လာရောက်လည်ပတ်ကြသော မိတ်ဆွေများအား ကြိုဆိုပါတယ်
ဦးသန်းရွှေနဲ့  သူ့ မိသားစုကို လုပ်ကြံကြရမည်..
တိုင်းပြည်ကို ဦးသန်းရွှေနှင့် သူ့ မိသားစု အပိုင်စီးထားသည်..
ဦးသန်းရွှေဟာ သူရဲ့  လုပ်ရပ်တွေ ပိုမိုပီပြင်လာသည့်အပြင် သား သုံးသား စီမံကိန်းသည်လည်း ပေါ်ပေါက်လာပါပြီ.. တပ်မတော်ရဲ့  ဥပဒေကို ချိုးဖောက်ပြီး အသက် ၆၀ ကျော်ပြီး သေခါနီးအထိ တပ်မတော်ကို ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲမပေးသေးခြင်း.. ပြည်သူ့ အာဏာကို ပြည်သူ့ လက်ထဲ မလွှဲပေးခြင်း.. မြန်မာနိုင်ငံသူနိုင်ငံသား အများအပြား ကိုးကွယ်လျှက်ရှိသော ဗုဒ္ဓဘာသာအား အမြစ်ပြတ်ချေမှုန်းခြင်း.. ပြည်သူများနှင့် တပ်မတော်ကြား ညှိနှိုင်းမရအောင် သွေးခွဲရန်တိုက်ပေးနေခြင်း များပြုလုပ်ခဲ့ပြီး ယနေ့  သူ၏ လုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်ရတော့မည့်အချိန်တွင် ကျန်ရှိနေသေးသည့် သက်တမ်းအတွက် အာဏာကိုဖက်ပြီး သေနိုင်ဖို့ အတွက် နောက်ထပ် ဇာတ်လမ်းတပုဒ်ကို ထပ်မံခင်းကျင်းလာနေပြီဖြစ်ပါသည်.. ထို့ ကြောင့် ဥပဒေအရ တရားဝင်စစ်မှန်မှုမရှိသော ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးအဖြေရှာမှုများသည် ကိုယ်ကိုတိုင် ဥပဒေကိုချိုးဖောက်ခြင်းဖြစ်သည်ဟု ယူဆပါသည်.. တပ်မတော်သားများ အနေဖြင့် နိုင်ငံရေးပြဿနာများကို မှားသည် မှန်သည် တွေးနေခြင်းထက် မိမိတို့ ရဲ့  တပ်မတော်၏ ဥပဒေကို ချိုးဖောက်ထားသူ အဖြစ်သေချာမြင်တတ်ပါက တပ်မတော်အပေါ် သစ္စာစောင့်သိခြင်း တပ်မတော်၏ အသက်ဖြစ်သည့် တပ်မတော်ဥပဒေများကို ကာကွယ်ခြင်းမည် ပါလိမ့်မည်...

Friday, March 14, 2008

အန်အယ်ဒီသို့ 

ယခု အချိန်အခါတွင် အန်အယ်ဒီအနေဖြင့် ပြတ်သားသည့် ဆုံးဖြတ်ချက်ချရန် လိုအပ်နေပါပြီ... ၁/၉၀ အပိုဒ် ၁၂ ကြေညာချက်အရ လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ရေးဆွဲရမည်ဟု သိရှိထားပါတယ်.. မရေးဆွဲရင် အပြစ်ပေးနိုင် မပေးနိုင်တော့ မသိပါ.. အပြစ်ပေးနိုင်ရင်တော့ လွှတ်တော်အမတ်တွေ ထောင်ထဲရောက်အုံးမှာပဲ..အန်အယ်ဒီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားပြသလို အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ အန်အယ်ဒီနဲ့  နအဖ မဟုတ်တာတော့ သတိထားမိဟန်မရှိဘူးထင်ပါတယ်.. ဒီရွေးကောက်ပွဲမှာ အန်အယ်ဒီ ပါဝင်ရခဲ့လို့ ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေပါဝင်ခွင့်ရခဲ့လို့  ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရခဲ့ လို့  ၊ အန်အယ်ဒီ ၁၀၀ ရာခိုင်နှုန်းနဲ့  အပြတ်နိုင်ခဲ့မယ်ဆိုရင်တောင် လက်ခံနိုင်ဖွယ်မရှိတဲ့ ဥပဒေတွေဖြစ်ပါတယ်။ အခြေခံဥပဒေဆိုတာ တိုင်းပြည်ကို အဖက်ဖက်က ကြည့်ပြီးရေးထားတဲ့ ဥပဒေတွေ ဖြစ်ရပါမယ်.. နိုင်ငံရေးအာဏာ တခုထဲကြည့်ပြီး ရေးထားတဲ့ ဥပဒေတွေ မဖြစ်ရပါဘူး.. ယခုအခြေအနေတွေဟာ နိုင်ငံရေးပြဿနာ အဆင့်က ကျော်လွန်လာပြီး စာရိတ္တပိုင်း ပြဿနာတွေ ဖြစ်လာပါပြီ.. လူအများမှာလည်း သူများထက်ပိုကောင်းစားရေးဆိုတဲ့ အမြင်တွေဖြစ်လာသလို ကိုယ်ချမ်းသာရေးနောက်လိုက်နေကြပါပြီ.. အခြေခံဥပဒေမှာသာ နိုင်ငံအုပ်ချုပ်သူတွေ အစိုးရလစာကလွှဲလို့  လာဘ်စားမှုတွေရှိရင် သေဒဏ်ပေးမယ်လို့  စစ်အစိုးရအပါအ၀င် လွှတ်တော်အမတ်များလည်း ထည့်ရဲမယ်မထင်ပါဘူး.. ဒီအချိန်မှာ အန်အယ်ဒီအနေဖြင့် တခုထဲပဲ တောင်းဆိုသင့်ပါတယ်.. အခြေခံဥပဒေကို လွှတ်တော်အမတ်တွေနဲ့  ပြန်လည်ပြင်ဆင်ခွင့်ရရေးပါ.. ဒီအချက်ကိုလိုက်မနာရင် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တခုပဲ ရှိတော့ပါတယ်.. ဒီလိုမှ မဟုတ်ပဲ ဟိုလူမပါလို့  မထောက်ခံတာနဲ့  ဒီပါတီ မပါလို့  မထောက်ခံတာနဲ့ ဆိုရင် ဟိုလူရော ဒီပါတီရော ပါခွင့်ပေးမယ်လို့  နအဖ ထကြေညာလိုက်ရင် ပြည်သူတွေ နေ့ စဉ်ကြုံတွေ့ ခံစားရမယ့် ဒီဥပဒေတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးထောက်ပြပြီး ရွေးကောက်ပွဲ မ၀င်လိုက်ပါနဲ့ လို့  တောင်းဆိုချင်ပါတယ်.. အန်အယ်ဒီရဲ့  ဆုံးဖြတ်ချက်ကို ကျော်လုပ်ဖို ့ ခက်နေသူ ပြည်ပမှာ အများကြီးဖြစ်နေကြလို့ ပါ..


အပြည့်အစုံ...သို့.....

Wednesday, March 12, 2008

SPDC အား မတရားအသင်း ကြေညာမည်



လူကြီးမင်းများခင်ဗျာ။
ကျွန်တော်တို့ နိုင်ငံ၏ အခြေအနေများကို လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါလိမ့်မည်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တရားဝင်အစိုးရဖြစ်ရမည့် အန်အယ်ဒီပါတီအား အာဏာအပ်နှင်းခြင်းမပြုပဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဆိုသော အဖွဲ့ မှ အာဏာအရပ်ရပ်ကို အကြမ်းဖက် သိမ်းပိုက်ခဲ့သည်မှာ ယနေ့ ထိတိုင်ဖြစ်ပါသည်။ အာဏာကို ပြည်သူ့ လက်သို့  ပြန်လည်မအပ်နှင်းသည့်အပြင် ဒီပဲယင်း နိုင်ငံတော်အကြမ်းဖက်သတ်ဖြတ်မှုများ၊ ဗုဒ္ဓဘာသာကို အမြစ်ပြုတ်ခြေမှုန်းမှုများ အပါအ၀င် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင် များပါမကျန်အောင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့ပါသည်။ ထိုသို့  ကျူးလွန်ရုံမက ပဲ ယခုတဖန် အာဏာအဓွန့် ရှည်ရေးအတွက် မည့်သို့ မျှလက်ခံနိုင်ဖွယ်မရှိသည့် ဥပဒေများကို အတည်ပြုရန် ကြိုးပမ်းလာပါသည်။ မည်သည့်ဥပဒေမှန်း မသိရပဲ၊ ငြင်းပယ်ပိုင်ခွင့်လည်းမရှိပဲ၊ မဲအရေအတွက် ရာခိုင်နှုန်း မည်မျှရမှ နိုင်မည်မသိပဲ မိမိတို့ အာဏာတည်မြဲရေး၊ ကိုယ်ကျိုးရှာ ကောင်းစားရေးကိုသာ ဦးတည်နေသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးတိုးတတ်ရေးကောင်စီ အား မတရားအသင်းကြေညာရုံမှ လွဲ၍ မိမိတို့ ရွေးချယ်ဖို့  လမ်းမရှိတော့ပါသဖြင့် တမ္ဘာလုံးရှိ အဖွဲ့ အစည်းပေါင်းစုံမှ စုပေါင်း၍ နအဖကောင်စီ အား ဆန္ဒခံယူပွဲမတိုင်မှီ မတရားအသင်းကြေညာမည်ဖြစ်ပါသဖြင့် လူကြီးမင်းများ အဖွဲ့ အစည်းမှ လက်ခံနိုင်ပါက အကြောင်းပြန်စာပေးပို့ ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သို့ မှသာလျှင် နအဖ ၏ ဆန္ဒခံယူပွဲအား တုန့် ပြန်နိုင်လိမ့်မည်ဖြစ်ပါသည်။


ဆက်သွယ်ပေးပို့ ရန်
ko.think@gmail.com
moehtetnay@gmail.com
ksngyjpn@gmail.com


အပြည့်အစုံ...သို့.....