လာရောက်လည်ပတ်ကြသော မိတ်ဆွေများအား ကြိုဆိုပါတယ်
ဦးသန်းရွှေနဲ့  သူ့ မိသားစုကို လုပ်ကြံကြရမည်..
တိုင်းပြည်ကို ဦးသန်းရွှေနှင့် သူ့ မိသားစု အပိုင်စီးထားသည်..
ဦးသန်းရွှေဟာ သူရဲ့  လုပ်ရပ်တွေ ပိုမိုပီပြင်လာသည့်အပြင် သား သုံးသား စီမံကိန်းသည်လည်း ပေါ်ပေါက်လာပါပြီ.. တပ်မတော်ရဲ့  ဥပဒေကို ချိုးဖောက်ပြီး အသက် ၆၀ ကျော်ပြီး သေခါနီးအထိ တပ်မတော်ကို ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲမပေးသေးခြင်း.. ပြည်သူ့ အာဏာကို ပြည်သူ့ လက်ထဲ မလွှဲပေးခြင်း.. မြန်မာနိုင်ငံသူနိုင်ငံသား အများအပြား ကိုးကွယ်လျှက်ရှိသော ဗုဒ္ဓဘာသာအား အမြစ်ပြတ်ချေမှုန်းခြင်း.. ပြည်သူများနှင့် တပ်မတော်ကြား ညှိနှိုင်းမရအောင် သွေးခွဲရန်တိုက်ပေးနေခြင်း များပြုလုပ်ခဲ့ပြီး ယနေ့  သူ၏ လုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်ရတော့မည့်အချိန်တွင် ကျန်ရှိနေသေးသည့် သက်တမ်းအတွက် အာဏာကိုဖက်ပြီး သေနိုင်ဖို့ အတွက် နောက်ထပ် ဇာတ်လမ်းတပုဒ်ကို ထပ်မံခင်းကျင်းလာနေပြီဖြစ်ပါသည်.. ထို့ ကြောင့် ဥပဒေအရ တရားဝင်စစ်မှန်မှုမရှိသော ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးအဖြေရှာမှုများသည် ကိုယ်ကိုတိုင် ဥပဒေကိုချိုးဖောက်ခြင်းဖြစ်သည်ဟု ယူဆပါသည်.. တပ်မတော်သားများ အနေဖြင့် နိုင်ငံရေးပြဿနာများကို မှားသည် မှန်သည် တွေးနေခြင်းထက် မိမိတို့ ရဲ့  တပ်မတော်၏ ဥပဒေကို ချိုးဖောက်ထားသူ အဖြစ်သေချာမြင်တတ်ပါက တပ်မတော်အပေါ် သစ္စာစောင့်သိခြင်း တပ်မတော်၏ အသက်ဖြစ်သည့် တပ်မတော်ဥပဒေများကို ကာကွယ်ခြင်းမည် ပါလိမ့်မည်...

Wednesday, March 12, 2008

SPDC အား မတရားအသင်း ကြေညာမည်



လူကြီးမင်းများခင်ဗျာ။
ကျွန်တော်တို့ နိုင်ငံ၏ အခြေအနေများကို လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါလိမ့်မည်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တရားဝင်အစိုးရဖြစ်ရမည့် အန်အယ်ဒီပါတီအား အာဏာအပ်နှင်းခြင်းမပြုပဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဆိုသော အဖွဲ့ မှ အာဏာအရပ်ရပ်ကို အကြမ်းဖက် သိမ်းပိုက်ခဲ့သည်မှာ ယနေ့ ထိတိုင်ဖြစ်ပါသည်။ အာဏာကို ပြည်သူ့ လက်သို့  ပြန်လည်မအပ်နှင်းသည့်အပြင် ဒီပဲယင်း နိုင်ငံတော်အကြမ်းဖက်သတ်ဖြတ်မှုများ၊ ဗုဒ္ဓဘာသာကို အမြစ်ပြုတ်ခြေမှုန်းမှုများ အပါအ၀င် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင် များပါမကျန်အောင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့ပါသည်။ ထိုသို့  ကျူးလွန်ရုံမက ပဲ ယခုတဖန် အာဏာအဓွန့် ရှည်ရေးအတွက် မည့်သို့ မျှလက်ခံနိုင်ဖွယ်မရှိသည့် ဥပဒေများကို အတည်ပြုရန် ကြိုးပမ်းလာပါသည်။ မည်သည့်ဥပဒေမှန်း မသိရပဲ၊ ငြင်းပယ်ပိုင်ခွင့်လည်းမရှိပဲ၊ မဲအရေအတွက် ရာခိုင်နှုန်း မည်မျှရမှ နိုင်မည်မသိပဲ မိမိတို့ အာဏာတည်မြဲရေး၊ ကိုယ်ကျိုးရှာ ကောင်းစားရေးကိုသာ ဦးတည်နေသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးတိုးတတ်ရေးကောင်စီ အား မတရားအသင်းကြေညာရုံမှ လွဲ၍ မိမိတို့ ရွေးချယ်ဖို့  လမ်းမရှိတော့ပါသဖြင့် တမ္ဘာလုံးရှိ အဖွဲ့ အစည်းပေါင်းစုံမှ စုပေါင်း၍ နအဖကောင်စီ အား ဆန္ဒခံယူပွဲမတိုင်မှီ မတရားအသင်းကြေညာမည်ဖြစ်ပါသဖြင့် လူကြီးမင်းများ အဖွဲ့ အစည်းမှ လက်ခံနိုင်ပါက အကြောင်းပြန်စာပေးပို့ ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သို့ မှသာလျှင် နအဖ ၏ ဆန္ဒခံယူပွဲအား တုန့် ပြန်နိုင်လိမ့်မည်ဖြစ်ပါသည်။


ဆက်သွယ်ပေးပို့ ရန်
ko.think@gmail.com
moehtetnay@gmail.com
ksngyjpn@gmail.com

2 comments:

Unknown said...

ကိုသင့် ကိုမိုးထက်နေ ksngy တို့ခင်ဗျား
နအဖ ဆန္ဒခံယူပွဲကို တုန့်ပြန်ဖို့ ဒီလိုမျိုး နအဖကို မတရားအသင်းကြေငြာမယ့်နည်းလမ်းကို ထိရောက်မှုရှိတဲ့ နည်းလမ်းလို့ယူဆပြီး အဖွဲ့အစည်းတွေကို အကြောင်းကြားစာ တောင်းခံထားတာ ဖတ်မိလို့ ဒီစာရေးလိုက်တာပါ။

အဖွဲ့အစည်းတွေကို တရားဝင်တိုက်ရိုက်လိပ်မူပြီး စာပို့ပါသလား။ ဒါမှမဟုတ် ဒီဘလော့ပေါ်ကနေပဲ ရေးထားတာ တခုပဲလား။

အဖွဲ့အစည်းဆိုတာ ပြည်ပမှာ နယ်စပ်မှာဖွဲ့ထားတဲ့ အဖွဲ့တွေပဲလား။ ပြည်တွင်းထဲက နိုင်ငံရေးပါတီတွေ တိုင်းရင်းသားအဖွဲ့တွေပါ ပါဝင်ဖို့လိုအပ်ပါသလား။

ထားပါတော့ ဒီဖက်ကအဖွဲ့တွေအားလုံးနီးပါးပါပြီး နအဖကို မတရားသင်းကြေငြာပါပြီတဲ့။ ဘယ်အဖွဲ့အစည်း နိုင်ငံက အက်ရှင်ယူပေးမှာလဲ။ အမေရိကန်ကလား။ ကုလကလား။ တကယ်လို့ဒီနည်းလမ်းတောင်းဆိုလို့ အင်အားကြီးတခုခုက အက်ရှင်ယူမယ်ဆိုတာသေချာရင် အဖွဲ့ပေါင်းစုံ(အပြင်ဖက်က) ပါဝင်ဖို့ကလွယ်မယ် ထင်ပါတယ်။

တကယ်လို့ ဒီနည်းလမ်းက ဖြစ်နိုင်မယ်ဆိုရင် ကိုသင့်တို့ ၃ယောက်တင်မဟုတ်ဘဲ အခိုင်အမာရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းကြီးတွေကို ဒီနည်းလမ်း input လုပ်သင့်ပါတယ်။

လုပ်ကြဗျာ။။ ကိုယ်နိုင်ရာ နိုင်ရာ ၀ိုင်းလုပ်ကြရအောင်။။

လေးစားလျှက်
ရန်သူ

သင့်ကင်း said...

ကိုရန်သူရေ

အမေးတွေ များသလို အဖြေတွေလည်း များမှာမို့  မဖြေတော့ပါဘူး
တခုတော့ရှိတယ်ဗျ ကျုပ်တို့ လူမျိုးတွေရဲ့  ပြဿနာက ရှေ့ က မလုပ်ရဲတာပဲ.
သူများလျှောက်တဲ့လမ်း လမ်းဖြောင့်မှ နောက်က လျှောက်ချင်ကြတာပေါ့ဗျာ
အက်ရှင်ယူမှ လုပ်မယ်ဆိုရင်တော့ ကိုရန်သူရေ ဒီမေးခွန်းကို မမေးနေပါနဲ့ 
ဘယ်သူမှယူမှာ မဟုတ်ပါဘူး.. နအဖ လုပ်သမျှ တရားမ၀င်ကြောင်း ကြေညာတာပါ
တခြားကြေညာချက်တွေထက်သာရင် ပိုမကောင်းဘူးလားလို့ တွေးကြည့်ပါ.
ကျနော်တို့ သုံးယောက်မကပါ နိုင်ငံရေး သမားကြီးများ အဖွဲ့ စည်းကြီးတချို့ ကို
မေးကြည့်ပါသေးတယ်..တိုင်ပင်ကြည့်ပါသေးတယ်ဗျာ.
ဒီကြားထဲက ဒီနာမည်တွေနဲ့ လုပ်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့
ဖြစ်ချင်တာတော့ ကြေညာချက်တွေမထုတ်ပဲ သူ့ ဘာသာဆင်းသွားစေချင်တာပေါ့ဗျာ..
အားလုံးကို သတိပေးတဲ့ သဘောထုတ်တာပါ.. အခုဆို ပြန်လိုက်ပိတ်ခံရတာတွေရှိတယ်ဗျ