Wednesday, June 27, 2007
သတိထားမှု လေ့ကျင့်ခန်း ၁ (သို့ ) ကွန်ယက်အား ချိုးဖျက်ခြင်း ၁..
ရှေးဦးစွာ မိမိတို့ သည် မှတ်စု စာအုပ်တအုပ်နှင့် ဘောပင် အမြဲဆောင်ထားရပေမည်... မိမိတို့ ၏ အလုပ် သို့ သော်လည်းကောင်း... တနေရာရာသို့  သွားခြင်းဖြင့် လည်းကောင်း... လေ့ကျင့်ရန် တမင်သွးရောက် ခြင်းဖြင့်သော်လည်းကောင်း သွားလာကြပါလိမ့်မည်..ထိုသို့ သွားလာရာတွင် အလွယ်ဆုံးနှင့် အခြေခံ အကျဆုံး လေ့ကျင့်မှုမျိုး ပြုလုပ်နိုင်ပေမည်.. ဤတွင် ဘစ်စကား (သို့ ) ရထားဖြင့် သွားလာကြပါသည်..ထိုလေ့ ကျင့်ခန်းနဲ့  ပက်သက်၍ အပိုအလုပ်ဟု လည်းထင်ကောင်း ထင်နိုင်ပါသညိ..သို့ သော် ဒီလို အလေ့အကျင့် များများလုပ်မှ အလေ့အထ တခုဖြစ်လာပါမည်... ထို့ ကြောင့် လေ့ကျင့်ပုံစံအား ဖော်ပြလိုပါသည်... ခရီးစတင်သွားလာရာမှ စတင်ကာ ဘူတာ (သို့ ) မှတ်တိုင်များကို မလွတ်စေပဲ မှတ်သားရပါမည်.. ဘယ်အချိန် ဘယ်ခရီးသွားသွား မှတ်သားနေရပါမည်.. မှတ်ပြီးသားများကိုလည်း ဖြည်းဖြည်းကျက်မှတ်နေရပါမည်...ထိုနေရာတွငိ ဖြစ်ရပ်မှန်လေးတခု ပြောပြပါမည်...ထိုမှသာ ကျနော်၏ ဆိုလိုရင်းကို သဘောပေါက်နိုင်ပါလိမ့်မည်... တခါက ထောက်လှမ်းရေးများကို စတင်ခဲ့ပြီး လူတော်များ သီးသန့် ရွှေးနိုင်ရန် တပ်မတော် အတွင်းမှ တပ်ကြပ် ၂ရစ် တချို့ ကို ခေါ်စေပါသည်...ထို သူများသည် စာမေးပွဲဖြေဆိုပြီးအောင်မြင်သူ နည်းနည်းသာလျင် စစ်ထောက်သို့ ရောက်ရှိပါသည်... ထိုသို့ ဖြင့် ရောက်ရှိလာသော စစ်ထောက် ၅ ယောက်၏ ကြုံတွေ့ ရပုံလေးများဖြစ်ပါသည်... သူတို့  စစ်ထောကိသို့  ပြေငိးရွှေ့ လာသောနေ့ မှာပင် ဗိုလ်မှူးတဦးနဲ့ သွားရောက်တွေ့ ရပါသည်... နားပင်မနားရသေးပါ...ထိုဗိုလ်မှူးထံသို့ ရောက်ရှိသွားချိန်တွင် ဗိုလ်မှူးသည် အလုပ်ရူပ်လျက်ရှိနေပြီး..ရှေ့ ခုံပေါ်တွငိ ပိုက်ဆံ ၁၀ ကျပ် ခုံပေါ်တင်ထားပါသည်..ဗိုလ်မှူးဆိုသူက ထိုပိုက်ဆံကို တယောက် ၂ ကျပ်စီယူရန်နှင့် ဂိတ်စ ဂိတ်ဆုံး ဘက်စကား သွားစီးကြရန် ပြောပါသည်...ထိုစဉ်က ဂိတ်စ ဂိတ်ဆုံး ၁ ကျပ်ပါ... အသွားအပြန်ဆိုတော့ တယောက် ၂ ကျပ်ပါ... ဒီတော့ အားလုံးကလည်း ရန်ကုန်သား တယောက်မှ မပါ... ဘက်စကားလည်း မစီးဘူး...တောသား မြို့ တတ်တာထက်ဆိုးပါတယ်.. တာဝန်ဆိုတာကြီးက အပိုပါလာလို့ ပါ.. ဒီလိုနဲ့  မေးစမ်းသွားလာပြီး ကားဂိတ်တခုရောက်တော့ တယောက်တစီး စီ စိးကြပါတယ်... ကားတွေကလည်း ရှေ့ ဆင့်နောက်ဆင့် ဆိုသလို ထွက်ကြတာပါ... ဒီလိုနဲ့  စီးကြရင်း မှတ်တိုင် အမည်တွေ စာရွက်မှာ မှတ်ကြတာပေါ့... တခါတလေ မကြားလိုက်ရလို့  ဘေးနားကလူကို မေးရနဲ့  မှတ်ကြပါတယ်..ဒီလိုနဲ့  ပြန်လာကြပါတယ်... ဗိုလ်မှူးဆီကို သွားပြပါတယ်.. ဗိုလ်မှူးက မကြည့်ပါဘူး...ဆွဲဖြဲပစ်လိုက်ပါတယ်...နောက်တခေါက် ပြန်သွားခိုင်းတယ်...ဒီလိုနဲ့  အဲဒီနေ့ က ၃ ခေါက်ပြန်သွားရပါတယ်... ဒီနေရာမှာ စပြောပါ့မယ် ...ဘာကြောင့်ဆိုတာကို ...ထောက်လှမ်းရေးတဦး လုပ်မည့်သူတယောက်ဟာ သူများထက် အမြင်ပိုကျယ်ရပါမယ်... ဒီအတွက် မှတ်တိုင်တွေ မှတ်ခိုင်းလို့  မှတ်တိုင်မှတ်ပြီး ပြန်လာတာ မဖြစ်ရပါဘူး... ဒီမှတ်တိုင်တွေကို မှတ်သားနေရင်း သမရိုးကျထူးခြားဖြစ်စဉ်တွေကို မှတ်သားရပါတယ်... မှတ်သားရာမှာ အင်ပေါ့တန့် ပီတီ လို့ သုံးတဲ့  အချိန်နေရာ မှတ်သားဖို့  အရေးကြီးပါတယ်... စထွက်ချိန် ပထမ မှတ်တိုင်ရောက်ချိန်..ရောက်သွားတဲ့ အခါမှာ ခန့် မှန်းခြေ ဘယ်လောက်ဆငိးတယ်..ဘယ်လောက်တတ်လာတယ်..ဘယ်မှတ်တိုငိက လူများတယ် ဆိုတာတွေပါ အဆငိ့ဆင့် တိုးမှတ်လာရပါတယ်...သမရိုးကျ ထူးခြားချက်များကို လည်းမှတ်ရပါတယ်.. ဘယ်နားမှာ လမ်းဆုံ ရှိနေတယ်.. ဘယ်နားမှာ ထင်ရှားတဲ့ နေရာတွှေရှိနေတယ် ဆိုတာတွေပါ မှတ်သားကြရပါတယ်...ဒီလို မှတ်သားလာပြီး ဗိုလ်မှူးဆီပြန်သွားတဲ့ အခါမှာ ထပ်ဖြဲ ဦးမလို့ ပါပဲ... ဒါပေမယ့် မိုးလဲ ချုပ်နေလို့  မဖြဲတော့ပဲ ပြန်ပြင်ခိုင်းတာပဲ လုပ်ပါတယ်.. ဘာလဲ ဆိုတော့ ထောက်လှမ်းရေး တယောက်ကို သူ့ အထက်ကလူက မေးလိုက်တဲ့ အခါမှာ ကြိုသိနေဖို့ နဲ့  တင်ပြရာတွင်တော့ လိုရင်းကိုပဲ တင်ဖို့  ..တင်ရာတွင်လည်း အစီ၇င်ခံစာ တခုပုံစံ ဖြစ်သည်ထိ ပြန်ရေးကျင့်ရပါတယ်... အချောရေးနိုင်အောင် ဖြဲစုတ်ခံရတဲ့ စာ ၁၀ ကြိမ်ထက်မနည်းပါဘူး... ဒီလို နဲ့ ၁ လ အကြာမှာ ၇န်ကုန်တမြို့ လုံးကို မသိတဲ့ နေရာမရှိလောက်အောင် တောသားများ မြို့ ကိုသိမ်းလိုက်သလို ရန်ကုန်မှာ မွေးပြီး ရန်ကုန်မှာ သေတဲ့ လူတွေထက် ပိုအမြင်ကျယ်သွားပါတယ်... ယနေ့ ထိ ကျနော်တို့  သေသေချာချာ ရေရေရာရာ ကားလိုင်းတွေ ကို မသိပါဘူး... ကိုယ်စီးနေကြတောင် ဂိတ်စ ဂိတ်ဆုံးမစီးမိကြပါဘူး... ဘယ်ကားလိုင်းမှာ ဘာမှတ်တိုငိတွေ ရှိတယ်လို့  ကျနော်တို့  အပြည့်အစုံ မသိကြပါဘူး... ဒါကြောင့်လည်း စစ်ထောက်များ ကွန်ယက်ဖြန့် တော့ ကျနော်တို့ မှာ စစ်ထောက်တွေ မကောင်းဘူး ပြောရုံကလွဲလို့  ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး... သူများမကောင်းမှန်းသိရင် မကောင်းတဲ့  သူထက် တော်အောင် မလုပ်ပဲ လေကုန်ခံခဲ့ကြလို့  နှစ်တွေလည်း ကြာရှည်ခဲ့ပါတယ်.. ကျနော်တို့  နိုင်ငံသားတော်တော်များများမှာ အကျင့်တခု ရှိပါတယ်... ကျနော့်အထင်ပါ... အများနဲ့  စကားတပြောပြောနဲ့  လုပ်ရမယ်ဆိုရင် လာထားပဲ... ၁ ယောက်ထဲ လူမသိ သူမသိ လုပ်ရမယ်ဆိုရင် သွားတာပဲ..ကျနော်က ဗုဒ္ဒဘာသာ ဆိုတော့ ဗုဒ္ဓကို ချီးမွန်းထားတဲ့ အကြောင်းရာလေးပါ...ဆိတ်ကွယ်ရာ အ၇ပ်၌ပင် မကောင်းမှုကို ပြုတော် မမူသော မြတ်စွာဘုရား..တဲ့ ...ကျနော်တို ကျတော့ လူရှေ့ မှာတော့ အင်း အင်း ပဲ..နောက်တော့လဲ ဘယ်သူမှ သိတာမဟုတ်ပါဘူး.. ဆိုတဲ့ စိတ်ကလေးတွေလည်း ဖျောက်ရပါမယ်..ထောက်လှမ်းရေးပညာထဲမှာ အဲဒါနဲ့  ပက်သက်ပြီးလဲပါပါတယ်.. ကျနော်ပြောခဲ့တဲ့ ဘက်စကား စီးမှတ်တယ်ဆိုတာ ထောက်လှမ်းရေး ပညာသင်ဖို့  ရှိသင့်တဲ့ အချက်တွေများစွာထဲကမှ သေးသေးလေး တချက်ပါ... ဖြစ်နိုင်မယ် ဆိုရင် အပန်းမကြီးဘူးဆိုရင် လေ့ကျင့်စေချင်တယ်... ဒါတွေဟာ ကိုယ့်အတွက် လုံခြုံမှုပေးနိုင်တဲ့ အချက်တွေ ဖြစ်လာပါလိမ့်မယ်လို့  တွေးထင်မိပါကြောင်း...
1 comment:
စိတ်ဝင်စားစရာပဲ ကသင့်၊ ဆက်ရေးပါဦး။
စောင့်ကြည့်ရမဲ့ အိမ်မဟုတ်ပဲ မိတ်ဆွေရဲ့အိမ်လာလည်ရင်းတောင် ပစ္စည်းနေရာအပြောင်းအလဲ၊ အထားအသိုအပြောင်းအလဲကိုတောင် သတိထားမိတဲ့ထောက်လှမ်းရေးများ ကြုံဖူးပါရဲ့။
ဒါတောင် အိမ်ကို ခဏခဏလာတာမဟုတ်ဘူးဗျ။
ကလူသစ်
Post a Comment