာ ခေတ်အဆက်ဆက် နိုးကြားတဲ့ ဒေါင်းမျိုးနွယ်တွေကို စနစ်တကျနဲ့  ဘ၀တွေကို သတ်နေတာ ဆိုတာ သူငယ်ချင်းတို့  မြင်ကြပါသလား..အာဏာရှင်တိုင်းကို မျိုးဖြုတ်မယ့် ရဲရင့်ခြင်းနဲ့  နူးညံ့ညင်သာခြင်း သဘောဆောင်တဲ့ ခွပ်ဒေါင်းနဲ့  ကဒေါင်း တို့ ရဲ့  ပေါင်းစည်းမှုကို ဖြိုဖျက်နေပြီဆိုတာ သတိထားမိပါသလား.... ခွပ်ဒေါင်းနဲ့  ကဒေါင်းတို့ ရဲ့  ပေါင်းစည်းမှု အဆုံးသတ်ဟာ အာဏာရှင်မှန်သမျှ ဒူးခိုက်ခိုက်တုန်အောင် ထိပ်လန့် ကြောက်ရုံ့  ပြိုကျခဲ့တယ်ဆိုတဲ့  သမိုင်းတွေကော သိမှသိကြပါသလား... ဆရာကြီး အဘ သခင်ကိုယ်တော်မှိုင်းက “အဆောက်အအုံကိုသာ ဖြိုဖျက်လို့ ရမယ်..မောင်တို့  မယ်တို့ ရင်ထဲက ကိန်းအောင်းနေတဲ့ သမဂ္ဂစိတ်ဓါတ်ကိုတော့ ဘယ်သူမှ ဖြိုဖျက်လို့ ရမှာ မဟုတ်ပါဘူး” လို့  ပြောကြားသွားခဲ့တယ်... ကျောင်းသားသမဂ္ဂ... ကျနော်တို့  ယနေ့ ဆုံးရူံးနေမှုတွေကို ဒီကျောင်းသား သမဂ္ဂရှိမှသာလျှင် တောင်းဆိုနိုင်ပါလိမ့်မယ်... ကျောင်းသားသမဂ္ဂ အကျောင်းပြောရင်း ဖမ်းတယ် ဆီးတယ်... ကျနော်တို့ ကလည်း အလကားနေရင်း ရေမသောက်နဲ့  နိုင်ငံရေးမှု..ဒါမလုပ်နဲ့  နိုင်ငံရေးမှု.. အချိန်ပြည့်ကြောက်နေရတယ်... ကျောင်းသားသမဂ္ဂဆိုတာ သူပုန်အဆောက်အအုံ မဟုတ်ဘူး... တိုင်းပြည်ကြီး သူ့ ကျွန်ဘ၀က လွတ်မြောက်အောင် စတင်ခဲ့တာ ဒီကျောင်းသားတွေက စတင်ခဲ့တာ... အင်္ဂလိပ်ကို တိုက်ထုတ်ဖို့ အတွက် ဂျပန်မှာ စစ်ပညာသွားသင်ရန် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း(နောင် ဗိုလ်ချုပ်အောင်ဆန်း) တာဝန်ပေးအပ်ခြင်းခံရတာ ကျနော်တို့ ရဲ့  ကျောင်းသားသမဂ္ဂကြီးထဲမှာ ဆိုတာ ဦးသန်းရွှေ ကောင်းကောင်း သိပါသလား... မြန်မာ့တပ်မတော်ကြီးဖြစ်တည်ဖို့  အစပြုခဲ့တာ ကျောင်းသားသမဂ္ဂပါ...တိုင်းပြည်ရဲ့  အာဇာနည်သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းထက် ရာထူးပိုကြီးချင်တဲ့ ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ ဦးသန်းရွှေ.. “တပ်မတော်အစ..ကျောင်းသားသမဂ္ဂ ” ဆိုတာကော အသက်ကြီးလို့ မေ့သွားပြီလားလို့  မေးချင်ပါတယ်... ကျနော်တို့  တက္ကသိုလ်တွေမှာ စာမေးပွဲ ဖြေရက်ဆို ပြောပြောနေတဲ့ စကားတခုရှိတယ်.. ဘာဖြစ်လဲကွာ..ကျောင်းသားတွေပဲ..ကျောင်းသားကဒ်ပါတယ်... ဘာမှမဖြစ်ဘူး” ဆိုတဲ့ စကားဟာ ဟုတ်ပါတယ်...ဒီလို ဟုတ်အောင် သူငယ်ချင်းတို့ သတွေ ဘာများလုပ်ခဲ့ကြလို့ လဲ လို့  ကျနော့်ကိုယ်ကို ကျနော်ရော အပါအ၀င် ..ယနေ့ ကျောင်းသားလူငယ်တွေကို မေးကြည့်ချင်ပါတယ်... အဲဒီလို ဟုတ်နေတာ တချိန်က ငါတို့ ရဲ့  နောင်တော် ကျောင်းသားကြီးတွေ အသက်နဲ့  လဲလို့ ရတဲ့ သူတို့ ရဲ့  အသီးအပွင့်တွေကို ငါတို့ က စားသုံးနေကြရတယ် ဆိုတာ သိထားဖို့ နဲ့  နောက်နောင် ငါတို့ ရဲ့  ညီတော် တွေ အလည့် ငါတို့ မှ မျိုးစေ့တွေမချခဲ့ ရင် ငါတို့ ရဲ့  ညီတော်တွေ အလှည့်မှာ ကျောင်းသားဆိုတာ ခိုင်းတိုင်း လုပ်တဲ့.. ခြောက်တိုင်း ကြောက်တဲ့ သတ္တ၀ါမျိုးလို ဖြစ်သွားလိမ့်မယ်လို့  ... ပြောရင်း ကြည့်ရူသူအားလုံးပဲ အမှားပါရင် ခွင့်လွှတ်ကြပါ... တပ်မတော် အစ ကျောင်းသား သမဂ္ဂဆိုတာ ဗိုလ်သန်းရွှေဆီ လူကြုံပါးလိုက်ကြပါ...
အပြည့်အစုံ...သို့.....
Monday, June 18, 2007
အာဏာရှင် ပေါက်စ ထောင်(၆)လ...
ကမ္ဘာမှာ မြန်မာဟေ့ လို့  ကြွေးကြော်အားထားလောက်စရာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဆိုတာ တခုပဲ ရှိပါတယ်.. အဲ..အခုတလော ဦးသန်းရွှေဟာ တော်ဝင် မိသားစု တွေကို တော်တော်လေး သဘောကျနေတယ်လို့  မှန်းဆရပါတယ်... အင်္ဂလန်က တော်ဝင်.. ဂျပန်က တော်ဝင်.. သူမှန်းနေတာတွေက ကမ္ဘာ့ထိပ်တန်းဒီမိုကရေစီ နိုင်ငံတွေဖြစ်နေတော့ တော်တော်လေး စိတ်ကူးစိတ်သန်းအသစ်တွေ ထုတ်လုပ်နေပါတယ်... ဒီလိုတော်ဝင် မိသားစုတွေက သားသမီး မြေး မြစ်တွေ ကို သဘောကျနေတဲ့ ဦးသန်းရွှေ မိသားစုဟာ အစီအစဉ်တကျနဲ့  ခြေလှမ်းတွေ လှမ်းနေပါပြီ... ဟိုးတလောတုန်းက ဦးသန်းရွှေ ရဲ့ သမီးချောချောလေးရဲ့  ဗူစီပေါင်းလေး ဖခင်ရွေးပွဲကြီး(မင်္ဂလာဆောင်) ကျင်းပပြီးစီးခဲ့တယ် မဟုတ်လား... အဲ... ၁၉၉၂ က စလို့  ပြည်သူ့ ဆန္ဒမဲများ ချောင်ထိုးပြီး အာဏာသိမ်းတက်လာခဲ့တာပါ... သူ့ အကျင့်ကိုက သိမ်း တဲ့ ဇာတာပါလာတယ်လေ.. ပြည်သူ့ ဘဏ္ဍာငွေများနဲ့  တမိသားစုလုံး စိန်ဆင်ပြီး ကျေးဇူးရှင် ပြည်သူကိုတော့ သူ့ အကျင့်အတိုင်း လယ်တွေ သိမ်း ..ယာတွေ..သိမ်း..အကုန်သိမ်းတာပဲ... သမီးလေး သန္တာရွှေရဲ့ ဗူစီပေါင်း ဖေါက်ပွဲမှာ ကြည့်ပါအုံး.. ၀တ်ထားလိုက်တဲ့ စိန်တွေ.. ကမ္ဘာ့အချမ်းသာဆုံး တော်ဝင်မိသားစု ဖြစ်ချင်နေပုံပဲ... ကမ္ဘာ့နိုင်ငံ တွေထဲက အင်္ဂလန်..ဂျပန် လို တော်ဝင်မိသားစုတွေကို သူတို့ ပြည်သူက အင်မတန်ချစ်ကြပါတယ်... ပြည်သူတွေ အတွက်လည်း ကျန်းမာရေး..ပညာရေး စတာတွေမှာ တော်ဝင်မိသားစုတွေက အမြဲတမ်းစောင့်ကြည့်ကူညီခဲ့ကြတာလေ... အခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း သိပ်ချစ်ဖို့ ကောင်းပါတယ်... သဘာဝသယံဇာတများ အားလုံးသိမ်းပိုက်ပြီး မိသားစုကောင်းစားရေး တခုထဲလုပ်နေတဲ့ ဦးသန်းရွှေမှာ ပြစ်မှုတွေ များပြားလာနေသလို ..သူကလည်း မီးကုန်ယမ်းကုန် သိမ်းပိုက်ဖို့ ကျန်လာပါတယ်... ဒါနဲ့ တောင် အားမရလာတော့ အဖိုးနဲ့  မြေး ပုံစံလည်း တူတဲ့ ဖိုးလပြည့်ဆိုတဲ့ အာဏာရှင် ပေါက်စ တကောင်ကို စင်တင်လာပြန်ပါတယ်... သူ့ ရဲ့ မွေးနေ့ ကို စီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ အခြေခံကျောင်းဆရာတွေ တလ(၄၀၀၀၀)ကျပ် ပဲရပြီး ထမင်းမစား ကိုယ်လုံးတီးနဲ့နေပြီး စုမယ်ဆိုရင်တောင် နှစ်ပေါင်း သုံး လေးရာစာလောက် စုရမယ့် ငွေကျပ် သိန်း(၂၅၀၀)ခန့် ကုန်ကျခဲ့သလို အဲဒီနေ့ ညနေမှာ ပြုလုပ်တဲ့ ဘောလုံးပွဲဟာ ဆိုရင်လည်း သိန်းပေါင်းရာချီကုန်ကျတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်... မျောက်လောင်းလေး ရဲ့  ဆန္ဒတခုတည်းအတွက်နဲ့ ပြည်သူများ ချွေးနှင့်ရင်းထားပြီး အခွန်အခများပေးထားရတဲ့ နိုင်ငံတော်ငွေကြေးများကို အလွဲသုံးစားပြုလုပ်ခဲ့ပါတယ်... ဦးသန်းရွှေဟာ ပြည်တွင်းဖြစ်ကို အားပေးပါ..ပြည်ပအားကိုး ပုဆိန်ရိုး... လို့  အမျိုးမျိုး ပြောကြားခဲ့ပေမယ့် မြေး ဖိုးလပြည့်ကိုတော့ နိုင်ငံတော် ငွေကြေးများဖြင့် နိုင်ငံရပ်ခြားတွင်ကျောင်းထားခဲ့ပါတယ်... မိမိတိုင်းပြည် ပညာရေးအဆင့်အတန်းကို ဦးသန်းရွှေ သဘောပေါက်ထားပြီး ဖြစ်ပါလိမ့်မယ်.. ပိုဆိုးတာက တပ်မတော်သားများ၏ အလေးပြုခြင်းကို ၀င်ရောက်ခံယူနေတာပါပဲ.. ဗိုလ်လောင်းဆင်းပွဲ များတွင် ၀င်ရောက် အလေးပြုခံခြင်းသည် မြန်မာ့တပ်မတော်သားများ၏ အဆင့်အတန်းသည်ဒီလို ပြည်သူ့ ပိုက်ဆံခိုးပြီး ထင်တိုင်းသုံးဖြုန်းနေသော ကလေးတယောက်ကို အလေးပြုနေရလောက်အောင် တပ်မတော်ကြီး ကြောက်လန့် နေပါသလော... ဒီလို မလောက်လေး မလောက်စား ကောင်းလေးကိုမှ ကြောက်ရွံ့ နေပါလျင် ပြည်သူလူထု၏ အမျိုးသား အကျိုးစီးပွားကို ဘယ်လိုကာကွယ်ကြမှာလဲ... ဦးသန်းရွှေဆိုသူဟာ အဆင့်ဆင့် စီစဉ်ပြီးမှ အဆုံးပိတ် ဒုက္ခပေးတတ်ပါတယ်... သူလုပ်ချင်တဲ့ လုပ်ရပ်မျိုးကို ပဏာမ ကောလဟာလ လွှင့်ပါတယ်...တုန့် ပြန်မှု မရှိလျှင် ရှေ့ တလှမ်းတိုးပါတယ်... ဒါကို မတုန့် ပြန်ကြလျင် အဆုံးပိတ် လုပ်ချင်ရာလုပ်တတ်ပါတယ်.. အခုလည်း ဦးသန်းရွှေနှင့် မိသားစုဟာ သူတို့ လုပ်ချင်တာတွေ ပြည်သူ့ ဘဏ္ဍာငွေတွေနဲ့  သူရဲ့သမီး သန္တာရွှေ ၏ အပို ဗူစီပေါင်းလေး ဖခင်ရွေးပွဲမှာ သူတို့ ခိုးဝှက်ထားတာတွေနဲ့  လုပ်ချင်တိုင်းလုပ်ပြီး..ဘယ်လိုတုန့် ပြန်မလဲ သိချင်တာနဲ့  ပြည်သူလူထုထဲ ခိုးရိုက်ခွေလိုလိုနဲ့ ပို့ လွှတ်...ကြည့်တဲ့သူကို ဖမ်းပြ.. မတုန့် ပြန်ကြတော့ သူ့ ရဲ့မြေး က ပေါ်ပေါ်တင်တင် သိန်းပေါင်းမြောက်များစွာ အကုန်ခံပြီး မွေးနေ့ ပွဲ..ဘောပွဲ လုပ်... ဒါကိုမှ မတုန့် ပြန်သေးလို့ ကတော့ အာဏာရှင်မိသားစုဟာ ထင်ရာစိုင်းကြပါလိမ့်မယ်...ဒီလို အကြံနဲ့ ရှေ့ တိုးနေတာကို တချို့ များက ဦးသန်းရွှေရဲ့  မြေး ခြေစွမ်းခန့်မှန်းရခက်တယ်ဆိုပဲ...ခြေစွမ်းတင်မဟုတ်ပါ...အဖိုးထက် မြေး.. လက်စောင်းထက်ပုံကိုလည်း မတုန့် ပြန်ကြလျင်ဖြင့် ကြုံတွေ့ ရပါအုံးမယ်.. နောက် ဘောပွဲသွားရောက်ကြည့်ရှုသူများကိုလည်း ပြောချင်တာက ဒီအာဏာရှင် အပန်းဖြေ ဘောပွဲဟာ ခင်ဗျားတို့ ရဲ့ ပိုက်ဆံတွေ ပါဝင်နေတယ်ဆိုတာ နည်းနည်းလေး စဉ်းစားကြဖို့ နဲ့ ... တပ်မတော် အနေနဲ့  ဒီအတိုင်းကြောက်နေမယ် ငြိမ်ခံနေမယ်ဆိုရင်တော့ အင်မတန်မှ ရှက်စရာကောင်းတဲ့ အင်အား လေးသိန်းသောတပ်မတော်ကြီး အဖြစ်ပြည်သူတွေကရှုမြင်လာကြပါလိမ့်မယ် လို့  သင့်ကင်းက ယူဆမိပါတယ်...သိမ်း ဇာတာနှင့် ဗိုလ်ချုပ်မှူးကြီးလည်း နောက်ဆုံး မိုက်ဇာတ်သိမ်းနိုင်ပါစေ..
အပြည့်အစုံ...သို့.....
Sunday, June 17, 2007
လူမှားရင် လူကိုဆော်...မူမှားရင် မူကိုဆော်
ငါတို့ က လူကို မတိုက်ဘူး..မူကို တိုက်တာ...အင်း.. ဒီစကားဟာ တော်တော်များများသုံးလာကြတယ်... ကျနော် တွေးမိသလောက်တော့ တော်လှန်ရေး တခုမှာ ဒါဟာ လိုအပ်ချက်မဖြစ်နိုင်ဘူး... နိုင်ငံတကာက တော်လှန်ရေးတွေ ကြည့်ရင်လည်း ဘယ်သူမှ ဒီလိုအော်ခဲ့ကြလိမ့်မယ် မထင်မိဘူး... လူ နှင့် မူ.. ကျနော်တို့ လည်း ကြားသိနေကြပါတယ်... ဒီမိုကရေစီ နဲ့  အာဏာရှင် စနစ်.. မြန်မာနိုင်ငံမှာလည်း ဖြစ်နေကြတယ်... ဒီမိုကရေစီလိုလားသူများက ပြောလိုက်တိုင်း မူတွေ အကြောင်း... စစ်အုပ်စု ဘက်ကလည်း ပြောလိုက်တိုင်း လူ အကြောင်း...ဥပမာ ဆိုပါစို့ ..ဒီမိုအင်အားစုများက အမျိုးသားပြန်လည်သင့်မြတ်ရေးတဲ့.. အဲ..စစ်အုပ်စု ဘက်ကလည်း ပြောတယ်.. ဒေါ်အောင်ဆန်းစုကြည် ဘာဖြစ်တယ် ညာဖြစ်တယ်..ဟို ကွန်မြူနစ် ကြီးတွေ ဘာဖြစ်တယ်ပေါ့.. ဆိုတော့.. စစ်အုပ်စု ဘက်ကလည်း မူတွေကို ရှောင်နေတယ်...ပုဂ္ဂိုလ်ရေးကို ဦးစားပေး ပြဿနာလုပ်တယ်.. အချိန်တွေ ကြာလာတာနဲ့ အမျှ သူတို့ ရဲ့ မီဒီယာများရဲ့  အယုံသွင်းမှုကို ခံစားကြရပါလိမ့်မယ်... အခုတော့ လိုရင်းမရောက်နိုင်ဘူး ဖြစ်နေတယ်... အခုဆိုရင် သိပ်ကြောက်စရာကောင်းလာပြီ... ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ဦးစားပေးတိုက်တယ်.. နောက်အမျိုးသားညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ပါရင် တတ်ခွင့်မပေးဘူး ဆိုတဲ့  မီဒီယာ လက်နက်သုံးလာတယ်... အဲဒီမှာပဲ.. ရူးကြောင်ကြောင် တချို့ က ပြည်သူကောင်းစားရေး အတွက် ဒေါ်အောင်ဆန်းစုကြည် မပါလည်း လုပ်မယ် ဆိုတဲ့ အတွေးတွေ ၀င်လာတယ်.. စစ်အုပ်စုရဲ့  လူစုကွဲအောင် ခွဲနေတာကို မမြင်ဘူး... ဒီတော့ ပြည်ပရောက်နေသူတွေမှာ နိုင်ငံရေး ဗဟုသုတ လေ့လာခွင့်ရနိုင်ပေမယ့်လို့  ပြည်တွင်းက လူငယ်တော်တော်များများမှာ မလေ့လာနိုင်ကြဘူး လေ့လာခွင့်မရကြဘူး... ဒီလို ဖြစ်လာလေလေ နိုင်ငံရေး အသိပညာတွေ နည်းလေလေ ..စစ်အုပ်စုရဲ့  ၀ါဒဖြန့် မှုတွေ ပိုမိုအောင်မြင်လေလေ ဖြစ်လာပါမယ်... စစ်အုပ်စု ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြီးမားတဲ့ အန္တရာယ်ကြီး အဖြစ်မြင်နေပါတယ်.. ဒီတော့ သူတို့  ဒီလိုမြင်လေလေ ..အန္တရာယ်ကို ပိုမိုချေမှုန်းလေလေ ဖြစ်လာတိုင်း ကျနော်တို့ ခေါင်းဆောင်တွေ နစ်နာပါတယ်..သမိုင်းရှည်လာပါ့မယ်... ဒီတော့ မူတွေ လူတွေ အပါ့ထားပြီး..“ လူမှားရင် လူကိုဆော်...မူမှားရင် မူကိုဆော် ”ကြရင်တော့ဖြင့် ပိုမိုမြန်ဆန်စွာ လွတ်လပ်မှုတွေ ရရှိလာနိုင်လိမ့်မယ်လို့  ထင်မြင်မိပါတယ်..
အပြည့်အစုံ...သို့.....
ငါ့စီဘောက်ကြီး ပျောက်သွားပြီ...
ဟာ..စီဘောက် ဘာလို့ မပေါ်ပါလိမ့် ဆိုပြီး ကုတ်တင်တွေ လိုက်ပြင်တာ ..ကံကောင်းလို့ ပေါ့..ဘလော့ပါ ပျက်ပြီမှတ်နေတာ.. ဘယ်ဘလော့ မှလည်း သွားမကြည့်မိဘူး... လက်စသတ်တော့ စီဘောက်အားလုံး ပျက်နေတာကိုး...တော်သေးတာပေါ့..တယောက်ထဲမဟုတ်လို့ ..
အပြည့်အစုံ...သို့.....
Saturday, June 16, 2007
လက်ဖက်ရည်ဆိုင် ပြန်ဖွင့်တော့မယ်
Dear valued member,
MyanmarTeashop apologizes you for the service interruption which is due to the server’s physical failure. We have found out that the server was over heated because of the inadequate cooling system. In the previous server, we used water cooling system to keep our server cool. However, due to the lack of time, we were not able to plan for the cooling system like the previous one when we submitted the server to the authority.
We have tried our best to inform our members about it but we were unable to do that because of the encryption of all our members’ email address. Our hard disks have also suffered from physical damage. Fortunately, the backup system was able to backup all the data, and if we can write the code properly to describe the data again, we will get all our data back.
We now have done with the server setup, and we currently are working on the security codes to protect our members’ data. We will be back online as soon as we finish with the security coding system.
Please be ready to share your thoughts and to read others’.
We miss you all.
MyanmarTeashop
အပြည့်အစုံ...သို့.....
Friday, June 15, 2007
ဘာဆက်လုပ်ကြမလဲ
ကျနော်လည်း ပိုစ့်စတင်ကြည့်မယ်...ရေးသားပုံကတော့ အရေးအသားမတတ်လို့  သည်းခံသာဖတ်ကြပါ....အမျိုးသားညီလာခံဆိုတာကြီးက ဒီတခါနောက်ဆုံးတဲ့ဗျာ...ကဲ..ဘာလုပ်ကြမှာလဲ... ၁၉၉၂ ဧပြီ ၂၁ မှာ နောက်ဆုံး ဗိုလ်သန်းရွှေက အာဏာသိမ်းခဲ့တယ်...ရေးလာလိုက်တာဆိုတာ... အခု အခြေခံဥပဒေအကြောင်းတွေ ဆူညံနေပြီ... အမျိုးသားညီလာခံ..အမျိုးသား ဆိုတဲ့ စကားလုံးဟာ နိုင်ငံသားအားလုံးကို ဆိုလိုပါတယ်... ဒီညီလာခံမှာ လုပ်နေတာတွေ ဘာလုပ်လို့  ဘာတွေဖြစ်နေတယ်ဆိုတာ ကျနော်တို့ လည်း မသိဘူး..ပြည်သူလူထုကြီးလည်းမသိဘူး... ညီလာခံတတ်သူတွေကော သိလားဆိုတော့ မသိဘူး... ဘာကို ညီလာခံကြမှာလဲ.. ဘယ်လိုများ အခြေခံဥပဒေတွေ ရေးဆွဲကြမှာလဲ... အမျိုးသားနေ့ ဆိုတာ သိကြမှာပါ... အဲဒီနေ့ ကို ခေတ်အဆက်ဆက် အာဏာရယူထားသူတိုင်း ကြောက်ကြပါတယ်... ဘာလဲ...ဘာလို့ ကြောက်တာလဲ... အမျိုးသားနေ့ ကို အာဏာပိုင်တိုင်း မဦးစီးကြပါဘူး... ဘာလို့ လည်း... အမျိုးသားနေ့ ဆိုတာ လက်ရှိအာဏာရယူထားသူများကို ဖြုတ်ချတဲ့ သမိုင်းဖြစ်နေလို့ ပဲ...ဒီလိုပဲ အမျိုးသားညီလာခံဆိုတာ ယနေ့ အာဏာရှင်ကို ဖြုတ်ချပစ်နိုင်တဲ့ ကြမ္မာငင်မှုပဲ... အဲဒီတော့ အမျိုးသား ဆိုတိုင်း အမျိုးသားနေ့ မဖြစ်ဘူး... ပြည်သူတွေအားလုံး ပါဝင်ခဲ့လို့  အမျိုးသားနေ့ ဖြစ်တာ... အခုညီလာခံမှာ ပြည်သူတွေကို မပါဝင်နိုင်အောင် သူတို့ ခိုင်းတိုင်းလုပ်သူတွေ သူတို့ ကို အန္တရာယ် မပေးနိုင်သူတွေ ကို ရွေးချယ်လုပ်နေတယ်...ညောင်နှစ်ပင်လို့  ပြောပြီး ဘယ်ချောင်မှာ သွားရေးနေလည်းမသိတဲ့ အခြေခံ ဥပဒေဆိုတာကြီးကို အတည်ပြုတော့မယ်... ဒီဥပဒေကြီး မရှိတာတောင် ထမင်းစားလည်း နိုင်ငံရေးပုဒ်မ..အိမ်သာတတ်ရင်တောင် နိုင်ငံတော်ပုန်ကန်မှု...ဆိုပြီး အဓိပါယ်မရှိတဲ့ အလုပ်တွေလုပ်ပြီး သူတို့ ထုတ်တဲ့ ဥပဒေတွေကို သူတို့ မလိုက်နာခဲ့တာ... နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ... နိုင်ငံတော်အကြီးအကဲဆိုသူ ဦးသန်းရွှေဟာ တပ်မတော်ရဲ့  စည်းကမ်းကို ဖောက်ပြီး သေသည်အထိ ရာထူးက ထွက်မှာမဟုတ်ဘူး... သည်လို စည်းကမ်းမလိုက်နာတဲ့ လူမျိုးက အခြေခံဥပဒေအကြောင်း လိုက်နာမတဲ့လား ... စဉ်းစားကြည့်တော့ဗျာ... ဒါကြောင့်လည်း အစိုးရမီဒီယာတွေမှာ နိုင်ငံတော်အကြီးအကဲရဲ့  လမ်းညွန်ချက်များနဲ့  ဘာတွေလုပ်နေတယ်.. ဘာတွေလုပ်ပြန်ပြီ.. ဟိုစက်ရုံလည်း နိုင်ငံတော် အကြီးအကဲလမ်းညွန်ချက်... တောင်ယာလုပ်တော့လည်း နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွန်ချက်... နောက်ဆုံးကြည့်လိုက်တော့ နိုင်ငံတော် အကြီးအကဲရဲ့  လမ်းညွန်လိုက်တာတွေ အားလုံး သွားတာပဲ...ပလုံ လို့ တောင် မြည်သွားသေးတယ်...ဒီလို အဖက်ဖက်မှာပျက်စီးအောင် စွယ်စုံလမ်းညွန်နိုင်ပြီး..... တပ်မတော်မှာ စည်းကမ်းဖောက်ကာ ပြည်သူကို မငဲ့ညှာသူက ဒီညီလာခံမှာလည်း လမ်းမညွှန်ပဲနေမလား... ဘာညီပြီးလာခံတော့မလဲဗျာ.... ပြီးတော့ စစ်ရေးအတွေ့ အကြုံရှိရမယ်ဆိုပဲ... ဒါဆို ဒီလိုရွေးကောက်ပွဲမှာ လူထုတရပ်လုံးက ပါချင်ရင် စစ်ထဲဝင်ရတော့မယ်ပေါ့...စစ်မှုမထမ်းမနေရ အပေါက်ချိုးတာ...လုံးဝလက်မခံဘူး...ဥပဒေကို လိုက်နာရဲတယ်ဆိုရင်ဖြင့် တပ်မတော်ဥပဒေကို ချိုးဖောက်ထားသူ ဦးသန်းရွှေအား ဥပဒေအရ ဖြုတ်ချပေးပြသင့်ပါတယ်...ဒီညီလာခံက ဘယ်လောက်ကောင်းတဲ့ ဥပဒေတွေ ထွက်လာလာ ဥပဒေ အထက်မှာ အာဏာရှင်တွေရှိနေသရွေ့  ကျနော်တို့ ရဲ့  စားဝတ်နေရေးတွေ ..နောင်လာမယ့် ညီကိုမောင်နှမတွေ ရင်သွေးတွေရဲ့  ကြုံလာနိုင်တဲ့ အန္တရာယ်အခက်ခဲတွေပိုမိုဖြစ်နေမှာပါ... ဒီလိုမျိုး ညီလာခံကိုမှ မတားဆီးခဲ့ရင်တော့ ...ကဲ..ဘာဆက်လုပ်ကြမလဲ...
အပြည့်အစုံ...သို့.....
Monday, June 11, 2007
ထမင်းမစားရသေးဘူး
အခုမှပဲ ဘလော့ဖြစ်တော့တယ်... စီဘောက်ဆိုတာက ကော ဘယ်လိုလုပ်ရအုံးမှာလဲ.... ဒါလုပ်တာတောင် ၄ နာရီလောက် အချိန်ပေးနေရရင် ဘယ်လွယ်မလဲဟ... ပြောပြကြအုံးလေ...
အပြည့်အစုံ...သို့.....